ဂဠုန်နီ (တစ်) + (နှစ်)

Maung Maung

ဂဠုန်နီ………(တစ်)
၁၉၈၇ ခုနှစ်ထဲမှာ
၇၅ကျပ်တန်/၃၅ကျပ်တန်/၂၅ကျပ် တန်/၁၅ကျပ်တန် ငွေစက္ကူတွေကို
နေ၀င်း စစ်အစိုးရက တရားမ၀င်
ကြော်ငြာပြီး ဖျက်သိမ်းခဲ့တယ်-သူ့အရင် မရှေးမနှောင်းလေးကတင်
၁၀၀ကျပ်တန်နဲ့ ၅၀ကျပ်တန်တွေ
ကို တရားမ၀င်ဘူးလို့ ဖျက်သိမ်းခဲ့
သေးတယ်-

G6လူထုအထွေထွေ ဒုက္ခတွေရောက်
ခဲ့ကြရတယ်-

၇၅ကျပ်တန်ကိစ္စမှာတော့
လူထု အုံကြွမှုတွေဖြစ်လာခဲ့တယ်-

ပါတီ-ကောင်စီ-ရဲ-စစ်တပ်တွေနဲ့
မကျေနပ်သူလူထုနဲ့ ထိပ်တိုက်တွေ့
ကြပြီး-

ပြည်သူဘက်က ပါတီ/ကောင်စီ နဲ့
အစိုးရ ဌာနဆိုင်ရာအဆောက်အဦး
တွေကို ဖျက်ဆီးတာတွေဖြစ်ခဲ့တယ်

စစ်အစိုးရကလဲ
ဆန္ဒပြပြည်သူတွေကို
လက်နက်မျိုးစုံသုံးပြီး
အင်အားနဲ့ ဖြိုခွဲပြစ်ခတ် နှိမ်နင်းခဲ့
ကြတယ်-

ကျွန်တော် အမှတ်မမှားဘူးဆိုရင်
ရန်ကုန်မှာ စစ်အစိုးရလက်ချက်
ကြောင့် လမ်းပေါ်မှာ လူတွေအများ ကြီးသေခဲ့ကြတဲ့အပြင်-

ရက်ရက်စက်စက် ရိုက်နှက်ဖမ်းဆီး ပြီး စည်ပင်သာယာအသားတင်ကား ထဲမှာထည့်ထားတဲ့လူပေါင်းများစွာ
(၄၂ယောက်ဖြစ်မယ်ထင်တယ်)
သေဆုံးခဲ့ရတယ်-

ဒီ့အတွက် နေ၀င်းက ပြည်သူကို
ချွေးသိပ်တဲ့အနေနဲ့
ဝန်ကြီးချုပ်မောင်မောင်ခ နဲ့
ပြည်ထဲရေးဝန်ကြီး မင်းဂေါင် တို့ကို
အထိဂရုဏ်းနှိမ်နင်းရေးအတွေ့
အကြုံမရှိလို့ဖြစ်ရပါတယ်ဆိုပြီး
ရာထူးက အေးအေးဆေးဆေး
အနားပေးခဲ့တယ်-

ကာလရှည်ကြာစွာ
ကြောက်ရွံ့ စွာနေလာတဲ့ ကျောင်းသားပြည်သူသံဃာတွေ
နိုးထလာကြတယ်-

အမျိုးသားရေးအမြင်တူသူတွေ
တူရာတူရာစုဖွဲ့ပြီး
အစိုးရ ဆန့်ကျင်ရေးလုပ်ငန်းတွေ
လုပ်ကိုင်ကြဖို့ စီစဉ်လာကြတယ်-

စစ်အစိုးရကလဲ
ဘာသာရေးပဋိပက္ခတွေကို
နေရာအနှံမှာ ဖန်တီး တုန်ပြန်လာတယ်-

စစ်အစိုးရလက်ပါးစေ
ဘုန်းကြီးတွေကို
အသုံးချခဲ့တယ်-

ပြည်မှာ ဘာသာရေးအရ
အစ္စလာမ်ဘာသာဝင်တွေ
အတိုက်အခိုက်ခံခဲ့ရတယ်
အိမ်တွေကို လုယက်ဖျက်ဆီး
မီးရှို့ခဲ့ကြတယ်-
ဗလီတွေလဲ ဖျက်ဆီးမီးရှို့ခံခဲ့ရတယ်

ပြည်က ပြသနာကိုပြန့်ပွားသွား အောင် ကြိုးစားခဲ့တာ-

မြေထဲ-အောင်လံဘက်ကို
ရောက်ခဲ့တယ်-

တောင်ကြီးမြို့ကို ကူးစက်သွားခဲ့
ပြီး-

တောင်ကြီးမှာ အစ္စလာမ်ဘာသာ ရေးစာသင်ကျောင်းက ဆရာတွေ ကျောင်းသားတွေ မြောက်များစွာ
အသတ်ခံခဲ့ရတယ်-

တောင်တွင်းကြီးမှာလဲ အစ္စလာမ် ဘာသာဝင်တွေ အတိုက်အခိုက်ခံ
ခဲ့ကြရတယ်-

တောင်ကြီးမှာ ဗုဒ္ဓဘာသာဝင်တွေ
ကို ထိမ်းသိမ်းစောင့်ရှောက်ရင်း
အစ္စလာမ်တွေကို ဘာမှပြန်မလုပ်နိုင်အောင်
ထိန်းသိမ်းကျပ်မတ်ပေးနေတဲ့
ရဲမှူးကြီးစိန်ထွန်း
သူ့ဗုဒ္ဓဘာသာဝင်တွေပြစ်လိုက်တဲ့
စက်ဘီးကုန်းသီး မျက်စေ့ထဲဝင်
သွားပြီး သေသွားခဲ့တယ်-

အဲ့ဒီအချိန်မှာ မြန်မာနိုင်ငံထဲက
အစ္စလာမ်ဘာသာဝင်တွေဟာ
ပူဆွေးဝမ်းနည်း သောကရောက်
ပြီး-ဘယ်နေ့ ကိုယ်အိမ်ရှေ့ပြသနာ
ရောက်လာမလဲဆိုတာ စိုးရိမ်ထိတ်လန့်နေကြရတယ်-

ဒီအချိန်မှာ အမှန်တကယ် အလှူခံ တဲ့ဘုန်းကြီးတွေရော-အကြံအဖန်
လုပ်ငွေရှာတဲ့ဘုန်းကြီးတွေရော-
ပြသနာလိုက်ရှာတဲ့ဘုန်းကြီးတွေ
ရော မိုးဦးကျ မှိုပေါက်သလို
အလျှိုအလျှိုပေါ်လာကြတယ်-

တချို့က တပိုင်တနိုင်နဲ့ တကိုယ်ရေ
တကာရ အေးဓမြလည်တိုက်တာ လောက်လုပ်ကြပေမဲ့-

ငွေစက္ကူအရေးအခင်းမတိုင်မှီလေး
တင်မှ ဖဲမှုနဲ့ ထောင်ခြောက်လကျရာက
လွတ်လာတဲ့
ဘုရားကြီး က္ကုသိန္တာရုံဘုရား
(အရှေ့၄၅တာအရှေ့ဖက်က)
ဝိုင်းထဲက တဲစုတ်လေးထဲမှာ
ကျောင်းထိုင်တဲ့ ဦးကာဝိယ ကတော့-ထောင်ထဲမှာ ခင်ညွန့် ထောက်လှမ်းရေးတွေသင်ပေး
လိုက်တဲ့အကြံအတိုင်း-
အစ္စလာမ်ဆန့်ကျင်ရေးလုပ်ဖို့
ဂဠုန်နီတပ်အဖွဲ့ဆိုပြီး ဖွဲ့စည်းခဲ့ပါ တယ်-

တပ်ဖွဲ့ တံဆိပ်(ဂဠုန်ငှက်ပုံ)နဲ့
တပ်ဖွဲ့ဝင်လက်ပတ်-တပ်ဖွဲ့ဝင် အသိအမှတ်ပြု ကဒ်ပြားတွေ
တံဆိပ်တုန်းတွေနဲ့ စနစ်တကျကို
ဖွဲ့စည်းခဲ့တာပါ။

(ဆက်ပါဦးမည်)

မောင်မောင်
ရွှေကရ၀ိက်
၂၁-၂-၂၀၁၄

ဂဠုန်နီ………….(နှစ်)ဂဠုန်နီ…..(တစ်) အစပိုင်းမှာငွေစက္ကူကိစ္စဖြစ်တာကို
၁၉၉၈လို့ မှားရေးမိပါတယ်-
ငွေစက္ကူကိစ္စဖြစ်တာက ၁၉၈၇ခုနှစ် ကပါ။(အမှားကို ထောက်ပြခဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်)

အပိုင်း(တစ်) မှာတင်ပြထားခဲ့သလို
ငွေစက္ကူကိစ္စဖြစ် ပြည်သူတွေ နစ်နာ
ဆုံးရှုံးမှုတွေကြောင့်အုံကြွကန့်ကွက် မှုတွေတပြည်လုံးဖြစ်-

အစိုးရက ပြင်းပြင်းထန်ထန် ရက်ရက်စက်စက်ခြေမှူန်းနေတော့
လူထု လူတန်းစား အလွှာအသီးသီး ကစိတ်တူကိုယ်တူသူတွေစုဖွဲ့မိကြ
ပြီး တော်လှန်ရေးတရပ် ဆင်နွှဲဖြစ်ဖို့
အစပျိုးလာကြပါတယ်-

ဒီလိုအခြေအနေမှာနေ၀င်းအစိုးရ က ယုတ်မာပက်စက်စွာနဲ့ ဘာသာရေးအထိကရုဏ်းတွေ
ဖန်တီးပြီး ပြည်သူလူထုအားကို
ဖြိုခွဲလာခဲ့ပါတယ်-

ပြည်-မြေထဲ-တောင်တွင်းကြီး
တောင်ကြီးတွေမှာ နေ၀င်းရဲ့လက်ပါးစေ
ထောက်လှမ်းရေးခင်ညွန့် လက်သပ်မွေးထားတဲ့ သံဃာတွေ
ရဲ့ဦးဆောင်မှုနဲ့ အစ္စလာမ်ဘာသာ ၀င်တွေကို အကြမ်းဖက်တိုက်ခိုက်
လုယက်မီးရှို့ သတ်ဖြတ်ခဲ့ကြတယ်

ဒီအအြေနေမှာ
တနိုင်ငံလုံးက အစ္စလာမ်ဘာသာဝင်တွေဟာ
အထိကရုဏ်းမီး
မိမိတို့မြို့ကိုကူးဆက်လာလိမ့်
မလားဆိုပြီး ထိပ်လန့်နေကြတာပေါ့-

ကျွန်တော်တို့ မန္တလေးသားတွေလဲ
ရင်တထိပ်ထိပ်နဲ့ ဖြစ်နေတာပေါ့-

မန္တလေးက သံဃာအင်အား
တောင့်တယ် မဟုတ်လား-

ဒီအချိန်မှာ ဒီလို ပြသနာကို ကိုယ့်မြို့ကိုယ်ရွာမှာ မဖြစ်ပွားရ အောင်ထိန်းသိမ်းထားတဲ့ သံဃာတွေရှိသလို-

တောမီးလောင် တောကြောင်လက်ခမောင်းခတ်
ဆိုတာမျိုးလို
ပေါ်ပင်လိုက် နောက်လိုက်စု
ငွေရှာ နာမည်ကြီးချင်တဲ့သူတွေလဲ ပေါ်ထွက်လာပါတယ်-

မန္တလေးမြို့ပေါ်က
မွတ်စလင်တွေရဲ့ အိမ်တွေဆိုင်တွေမှာ သံဃာတွေ
အရောက်အပေါက်များ
ပြသနာလုပ်တာတွေ တိုးပွားလာ
ပါတယ်-

တိုင်းပြည်အခြေအနေ ရောင်တော်ပြန်နဲ့ရောလွှတ်ပြီး
ဝတ္ထု ဆေးဝါး ငွေကြေး စာအုပ်ဖိုး
တွေကို တဦးခြင်းရော အစုအဖွဲ့ နဲ့ရော မွတ်စလင်တွေဆီသွားပြီး
ခြိမ်းခြောက်တဲ့ပုံစံမျိုးတွေနဲ့
“အလှူခံ” တယ်ဆိုတာတွေ တွေ့
လာရတယ်-

ကျွန်တော်က လဘက်ရည်ဆိုင် ဖွင့်တာဆိုတော့ ဒီသတင်းတွေက
နေ့စဉ်နဲ့အမျှ ကြားသိနေရတာတွေ
ပါ-

ဒီကာလမှာပဲ
မန္တလေးမြို့ပေါ်က မွတ်စလင်ပိုင် လျှပ်စစ်ပစ္စည်းဆိုင်တစ်ဆိုင်
ကုန်မာဆိုင်တဆိုင်နဲ့ လူနေအိမ်တအိမ်ကို သံဃာငယ်
ငါးပါးအုပ်စုလိုက်ဝင်ပြီးပြသနာရှာတာကို ကြုံရပါတယ်-

သူတို့ “အလှူခံ” တာကပုံစံတမျိုး-

“ငါတို့ ပြည်ကလာခဲ့တာ-တောင် ကြီးသွားမလို့-တောင်ကြီးက လူပါး
ဝနေတဲ့ကုလားတွေ သွားသတ် မလို့ လမ်းစရိတ် သုံးသောင်း လှူစမ်း” တဲ့ဗျ-

ကုန်မာဆိုင်ပိုင်ရှင်မွတ်စလင်က
ကြောက်ကြောက်လန့်လန့်နဲ့
တောင်းပန်ပြီး ငွေနှစ်သောင်းချပေး
လိုက်တယ်-

လျှပ်စစ်ပစ္စည်းဆိုင်ကိုရောက်တော့
သူတို့က ငွေကို ချက်ချင်းမတောင်း
ဘူး-“မနက်ဖန်မနက် ၁၀နာရီမှာ
ငွေလာယူမယ်-အဆင်သင့်လုပ် ထားပါ” တဲ့-

စူရတီလူမျိုး မွတ်စလင်ရဲ့အိမ်မှာလဲ
ဒီပုံစံပဲပြောပြီး “အလှူခံ”ကြတယ်-

အဲ့ဒီအချိန် အဲ့ဒီအိမ်မှာရောက်နေတဲ့ ဧည့်သည် ဗုဒ္ဓဘာသာအမျိုးသား
တယောက်က မနေနိုင်လို့
“ဟာ-ဦးဇင်းတို့-ဒါအလှူခံတဲ့ပုံစံမှ
မဟုတ်တာ” လို့ပြောမိလို့ သံဃာငယ်က “မင်းနဲ့ဘာဆိုင်လို့လဲ” ဆိုပြီး
ပါးတောင်တချက်ရိုက်လွှတ်လိုက်
သေးတယ်-

“မနက်ဖန်မနက် ၁၀နာရီ ပိုက်ဆံ
လာယူမယ်-ကြိုက်တဲ့ကောင် ခေါ် ထားလိုက်-မိုက်တဲ့ကောင်ခေါ်ထား
လိုက်” လို့ပြောပြီး သံဃာလေးတွေ
ပြန်သွားကြတယ်-

ဒီအဖြစ်အပျက်အားလုံးအတွက်
ကျွန်တော်တို့ခေါင်းခဲကုန်ကြတယ်
ဘာလုပ်ကြမလဲ-

၁၉၈၇ခုနှစ်က ငွေ၃သောင်းဆိုတာ
နဲတဲ့ပိုက်ဆံမဟုတ်ဘူး-
ရွှေ ၅ကျပ်သား အေးအေးဆေးဆေးရလောက်
တယ်-

နောက်-အခုပုံစံက ငွေလိုချင်တာ
သက်သက်မဟုတ်တော့ဘူး
ပြသနာလာရှာတဲ့ပုံစံဖြစ်နေတယ်

ဒါနဲ့ ကျွန်တော် အမှတ်၅ရဲစခန်းက
စခန်းမှူး ရဲအုပ်ကြီး ဦးထွန်းလွင်နဲ့
သွားတွေ့ပြီး ဘာလုပ်သင့်လဲ တိုင်ပင်လိုက်တော့-

ဘုန်းကြီးနဲ့ပတ်သက်တဲ့ကိစ္စကို
အထက်ကအမိန့်မပါပဲ သူမလုပ်ချင် ဘူးလို့ပြောပါတယ်-

ဒါနဲ့ အလွန်ရင်းနီးပြီး ကျွန်တော့်ရဲ့
မိဘသဖွယ်ဖြစ်နေတဲ့ မြို့နယ်ရဲတပ် ဖွဲ့မှူး ဦးခင်ကြွေလှ ကိုသွားတိုင်ပင်
ပါတယ်-

မြို့နယ်မှူးက အကြောင်းစုံကိုသေ
သေချာချာမေးပြီး “မင်းတို့ ဘာမှ
မလုပ်နဲ့ -ငွေတောင်းတာပေးလိုက်
ငါနယ်ထိန်းနဲ့ သူတို့နောက်လိုက်ခိုင်းမယ်- ဘယ် ကျောင်းတိုက်ကလဲသိရရင် -ငါ့ဖာ သာငါ-မဟန လျှောက်ပြီးရှင်းပေး
မယ်-အရေးယူပေးမယ်” တဲ့-

ကျွန်တော့်ရှေ့တင်ပဲ အမှတ်၅ရဲစခန်းက နယ်ထိန်းတာဝန်ခံ အရာခံကြီးထင် တယ်-ကိုထွန်းဖေကိုခေါ်ပြီး ငွေလာယူတဲ့ သံဃာတွေရဲ့နောက် ကို လိုက်ဖို့ တာဝန်ပေးလိုက်တယ်-

နောက်တနေ့ အေးအေးဆေးဆေး ပဲ သံဃာတွေလာတယ်-
ငွေယူသွားတယ်-
ကိုထွန်းဖေတို့လိုက်သွားတယ်-

ကျွန်တော်တို့ကတော့ သတင်းထိုင်စောင့်နေတာပေါ့-
ညနေစောင်းတဲ့အထိ စာမလာသတင်းမကြားဆိုတော့

မြို့နယ်မှူးအိမ်လိုက်သွားပြီး
သတင်းမေးလိုက်တယ်-

မြို့နယ်မှူးအိမ်ရောက်တော့
မြို့နယ်မှူးဒေါသူပုန်ထနေတာ
တွေ့ရတယ်-
ပြသနာသံဃာတွေနောက်ကို
နယ်ထိန်းတဖွဲ့လုံးထည့်ပေးလိုက်တာကို-ဘုရားကြီးမှာ မျက်ချည် ပြတ်သွားလို့ဒေါသဖြစ်နေတာ-

ဒါနဲ့
ကျွန်တော် နယ်ထိန်းအဖွဲ့ကို
လိုက်ရှာလိုက်တော့ ၂၂လမ်းနဲ့ ၈၄လမ်းဒေါင့်က စမ်းသီတာ စားသောက်ဆိုင်မှာ သွားတွေ့တယ်-

ရခိုင်လူမျိုး
စိတ်ရင်းသဘောထားအလွန် ကောင်းတဲ့ ကိုထွန်းဖေကို
ကျွန်တော်က ခင်မင်ရင်းနှီးမှုအရ
” နယ်ထိန်းလုပ်နေပြီး ဒီသံဃာလေးတွေကိုတောင်မှီ
အောင်မလိုက်နိုင်ဘူး-ညံ့ပါဗျာ”
လို့ပြောလိုက်တော့-

ကိုထွန်းဖေက ” ခင်ဗျားကို မြို့နယ် မှူးပြောလိုက်တာမဟုတ်လား-
ကျွန်တော်-အဆဲခံ အဆူခံပြီး
အဲ့ဒီအတိုင်းအဖိုးကြီးကိုပြောခဲ့တာ
အဖိုးကြီးက စွတ်လုပ်ရင်ပြသနာ
တက်မှာစိုးလို့……….ဘာဖြစ်လို့ မလိုက်နိုင်ရမှာလဲ-လိုက်နိုင်တာ ပေါ့ -ခင်ဗျားဘုန်းကြီးလေးတွေက
တကယ့်မြွေတွေ- မီးခဲကျောင်းတိုက်ထဲ ၀င်သွားလို့
ကျွန်တော်တို့ အသာလေးလစ်လာခဲ့တာ” တဲ့-

ဒါနဲ့ ကျွန်တော်က ဘယ်ကျောင်းတိုက်လဲလို့မေး လိုက်တော့

“အမ်အိုင် ကျောင်းတိုက်
အမ်အိုင်ကကောင်တွေအမြဲထိုင်
တဲ့ကျောင်းတိုက်-က္ကုသိန္နာရုံထဲက
ငွေငါးကျောင်းတိုက်” တဲ့-

ဒီတော့ ကျွန်တော်တို့ ဘာလုပ်ကြ မလဲ-ဒီဘုန်းကြီးကျောင်းက ဘာတွေလုပ်နေလဲ စုံစမ်းလိုက်တော့-

ငွေငါးကျောင်းတိုက်ဆရာတော်ဟာ
ဂဠုန်နီတပ်အဖွဲ့ ဆိုပြီး အဖွဲ့တဖွဲ့
ဖွဲ့နေတယ်- ၀င်ကြေးပေးရတယ်
အဖွဲ့ဝင်ကဒ်တွေ လက်ပတ်တွေ
နဖူးစည်းတွေ ထုတ်ပေးနေတယ်
ဘာရည်ရွယ်ချက်နဲ့ ဖွဲ့တယ်ဆိုတာ
မသိရသေးပေမဲ့ မဟုတ်တာတခုခု
လုပ်မယ်ဆိုတာသိတယ်-

ဒါနဲ့-ကျွန်တော်တို့ မွတ်စလင်လူငယ်တွေတိုင်ပင်ကြ
တယ်-ဒီကိစ္စကိုဘယ်လို ကိုင်တွယ်
ကြမလဲဆိုတာကို-

ကျွန်တော်တို့အထဲက လူငယ်ခေါင်းဆောင် ကိုတင်ဝင်း (ယခု-ဂျပန်ရောက်) ရဲ့ အကြံအစည်နဲ့ ကျွန်တော်တို့
ဂဠုန်နီကို ၀င်ပူးလိုက်ကြတယ်-
ကျွန်တော်ရယ်-ကိုတင်ဝင်းရယ်-
ကိုတင့်ဆွေရယ်-ကိုခင်မောင်ဝင်း(ဓူဝံ)ရယ်-
ဂဠုန်နီအဖွဲ့ရဲ့မွတ်စလင်မြို့နယ်
တာဝန်ခံတွေဖြစ်လာတယ်-
လူသစ်တွေအများကြီးစုဆောင်း
ပေးခဲ့နိုင်တယ်-

စင်္ကြာနွယ်စဉ်အမြောက်တန်းနဲ့
ဃရာနာအဖွဲ့ဝင် မွတ်စလင်တွေက
ဂဠုန်နီအဖွဲ့ထဲမှာ အင်အားအများ စုဖြစ်လာတယ်-

ဘုရားကြီး အရှေ့၄၅တာကွင်းအနီး
က္ကုသိန္တာရုံ ဘုရားမှာလုပ်တဲ့
ဂဠုန်နီဆရာတော် ဦးကာဝိယရဲ့
ပထမဦးဆုံးတရားပွဲဟာ-
ပရိသတ်ရဲ့ ၇၅%သောမွတ်စလင်
အင်အားကြောင့် မူလရည်ရွက်ချက်ဖြစ်တဲ့
ကုလားဆန့်ကျင်ရေးပွဲကနေ
အစိုးရဆန့်ကျင်ရေးပွဲဖြစ်သွားခဲ့
ပါတယ်-

မောင်မောင်
ရွှေကရ၀ိက်
၂၂-၂-၂၀၁၄

2 Responses to “ဂဠုန်နီ (တစ်) + (နှစ်)”

  1. drkokogyi Says:

    I heard that ဂဠုန်နီ ဗိုလ်ကာ was a convicted criminal of illegal poker and betting, released during the 8888. He first started ဂဠုန်နီ with the aim of Anti-Muslim activities but because of that information Mg Mg received from insiders…many Muslims joined ဂဠုန်နီ…and its course or target changed to Ant-Gov…
    ဂဠုန်နီ ဗိုလ်ကာ even KILLED one ?MI monk who was sleeping with other people’s wife. Husband was released from prison and asked his wife from the monk. ဂဠုန်နီ ဗိုလ်ကာ at first tried to control the commotion but when that Mayar Khoe, came out shooting with a pistol…ဂဠုန်နီ ဗိုလ်ကာ and group assaulted and slashed with knives…effectively cutting the head off. So ဂဠုန်နီ ဗိုလ်ကာ is a monk killer, although that monk was sleeping with other people’s wife and started to shoot with pistol.
    ဂဠုန်နီကို ကျွေးမွေးစောင့်ရှောက်ခဲ့တဲ ရိုဟင်ဂျာ Yes at the Chinese border. But he followed the MI agent’s bluff to follow to their town in China to collect donation. Arrested and sent back to Burma. He was stupid to ignore his saviour ရိုဟင်ဂျာ oldman.
    ဂဠုန်နီ ဗိုလ်ကာ went aroud Muslim shops in Mdy…to demand ransom money during the early part of 8888….He keep on demanding Mg Mg to donate a car like Mdy Muslims had donated to his boss monk….Mg Mg had to arrange the Neik Ban Zaw car many times with full petrol for his touring to other parts of the country.

  2. drkokogyi Says:

    ကောသလမင်းကြီးရဲ့ အိပ်မက် အမှတ် ၁၆ >>> ဆိုးယုတ်ညစ်ညမ်းသော့သွမ်းသော အလဇ္ဇီရဟန်းတို့ သည်လည်း သီလ၌ ချစ်မြတ်နိုးကြကုန်သော လဇ္ဇီသူမွန် ရဟန်းကောင်း ရဟန်းမြတ်တို့အား အလိုရှိတိုင်း နှိပ်စက် ညှင်းပန်းကြပေလိမ့်မည်။ ထိုအခါ သီလ၌ ချစ်မြတ်နိုးကြကုန်သော လဇ္ဇီရဟန်းကောင်း ရဟန်းမြတ်တို့သည် အဆိုးဒဏ် မခံနိုင်သည့်အဆုံး ၎င်းတို့နှင့် ဝေးရာသို့ ကြွမြန်းလျက် ပုန်းအောင်းနေကြရအံ့။ ဤသို့လျှင် အမျိုးမြတ်သူ၊ ဇာတိဂုဏ်တို့နှင့် ပြည့်စုံကြသော သူတို့သည်လည်းကောင်း၊ အကျင့်သီလစရိတ္တနှင့် ပြည့်စုံကြသော ရဟန်းကောင်း ရဟန်းမြတ်တို့သည် လည်းကောင်း၊ ပမာအားဖြင့် ဆိတ်တို့၏ ဘေးရန်မှ စိုးထိတ်ကာ ပြေးအောင်းပုန်းခိုရသည့် ခြင်္သေ့ ကျားသစ်တို့ပမာ ဖြစ်ရပေလိမ့်မည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: