Facebook ဟာ မြန်မာတွေအတွက် ပဋိပက္ခဖန်တီးတဲ့ လှုံ့ဆော်ရာ ပင်မတစ်ခုလား

Facebook ဟာ မြန်မာတွေအတွက် ပဋိပက္ခဖန်တီးတဲ့ လှုံ့ဆော်ရာ ပင်မတစ်ခုလား

Published on Jun 7, 2015

နိုင်ငံရေးပဋိပက္ခမှာ အမြင့်ဆုံးဖြစ်တဲ့ စစ်ပွဲတွေဟာ အချက်အလက်တွေအရ ၂ဝ၁၅မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်လို့ ပဋိပက္ခအကဲဆတ်သော မီဒီယာစောင့်ကြည့်လေ့လာရေး သုတေသန စာတမ်းပြုစုနေတဲ့ စာရေးဆရာမ ဒေါ်ခင်မမမျိုးက ဇွန် ၆မှာ ပြောဆိုခဲ့ပါတယ်။

Facebook ဟာ မြန်မာတွေအတွက် ပဋိပက္ခဖန်တီးတဲ့ လှုံ့ဆော်ရာ ပင်မတစ်ခုလား
==========================
ကမာရွတ်မီဒီယာမှ ကူးယူဖော်ပြသည်။
.
နိုင်ငံရေးပဋိပက္ခမှာ အမြင့်ဆုံးဖြစ်တဲ့ စစ်ပွဲတွေဟာ အချက်အလက်တွေအရ ၂ဝ၁၅မှာ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတယ်လို့ ပဋိပက္ခအကဲဆတ်သော မီဒီယာစောင့်ကြည့်လေ့လာရေး သုတေသန စာတမ်းပြုစုနေတဲ့ စာရေးဆရာမ ဒေါ်ခင်မမမျိုးက ဇွန် ၆မှာ ပြောဆိုခဲ့ပါတယ်။ ၂ဝ၁၄မှာ ဖြစ်ပျက်ခဲ့တဲ့ ပဋိပက္ခတွေနဲ့ လက်ရှိနေရာအနှံ့ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် ဝမ်းနည်းမိသလို ဒီသုတေသန အစီရင်ခံစာဟာလည်း ဘယ်လောက်အနေအထားအထိ ဖြစ်သွားမလဲဆိုတာ မသိသေးဘူးလို့ ပြောပါတယ်။
.
လေ့လာမိသလောက် ဆိုရှယ်မီဒီယာဖြစ်တဲ့ Facebook မှာ ပဋိပက္ခဖြစ်အောင် အများဆုံး လှုံဆော်တာ ဖြစ်ပြီး ဘယ်မီဒီယာက ဘယ်လိုပဋိပက္ခမျိုး ဖန်တီးလဲဆိုတာ လေ့လာထားပြီးဖြစ်သလို မီဒီယာဥပဒေအသက်ဝင်ဖို့နဲ့ ထိန်းချုပ်မယ့် ဥပဒေအသစ်တွေ ပြန်လည်ရေးသားနိုင်ဖို့ အကြံပြုနိုင်မယ်လို့ သူမက ယူဆနေပါတယ်။
.
ကြားဖြတ်အစီရင်ခံစာကို စက်တင်ဘာ ၂၁မှာ ထုတ်ဝေသွားမှာဖြစ်ပြီး တစ်နှစ်လုံးစာကိုတော့ နောက်နှစ် ဖေဖော်ဝါရီမှာ အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ ပြည်သူတွေဆီ ဖြန့်ဝေသွားမယ်လို့ ဆိုပါတယ်။
.
ဒီလိုသုတေသနမျိုးကို ၂ဝ၁၄က တစ်ကြိမ်ပြုလုပ်ခဲ့ပြီးဖြစ်သလို စာနယ်ဇင်းတွေ၊ ရုပ်သံတွေနဲ့ လူမှုကွန်ရက်တွေမှာ ဘယ်လိုပုံရိပ်မျိုနဲ့ ပဋိပက္ခကိုဖန်တီးကြတယ်ဆိုတာ လေ့လာသုံးသပ်တာဖြစ်တယ်လို့ Pen Myanmar ရုံးခန်းမှာ ပြုလုပ်တဲ့ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဝတ္ထုတိုကဗျာပြိုင်ပွဲနဲ့ သုတေသနအကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
.
စက်တင်ဘာ ၂၁ ရက်မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ဒုတိယအကြိမ် ဝတ္ထုတို ကဗျာပြိုင်ပွဲအတွက် စာမူတွေကို ဇူလိုင် ၃၁ ရက် နောက်ဆုံးထားပေးပို့ရမယ်လို့ မသီတာ(စမ်းချောင်း)က ပြောပါတယ်။ ပထမအကြိမ်ပြိုင်ပွဲမှာ ဆုရပြီးသူတွေအနေနဲ့ ထပ်ပြိုင်ခွင့်မရှိသလို ဆန်ခါတင်ရွေးချယ်ခံရတဲ့ ဝတ္ထုတို ၁၅ပုဒ်နဲ့ ကဗျာ ၁၅ပုဒ်ကို စာအုပ်ထုတ်ဝေပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Leave a comment