ဒီမိုငပိန်းတွေကို ငပိန်းကွက်နဲ့ နှစ်ရက်ပဲ လှည့်ရတယ်။ ၀ှိုက်ကဒ်…၀ှိုက်ကဒ်… ဖြစ်သွားပြီ
ပြကြပါ။ ပြကြပါ။
ကျောင်းသားတွေ၊ ပညာရေး ဥပဒေ၊ ၄ ပွင့်ဆိုင် အားလုံးကို ချုပ်ငြိမ်းစေမယ့် ၀ှိုက်ကဒ်ကို အချိန်အခါသင့် ဖောက်ခွဲလိုက်တဲ့ အဘတွေရဲ့ ကကွက်ထဲမှာ ဆက်လက် စီးမျောကြတာပေါ့ဗျာ။
ခဲကိုပဲ ကြည့်ကြတုန်း။ ခဲပစ်တဲ့ လက်ပိုင်ရှင်က ပြုံးနေတုန်း။
ဒါကြောင့်လည်း မြန်မာဟာ ဒီလိုမြန်မာ ဖြစ်နေရဆဲ….
ပြည်သူကို စွမ်းအားရှင်အမည်ခံ ပြည်သူနဲ့ ပြန်တိုက်တယ်။ ပြည်သူ ရှုံးတယ်။
သဘာဝဓာတ်ငွေ့၊ ရေနံပိုက်လိုင်းကို အဓိကရုဏ်းနဲ့ ပြန်တိုက်တယ်။
NLD ခွပ်ဒေါင်းကို ကို မွတ်ဒေါင်းအမည်တပ်တိုက်တယ်။
သံဃာကို သံဃာနဲ့ ပြန်တိုက်တယ်။
ကျောင်းသားသမဂ္ဂကို ကျောင်းသားယူနီယံနဲ့ပြန်တိုက်တယ်။
အခု တစ်နိုင်ငံလုံးစိတ်ဝင်စားနေတဲ့ ၄ ပွင့်ဆိုင် ပညာရေးစတာတွေကို ၀ှိုက်ကဒ်နဲ့ စတိုက်ကြပြီ။
ခင်ဗျားတို့အားလုံး သေချာတယ်… ၀ှိုက်ကဒ်ထဲမှာ မျောပါကြဦးမယ်။ နှစ်ရက်ပဲ လှည့်ရတယ်။ ပွဲပြီးသွားပြီ။ တားဂက်ပြောင်းသွားပြီ။
သာမန်အကွက်ပါပဲ။ ခဲနောက်ကိုပဲ လိုက်ကြပေါ့… ကြွေးကြော်သံကိုကြည့်… ၀ှိုက်ကဒ်ကို ခွင့်ပြုတဲ့ အဓိက တာဝန်အရှိဆုံး ကြံ့ခိုင်ရေးနဲ့ သမ္မတဦးသိန်းစိန်အမည် တစ်လုံးမှ မပါဘူး… မြင်အောင်သာ ပြူးကြည့်ကြ။
ဒီမိုငပိန်းတွေကို ငပိန်းကွက်နဲ့ နှစ်ရက်ပဲ လှည့်ရတယ်။ ၀ှိုက်ကဒ်…၀ှိုက်ကဒ်… ဖြစ်သွားပြီ။ ကိုပါကြီး..ဒေါ်ခင်ဝင်း၊ လက်ပန်တောင်း၊ သန္တိသုခ၊ လယ်တီသိမ် အကုန်ပျောက်….
ဒီလို ဒီမိုတွေဟာ ဒီလို ဖင်ကို ရဲရဲချတဲ့ အစိုးရနဲ့ပဲ ထိုက်တန်တယ်။ ဖင်ချခံရတာများတော့ ဖင်ချလို့ ဖင်ချမှန်းတောင် မသိကြတော့ဘူး။
ဝှိုက်ကဒ်နဲ့ မဲပေးခွင့်ကို ဘယ်သူမှ တဂျီဂျီ မတောင်းဘဲ ((ဒီအချိန်မှာမှ)) ဘာကြောင့် ဦးသိန်းစိန်ခွင့်ပြုခဲ့သလဲ… အဖြေက အဲဒီမှာပဲ။
One Response to “ဒီမိုငပိန်းတွေကို ငပိန်းကွက်နဲ့ နှစ်ရက်ပဲ လှည့်ရတယ်။ ၀ှိုက်ကဒ်…၀ှိုက်ကဒ်… ဖြစ်သွားပြီ”
  1. drkokogyi Says:
    Dr. Maung Zarni
    Yone Taung Pyae, Hkwe Myauk Leik – a Burmese proverb
    (The rabbit has run South, but the hound is running North to catch his prey!)
    “အခု တစ်နိုင်ငံလုံးစိတ်ဝင်စားနေတဲ့ ၄ ပွင့်ဆိုင် ပညာရေးစတာတွေကို ၀ှိုက်ကဒ်နဲ့ စတိုက်ကြပြီ။
Leave a comment