“Animism” ဆိုတာ ဘာမှန်း မသိ..၊ ဘာသဘောလဲဆိုတာ နားမလည်..၊ ဆိုင်လား မဆိုင်လား မသိ..၊ သူတပါး ကိုးကွယ် ယုံကြည်မှု ကို စော်ကားချင်တာနဲ့ ရမ်းသုံး..။ ဘာသာပြန် ရမ်းပြန်တော့ တိရိစ္ဆာန်ဝါဒတဲ့..။
အပြစ် တင်ချင်တဲ့ ဘာသာ နဲ့ “Animism” နဲ့ “ပြဒါးတလမ်း၊ သံတလမ်း” လားလားမှ မဆိုင်ဆိုတာလဲ မသိ..။
ရန်ကုန်မြို့ရှိ ဘင်္ဂလားဒေ့ရှ်သံရုံးရှေ့တွင် သံဃာတော်များ ဆန္ဒထုတ်ဖော်စဉ် ကိုင်ဆောင်ထားသည့် ပိုစတာ
ကိုယ် ကိုယ်စားပြုတဲ့ ဘာသာ ရဲ့ အခွဲတွေ နဲ့ သဘော၊ လုပ်နည်း၊ လုပ်ဟန်၊ ဓလေ့ ထုံတမ်း တချို့ မှာ “Animism” သဘော ပါတယ် ဆိုတာလည်း ဘာသာ ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ လို့ ခံယူထားပေမယ့် နားမလည်..။
“စိတ် နဲ့ ငါ နဲ့ ညစ် တယ်” လို့ပဲ ဆိုရတော့မယ်..။
ဒီလို သောက်တလွဲ တွေချည်းပဲ လိုက်ဖြေရှင်း နေရသလို ဖြစ်နေတယ်..။
ဒါက “Animism” ရဲ့ အကျဉ်းချုပ်..။
“Animism” သဘော မှာ လူ၊ တိရိစ္ဆာန်၊ သတ္တ လောက၊ ကမ္ဘာ့ ပထဝီ မြေကြီး၊ ရေ၊ မြေ၊ တောတောင် သဘာဝ ဖြစ်စဉ် အားလုံးမှာ ရုပ်/နမ် မခွဲဘဲ (spiritual ရော physical နှစ်မျိုးလုံးမှာ) ဝိညဉ် တည်ရှိ နိုင်တယ်..။ ဒီလို ဝိညဉ် က ဝတ္ထု ပစ္စည်း တိုင်း မှာ တည်ရှိပြီး တည်ရှိမှု ဖြစ်စဉ်ကို ချုပ်ထိန်းနိုင်တယ်..၊ လူသား ဘဝ နဲ့ ဖြစ်စဉ် တွေကို လွှမ်းမိုးနိုင်တယ် လို့ ယုံကြည်တာမျိုးဟာ “Animism” သဘော ဖြစ်တယ်..။
ဒီလို သဘော၊ အယူ နဲ့ ဆက်စပ်တဲ့ သဘောထား၊ ဖြစ်ရပ် တွေကို ရှင်တို ဘာသာ၊ ဟိန္ဒို ဘာသာ၊ ဗုဒ္ဓဘာသာ၊ ဂျိန်းဘာသာ တွေမှာလည်း တွေ့နိုင်တယ်..။
တကယ်တော့ “Animism” သဘောက ကမ္ဘာဦး ရှေး လူသားတွေ ကိုးကွယ်ယုံကြည်မှု ဘာသာတရား ကို စတင် လိုအပ်၊ ဖန်တီး လာတဲ့ အခြေအနေမျိုး ဖြစ်တယ်..။ သဘာဝ တရား နဲ့ နေစဉ် ဘဝ ခက်ခဲကြမ်းတမ်းမှုတွေကို ရင်ဆိုင် ဖြေရှင်းရာမှာ တခုခုကို ယုံကြည်ဖို့ လိုလာတယ်..။ တခုခုကို အားကိုးရာရှာဖို့လိုလာတယ်..။ ဒါကြောင့် တောင်အကြီးကြီး (သို့) ကျောက်တုံးအကြီးကြီး (သို့) နေမင်း စတဲ့ အရာဝတ္ထု တခုခု မှာ မမြင်နိုင်တဲ့ (တန်ခိုးလည်းရှိတဲ့) တစုံတရာ ရှိတယ်..။ သူက နေ့စဉ် လူသားဘဝ ကို တခုခု လွှမ်းမိုးတယ် လို့ ယုံကြည်လာတယ်..။ ဒါကြောင့် သူ့ကို ပူဇော်တယ်..။ သူ့ရဲ့ အစောင့်အရှောက်ကို ခံယူတယ်.. စတဲ့ သဘောပဲ ဖြစ်တယ်..။
ဒါဟာ အလွယ်ပြောရရင် ဘာသာတရား၊ ကိုးကွယ် ယုံကြည်မှုတွေ စပေါ်လာတဲ့ အဆင့်လို့ ဆိုနိုင်တယ်..။
ဒီသဘောဟာ ကမ္ဘာ့ ရှေးဟောင်းလူ့အဖွဲ့အစည်းတိုင်းမှာ ရှိတယ်…။ ဌာနေ အမေရိကန် တွေရဲ့ ကိုးကွယ်ယုံကြည်မှု တွေ ဆိုရင် “Animism” လို့ ပြောလို့ ရတယ်..။ ခုအချိန် ထိ “Animism” ကို အများစု ကျင့်သုံးနေကြတဲ့ အထဲက ကိုယ်နဲ့ နီးစပ်တဲ့…၊ မြင်သာတဲ့ နိုင်ငံ ပြရရင် အာဆီယံ နိုင်ငံတနိုင်ငံ ဖြစ်တဲ့ လာအိုး(စ်) ကို ပြရမယ်..။ သူ့ဆီမှာ ဆိုရင် ဗုဒ္ဓဘာသာ ပြီးရင် ဒုတိယ အများဆုံးက “Animism” လို့ ဆိုနိုင်တယ်..။
နိဂုံးချုပ်ရရင်.. အမှောင်တကာ အမှောင်မှာ အဝိဇ္ဇာ အမှောင် က အကြီးဆုံးပါ..။ အဝိဇ္ဇာ “မသိမှု” က လောကမှာ အဆိုးဆုံးပဲ..။ “မသိမှု” ကို “သိမှု” ဖြစ်စေတဲ့ ပညာ မျက်စိ ကန်းရင် ဘာဆို ဘာမှ မမြင်နိုင်တော့ဘူး..။ အကျိုးအကြောင်း မစဉ်းစားတတ်တော့ဘူး..။ အဲ့လို ဖြစ်ရင် လုပ်တဲ့ အလုပ်၊ ကျင့်တဲ့ အကျင့်၊ ယူတဲ့ အယူ ကလည်း မမှန်တော့ဘူး..။
အားလုံး “အဝိဇ္ဇာ အမှောင်” ဖယ်ရှားနိုင်ပြီး “ပညာ အလင်း” ရပါစေ..။
ငြိမ်းချမ်းအေး
၀၆ ၊ အောက်တိုဘာ ၊ ၂၀၁၂
ဆောင်းပါးတိုကို ဆောင်းပါးရှင်း ငြိမ်းချမ်းအေးရဲ့ FB စာမျက်နှာမှ ကူးယူဖော်ပြပါသည်။
Animism (FROM WIKIPEDIA) (from Latin anima “soul, life“)[1] is a set of beliefs based on the existence of non-human “spiritual beings” or similar kinds of embodied principles.[2]
Animism encompasses the beliefs that there is no separation between the spiritual and physical (or material) world, and souls or spirits exist, not only in humans, but also in all other animals, plants, rocks, geographic features such as mountains or rivers, or other entities of the natural environment.[3] Animism may further attribute souls to abstract concepts such as words, true names, or metaphors in mythology. Examples of Animism can be found in forms of Shinto, Serer, Hinduism, Buddhism, Jainism, Pantheism, Paganism, and Neopaganism.
Throughout European history, philosophers such as Aristotle and Thomas Aquinas, among others, contemplated the possibility that souls exist in animals, plants, and people; however, the currently accepted definition of animism was only developed in the 19th century by Sir Edward Tylor, who created it as “one of anthropology‘s earliest concepts, if not the first”.[4]
According to the anthropologist Tim Ingold, animism shares similarities to totemism but differs in its focus on individual spirit beings which help to perpetuate life, whereas totemism more typically holds that there is a primary source, such as the land itself or the ancestors, who provide the basis to life. Certain indigenous religious groups such as the Australian Aborigines are more typically totemic, whereas others like the Inuit are more typically animistic in their worldview.
Tags: Animism, Australia, Buddhism, Hinduism, Jainism, Paganism, Pantheism, Shinto
October 6, 2012 at 2:11 pm |
Sai Mg Mg ဒီလောက်တောင်ဘဲ ညံ့ကြသလားဗျာ ။ ရှက်တောင်ရှက်မိပါတယ်
Nur Islam အဓိက ကတော့စာမတတ်လို့ပဲဗျာ့ နာလည်ပေးလိုက်ပါ စာမတတ်တဲ့လူတွေကို သူများတွေကြည့်ပြီဘယ်လောက်တောင်ကဲ့ရဲ့မလဲဆိုတာမစဉ်းမိဘူးနဲ့တူတယ်
Sai Mg Mg ဟုတ်ပါ့ စွမ်းအားရှင် ဆိုတာကို အသုံးချသလိုပေါ့
October 6, 2012 at 2:13 pm |
ဇေယျာသူ MMM
အခုတလော ကျွန်မလည်း စာမရေးဖြစ်ပဲ စာတွေပဲဖတ်ဖြစ်နေတယ်။ ဒီရက်ပိုင်းမှာ ထူးထူးခြားခြား သတိထား ဖတ်မိနေတာက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဘုန်းကြီးကျောင်းတွေကို မီးရှို့တဲ့သတင်းကစထွက်ပေါ်လာကတည်းက အခုနောက်ဆုံး အခြေအနေထိကို ဆက်တိုက်ဖတ်ဖြစ်နေတယ်။
ကျွန်မကတော့ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်ကပဲဖြစ်ဖြစ် အကြမ်းဖက်လုပ်ရပ်လုပ်တာမျိုးကို မနှစ်သက်ပါဘူး။
ဘင်္ဂလားဒေရှ် နိုင်ငံ သတင်းနှင့် ပြန်ကြားရေး ၀န်ကြီး ကန့်ကွက် ဆန္ဒပြနေစဉ်။ (ဓါတ်ပုံ- Star)
“ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ခီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ပြည်ထဲရေး ဝန်ကြီးက မိမိတို့ အစိုးရ အဖွဲ့သည် နိုင်ငံအတွင်းရှိ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ် ပေးသွားမည်ဟု အတည်ပြု ပြောကြားလိုက်သည်။ ဝန်ကြီးချုပ် ရှိတ်ခ်ဟဆီနာ အစိုးရသည် နိုင်ငံအတွင်းရှိ လူနည်းစုဖြစ်သော ဗုဒ္ဓဘာသာဝင်များအပေါ် ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည့် အစ္စလာမ်မစ် အစွန်းရောက် ဝါဒီများကို တိုက်ရိုက် ဝေဖန်မှု ပြုလုပ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ် တောင်ပိုင်းတွင် အစ္စလာမ် ဘာသာဝင်များက ဗုဒ္ဓဘာသာ ဘုရားကျောင်းများနှင့် ဗုဒ္ဓဆင်းတုတော်များကို မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့မှုနှင့် ပတ်သက်ပြီး မိမိတို့ ရှုတ်ချကြောင်း ပြည်ထဲရေးဝန်ကြီး မိုဟေဒင် ခန်အလမ်ဂီက သတင်းထောက်များနှင့် တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားသွားခဲ့သည်။”
“အတိုက်အခံ ပါတီ၏ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခါလီဒါဇီရာကမူ အစိုးရသည် လူနည်းစု ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲသွားသည်။ သူမက အစိုးရအနေဖြင့် ယခုကိစ္စကို အမြတ်ထုတ်ကာ အတိုက်အခံ အင်အားစုများကို ဖြိုခွဲရန် ရည်ရွယ်ထားကြောင်း အပြစ်ဖို့ခဲ့သည်။ “သိပ်ကောင်းတဲ့ အစီအစဉ် တစ်ခုပါပဲ။ ဖြစ်ရပ်အားလုံးရဲ့ နောက်ကွယ်မှာ ရည်ရွယ်ချက် မကောင်းတဲ့ လှုံ့ဆော်မှုတွေ ရှိနေပါတယ်”ဟု ဇီရာက ဆိုသည်။ မြန်မာနိုင်ငံနှင့် နယ်နိမိတ် ထိစပ်နေသော နေရာဒေသ တစ်လျှောက်တွင် ယခုအခါ ဘင်္ဂလားဒေ့ရှ် အစိုးရက လူအများ စုရုံးမှုကို ပိတ်ပင်တားဆီးထားပြီ ဖြစ်သည်။”
ဘင်္ဂလားဒေ့ရှ်တွင် ဗုဒ္ဓဘာသာ ကိုးကွယ်သူ အရေအတွက်မှာ နိုင်ငံလူဦးရေ၏ (၁)ရာခိုင်နှုန်း ဝန်းကျင်သာ ရှိပြီး ယခင်ကမူ မတူညီသော ကိုးကွယ်ယုံကြည်မှု နှစ်ခုကြား အများအားဖြင့် ငြိမ်းချမ်းစွာ နေထိုင်ခဲ့ကြသည်။ တနင်္လာနေ့ကလည်း ရွက်ဖျင်တဲများဖြင့် ယာယီနေထိုင်နေရသော ဗုဒ္ဓဘာသာဝင်များအား အစ္စလာမ် ဘာသာဝင် မိသားစုများက အစားအသောက်များ လာရောက် ကူညီ လှူဒါန်းခဲ့သလို အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် ဗုဒ္ဓဘာသာဝင် အချို့ကို အစ္စလာမ် ဘာသာဝင်များ၏ နေအိမ်ဘေးတွင် ယာယီအခန်းများ ဆောက်လုပ်ပေးကာ နေထိုင်နေစေကြောင်း သတင်းများက ဖော်ပြသွားသည်။
နောက်သတင်းတပုဒ်မှာ ဗုဒ္ဓဘာသာဝင်များကို အကာအကွယ်ပေးမည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီး ပြောကြားသွားတဲ့သတင်းကို ဖတ်ရတော့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ကိုင်တွယ်ဖြေရှင်းပုံကို လေးစားမိတယ်။ တောင်ကုတ်မှာ အပြစ်မဲ့ မြန်မာမွတ်စလင်မ် (၁၀) ယောက် လူမဆန်တဲ့ နည်းလမ်းတွေနဲ့ နေခင်းကြောင်တောင်ကြီး မင်းမဲ့စရိုက်ဆန်ဆန် ရိုက်သတ်ခံရတုံးက ဘယ်တာဝန်ရှိသူ တစ်ဦးမှ ဝမ်းနည်းကြောင်း တရားဝင်မပြောခဲ့ဘူး။ လူနည်းစုကို ကာကွယ်မယ်ဆိုတဲ့ အသံ မထွက်ခဲ့ဘူး။ မြန်မာအများစုရဲ့ စာနာဖေးမမှုအစား ဆိုရှယ် မီဒီယာတွေမှာ အဆဲသံတွေ မိုးမွှန်နေခဲ့တယ်။ ကျွန်မတို့မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ကိစ္စရပ်ဟာ အခုဆိုရင် ၄-လအထိ ကြာမြင့်လာပြီဖြစ်ပေမယ့် ဘာတစ်ခုမှ ရေရေရာရာ မထွက်ပေါ်လာခဲ့ပါဘူး။ ဒီကြားထဲ ကိုယ်ချင်းစာမေတ္တာတရားကြီးမားပါတယ်ဆိုတဲ့ မြန်မာအများ(အများစု)က ဘာမသိညာမသိ ရခိုင်က အခြေအနေတွေကို သေချာမသိပဲ မျက်ကန်းမျိုးချစ်တွေအဖြစ် တိုးပွားလာခဲ့ကြတယ်။ တကယ်တမ်း ရခိုင်မှာဖြစ်နေတဲ့ အခြေအနေတွေဟာ Media တွေရဲ့ တဘက်သတ်ဆန်လွန်းတာတွေကြောင့် ပြဿနာတွေပိုကြီးလာခဲ့တယ်။
တကယ်တမ်းတော့ ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့ ကိစ္စရပ်ကို ကျွန်မတို့အဝေးကနေသူတွေက ဘာကိုမှရေရေရာရာ မသိကြတာပါ။ ရခိုင်ကပြန်လာသူတွေကို သူတို့အတွေ့အကြုံတွေကို ကျွန်မမေးကြည့်တော့ ဖျက်ဆီးခံရတဲ့ ဗလီတွေလည်းရှိပါတယ်။ မွတ်စလင်မ်အများစုက ပိုပြီးဒုက္ခရောက်နေကြရပါတယ်။ ကဲ … ဒီလိုဖြစ်နေတဲ့ အခြေအနေတွေကို ကျန်တဲ့မြန်မာပြည်သူပြည်သားတွေ ဘာကြောင့်မြင်အောင် မကြည့်တတ်ကြတာလဲ။ မမြင်ချင်ယောင် ဆောင်နေကြတာလဲ။ ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလို့ပဲ ဘာကြောင့် တထစ်ချ စွတ်စွဲနေကြတာလဲ။ ရခိုင်ပြည်နယ်မှာ ဘိုးဘွားစဉ်ဆက် နေထိုင်လာကြတဲ့ မွတ်စလင်မ်တွေ ရှိနေတယ်ဆိုတာကို ဘာလို့လက်မခံကြတာလဲ။ မြေမြိုလို့လူမျိုးမပြုတ်၊ လူမြိုမှ လူမျိုးပြုတ်မယ် ဆိုတဲ့စကားကို လက်ကိုင်ထားပြီး လူသားချင်းစာနာမှုကို ဘာလို့မျက်ကွယ်ပြုကြတာလဲ။ ဒါက ရခိုင်ပြည်နယ်မှာဖြစ်ခဲ့တဲ့ ကိစ္စရပ်ပါ။ အခု ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်သွားတဲ့ကိစ္စရပ်ဟာလည်း ရခိုင်ကိစ္စနဲ့ပြောင်းပြန် အချိုးကျနေတယ်လို့ ကျွန်မသုံးသပ်မိတယ်။ ဒီလိုအခြေအနေမှာ ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ ပြည်သူတွေက ဘယ်လိုတုန့်ပြန်ဖြေရှင်းနေကြသလဲ။ ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ကွာခြားချက်ကတော့ သိသိသာသာကြီးကို မြင်လိုက်ရပါတယ်။ မေတ္တာတရား ကြီးမား ပါတယ်ဆိုတဲ့ မြန်မာတို့ရဲ့ မေတ္တာတရားတွေ ဘယ်မှာလဲ။
ကဲ – အဓိကပြောချင်တဲ့အကြောင်းအရာကို ဆက်ပြောပါ့မယ်။
အဲဒါတွေကိုတွေ့တော့ ကျွန်မ တော်တော်တော့ရီချင်တယ်။ ကိုယ့်အမိမြန်မာနိုင်ငံမှာ ကိုယ့်လူအများစုက လူနည်းစုကို အနိုင်ထက်စီးနင်းလုပ်နေတာကို တစ်ခြားသူတွေက ပြောတော့ ဟိုလူ့ကန့်ကွက်၊ ဒီလူကန့်ကွက်နဲ့ လုပ်လိုလုပ်။ အမျိုးချစ်နေရင် ခေါ်သွားကြဆိုပြီးတော့တောင် ပြောလိုက်ကြသေးတယ်။ ထားပါတော့။ ‘ဂျူးမား၊ မရမာကြီးများသင်တို့နှင့်ကျွန်ုပ်တို့ ထပ်တူရှိပါသည်။’ ‘လူနည်းစုတို့၏ အခွင့်အရေးကို လေးစားပါ’တဲ့ တကယ်ကောင်းတဲ့ ဖေးမမှုလေးပါပဲ။ ဖြစ်သင့်ပါတယ်။ ကျွန်မလည်း ကိုယ့်အမိမြန်မာနိုင်ငံကို ထိပါးစော်ကားလာရင် အားလုံးနဲ့တစ်သားတည်း အဲလိုပဲ ရှိမှာပါပဲ။ မကောင်းမှုလုပ်ရင် ၀ဋ်ဆိုတာလည်တတ်တယ်၊ သံသရာရဟတ် တပတ်လည်တတ်တယ်ဆိုတာကို ကျွန်မတို့ လုံးဝမမေ့သင့်ပါဘူး။ ဒီတော့ ကိုယ့်ကို ထိတော့ နာတတ်ကြသလို “သြော် သူတို့မှာလည်း ……….” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးရှိခဲ့မယ်ဆိုရင်တော့ ………………………. ။
http://news.mmsy.info/news/6191