၂၁/၂/၂၀၁၃ ရက်နေ့က ကိုမြအေး အပါအဝင် ၈၈ ခေါင်းဆောင် လေးဦးနဲ့ မန္တလေးက Edu Zone မှာတွေ့ဆုံဖြစ်ခဲ့ပါတယ်။
တွေ့ဆုံဖို့လာပါလို့ ဖိတ်ကြားခံရလို့သွားလိုက်တာပါ။
ဘာအကြောင်းတွေ ပြောကြမယ် ဆွေးနွေးကြမယ်ဆိုတာ မသိခဲ့ပါဘူး။
ညနေခင်း ဘုရားဝတ်ပြုချိန်နဲ့တိုက်ဆိုင်နေလို့ အခန်းအနားကို ၁၅မိနစ်လောက် နောက်ကျပြီးမှရောက်သွားတော့ အခန်းအနားစတင်ပြီး ကိုမြအေးစကားပြောနေလို့ အခန်းအနားဟာ ဘာခေါင်းစဉ်နဲ့ ပြုလုပ်တယ်ဆိုတာ မသိခဲ့ပါဘူး။
ဒါပေမဲ့ ကိုမြအေးပြောနေတဲ့စကားအရတော့ လက်ရှိဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းမှာ လူများစု ဗုဒ္ဓဘာသာ ဝင်များက လူနဲစု အစ္စလာမ်ဘာသာဝင်များအပေါ် အထင်အမြင်လွဲမှားနေမှုများကို ဖြေဖျောက်-ပပျောက်စေဖို့- အစ္စလာမ်ဘာသာဝင်တွေ ဘာလုပ်သင့်တယ်ဆိုတာကို လာရောက်ဆွေးနွေးတာလို့ ကျွန်တော်သဘောပေါက်မိပါတယ်။
ကိုမြအေးနဲ့အတူ အခြား ဗုဒ္ဓဘာသာဝင် ၈၈ ခေါင်းဆောင်သုံးယောက်ကလည်း သူတို့ရဲ့အမြင်တွေကို ဝင်ရောက် ဆွေးနွေးတင်ပြကြပါတယ်။
ဒီနေရာမှာ အခန်းအနားကိုတက်ရောက်လာသူများမှလည်း ရှုဒေါင့်ပေါင်းစုံမှ ဝင်ရောက်ဆွေးနွေးကြပါတယ်။ ပြောခဲ့ ဆိုခဲ့ကြတဲ့ အသံဖိုင်တွေရှိပေမဲ့ အသေးစိတ်ကိုရေးပြမနေတော့ပါဘူး။
အဲ့ဒီအခန်းအနားမှာ ကျွန်တော်ပတ်သက်ခဲ့တာလေးတွေကိုပဲ တင်ပြလိုပါတယ်။
အထက်မှာ ကျွန်တော်တင်ပြခဲ့သလိုပဲ လူနဲစုတွေက လူများစု အမြင်ကြည်လင် စိတ်တိုင်းကျအောင် ဘယ်လိုနေသင့်ထိုင်သင့်တယ်ဆိုတာကို ဆွေးနွေးကြတဲ့ပွဲပါ။
ကိုမြအေးကပြောတယ်-ဗလီတွေထဲမှာ မြေအောက်ခန်းတွေနဲ့ စစ်စခန်းတွေရှိတယ် ဆိုတဲ့ စွတ်စွဲပြောဆိုခံနေရ တာတွေကို ကျွန်တော်တို့ဘက်က ရှင်းလင်းရမယ်တဲ့။
မလိုအပ်ပါဘူးခင်ဗျာ-အခုစွတ်စွဲပြောဆိုသလို ဗလီထဲမှာ မြေအောက်ခန်းတွေနဲ့ စစ်စခန်းတွေလို တည်ဆောက် မထားဘူးဆိုတာ ဗုဒ္ဓဘာသာဝင်တွေတော်တော်များများသိကြပါတယ်။
ဗလီတွေကိုဆောက်လုပ်တဲ့အချိန် ပြင်ဆင်တဲ့ အချိန် ကြွေပြားကပ်တဲ့အချိန်တွေမှာ ဗုဒ္ဓဘာသာဝင် လက်သမား ပန်းရံ တွေနဲ့ပဲ လုပ်ကြကိုင်ကြ ပြင်ကြဆင်ကြတာပါ။
သူတို့တတွေ ဗလီထဲမှာ နေရာအနှံ့ သွားလာမြင်တွေ့နေတာပဲ-ဘာရှိတယ်ဘာမရှိဘူးဆိုတာ လူတိုင်းသိနှိုင်တဲ့ကိစ္စတခု ပါ- သာသနာရေးဦးစီးဌာနကလူတွေ-စည်ပင်သာယာကလူတွေ-ရပ်ကွက်အုပ်ချုပ်ရေးမှုးရုံးကလူတွေ-ရဲတပ်ဖွဲ့ဝင်တွေ အားလုံး ဗလီထဲမှာဘာရှိတယ် ဘာမရှိဘူးသိကြပါတယ်။
ဒီကနေ့ ဗလီတွေမှာ မြေအောက်ခန်းတွေ စစ်စခန်းလိုပုံစံမျိုးဆောက်ထားတယ်တို့-စစ်သင်တန်းပေးတယ်တို့ ပြောနေတာတွေဟာ မဟုတ်တမ်းတရား စွတ်စွဲပြောဆိုမှုသက်သက်သာဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။
ဒီလိုမဟုတ်မမှန် စွတ်စွဲပြောဆိုနေတဲ့ အခြေအမြစ်မရှိတဲ့ စကားမျိုးကို အရေးအရာထားပြီးဖြေရှင်းနေဖို့ လိုအပ် ပါသလား။မလိုအပ်ပါဘူး။သက်ဆိုင်ရာတာဝန်ရှိသူများ- အခြေခံဥပဒေကို ကာကွယ်စောင့်ရှာက်ပါမယ်လို့ သစ္စာဆိုထား သူများ ရှင်းကြပါစေ။လိုအပ်ရင် စွတ်စွဲပြောဆိုသူတွေကိုပါခေါ်ယူပြီး ကြိုက်တဲ့ဗလီထဲကို ဝင်ရောက်စစ်ဆေးနိုင်တာပဲ။
ကျွန်တော်တို့က ဘယ်သူ့ကိုခေါ်ရှင်းပြနေစရာလိုမလဲ- ကျွန်တော်တို့က ခေါ်ယူရှင်းပြတော့လဲ တရားဝင်မှာလား။
နောက်တခု ကိုမြအေးအဓိက ဇောင်းပေးပြောဆိုသွားတာက မွတ်စလင်မ်အမျိုးသမီးများ ခေါင်းမီးခြုံခြင်း နဲ့ အမျိုးသားများ အကျီရှည်ဝတ်ခြင်း မုတ်ဆိပ်ထားခြင်းတွေဟာ မြန်မာ့ဝတ်စားဆင်ယင်ပုံတွေနဲ့ကွဲပြားနေခြင်း ဖြစ်ပါတယ်။
ဒါတွေဟာ လူများစုဗုဒ္ဓဘာသာဝင်တွေ စိတ်တိုင်းမကျစရာ- အထင်အမြင်လွဲမှားစရာတွေ ဖြစ်နေလို့ မြန်မာပြည် မှာနေရင် မြန်မာလိုပဲ ဝတ်စားသင့်တယ်-လို့တင်ပြသွားပါတယ်။
ဒီနေရာမှာ အဲ့ဒီအခ်းအနားကိုတက်ရောက်လာတဲ့ အစ္စလာမ် သာသနာ့ပညာရှင်လူငယ် မွဖ်သီအွမ်မာရ် ရဲ့ ဆွေးနွေးတင်ပြသွားတဲ့ အလွန်သဘာဝကျတဲ့ ဆွေနွေးချက်ကလေးတင်ပြလိုပါတယ်။
“ကျွန်တော်တို့ အစ္စလာမ်ဘာသာမှာ သီးခြားဝတ်စုံဆိုတာ မရှိပါဘူး-သီးခြားဝတ်စားရမယ်လို့ သတ်မှတ်ထားတာ လဲ မရှိပါဘူး-သို့သော်လဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့သာသနာရဲ့ ဦးစီးရှေ့ဆောင် မဟာတမန်တော်မြတ်ကို ချစ်ခင်မှု လေးစားမှု ကြည်ညိုမှုတွေကြောင့် မဟာတမန်တော်ရဲ့ ဝတ်စားဆင်ယင်ပုံကို အတုခိုး ဝတ်ဆင်ကြပါတယ်။ တရားတော်ကသတ်မှတ်ပြဌာန်းချက်အရ မုတ်ဆိပ်ထားကြပါတယ်။ဒီအကျီရှည်ဟာ အိန္ဒိယအမျိုးသားတွေဝတ်တဲ့ပုံစံနဲ့သာ တစ်ထပ်ထဲတူနေ တာ မဟုတ်ပါဘူး-ရှေးဟောင်းတရုတ်လူမျိုးများဝတ်ဆင်လေ့ရှိကြတဲ့ အကျီနဲ့လဲတူပါတယ်- ဒီအကျီဟာ မဝတ်မနေရ ပြဌာန်းချက်မဟုတ်ဘဲ ဖွဲ့စည်းပုံအခြေခံဥပဒေကပေးအပ်ထားတဲ့ လွတ်လပ်မှုအရ ကျွန်တော်တို့ ဝတ်ဆင်ကြတာ မှန်ပေမဲ့- ကျွန်တော်တခုမေးလိုပါတယ်-လူများစုနဲ့ပြေပြေလည်လည်ရှိဖို့အတွက်-ပြသနာရှာနေတာတွေ-စွတ်စွဲပြောဆိုနေတာတွေ-ရန်ရှာနေတာတွေပြီးသွားမယ်ဆိုရင် ဒီအကျီတွေ ကျွန်တော်တို့ စွန့်လွှတ်ပစ်လိုက်ပါ့မယ်- အစိုးရက အကျီရှည် မဝတ်ရလို့ အမိန့်ပေးလိုက်ပါ-နိုင်ငံတော်ကို အုပ်ချုပ်နေတဲ့အစိုးရရဲ့ အမိန့်ကိုနာခံဖို့က ကျွန်တော်တို့ သာသနာကသွန်သင်ထား ပြီးသားဖြစ်ပါတယ်” -လို့သဘောရတဲ့ စကားတွေပြောသွားခဲ့ပါတယ်။
ကျွန်တော့်အနေနဲ့တော့ အထက်ကပြောသွားတဲ့ သာသနာ့ပညာရှင် ညီငယ်ရဲ့စကားကို အကြွင်းမဲ့ထောက်ခံ တယ်။
မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ နှစ်ပေါင်းများစွာ တိုင်းသူပြည်သားအားလုံးကို ဖိနှိပ်ထားခဲ့တယ်။ဒီအထဲမှာ လူနဲစု အစ္စလာမ်ဘာသာဝင်တွေဟာ အထူးနှိပ်ကွပ်ခြင်းခံခဲ့ကြရတယ်။
လူတိုင်းရဲ့ရင်ထဲမှာ စစ်အစိုးရကို မခံခြင်တဲ့စိတ်-မကျေနပ်တဲ့စိတ်-တော်လှန်လိုတဲ့စိတ်-ပုန်ကန်လိုတဲ့စိတ်တွေ ရှိကြတယ်။၈၈ အရေးအခင်းကြီးက သက်သေပဲ-နိုင်ငံနဲ့တဝှမ်း လူမျိုးစုံ ဘာသာပေါင်းစုံ ဟာ စစ်အစိုးရကို ရတတ်သမျှ နည်းပေါင်းစုံနဲ့ တော်လှန်ရေး ဆန့်ကျင်ရေး ပုန်ကန်ရေးတွေလုပ်ခဲ့ကြတယ်။အပြင်းအထန် နှိပ်ကွပ်ခြင်းကိုတပြည်လုံး ခံခဲ့ကြရတယ်-
အဲ့ဒီအချိန်မှာ ကိုယ်ထိလက်ရောက် တော်လှန်ရေးမလုပ်နိုင်တဲ့သူတွေ-မလုပ်ရဲတဲ့သူတွေက သူတို့ရဲ့ စစ်အစိုးရ အပေါ်ဆန့်ကျင်မှုကို မိမိတို့နဲ့ သက်ဆိုင်ရာ ဘာသာရေးကိုလေးစားလိုက်နာခြင်းတွေနဲ့ပြကြတယ်။ဗုဒ္ဓဘာသာဝင်တွေ ဘုရားတရားဘက်ပိုလိုက်စားလာကြသလို အချို့သာသနာ့ဘောင်ဝင်ပြီး သင်္ဃန်းစီးသွားကြတယ်။ ထိုနည်းတူစွာပဲ အစ္စလာမ်ဘာသာဝင်တွေ ဘာသာရေးဘက်ကို ပိုချဉ်းကပ်သွားကြတယ်- အကျီရှည်တွေဝတ်လာကြတယ်-ဘာသာရေး အရ မုတ်ဆိပ်တွေထားလာကြတယ်။အဓိက မြစ်ဖျားခံလာတာကတော့ စစ်အစိုးရဆန့်ကျင်ရေးစိတ်ကဖြစ်လာတာတွေပဲ- ဒီဘက်ခေတ်မှာရောက်တော့ အမြင်တွေစောင်းပြီး အပြစ်တင်စရာတွေဖြစ်သွားတာကတော့ ဝမ်းနည်းစရာပါ။
နောက်တခုရှိတာက စစ်အစိုးရလက်ထက်မှာ တိုက်ပုံအကျီဝတ်တဲ့ မြန်မာလိုနေတဲ့ အစ္စလာမ်ဘာသာရေးအဖွဲ့ အစည်းတွေ ဘာလှုတ်ရှားမှုမှ ခွင့်မပြုခဲ့ဘူး။အံ့သြစရာကောင်းတာက အကျီရှည်ဝတ်ပြီး မုတ်ဆိပ်ထားပြီး လှုတ်ရှားတဲ့ အဖွဲ့အစည်းကိုတော့ လုပ်ပိုင်ခွင့်တွေအများကြီးပေးခဲ့တာ ထင်ထင်ရှားရှားတွေခဲ့ရတယ်။
တိတိကျကျပြောရရင် တဗလိဂ် လို့ခေါ်တဲ့ အပတ်စဉ်-လစဉ်-နှစ်စဉ် ခရီးထွက်ပြီး သာသနာရေးကျင့်ကြံတဲ့ အဖွဲ့ ကို အထူးအခွင့်အရေးတွပေးခဲ့တယ်။
ကြိုက်တာလုပ်ကြ-တိုင်းနဲ့ပြည်နယ် ကြိုက်တဲ့နေရာမှာ အခန်းအနားတွေလုပ်ကြ-လူတစ်သိန်း နှစ်သိန်း စုချင်တယ်-စုကြ။ခရီးတွေသွားနိုင်ဖို့ ရထားလက်မှတ်တွေကို ပါမစ်တွေနဲ့ အစုလိုက် အပြုံလိုက်ရောင်းပေးတယ်-ကျန် တဲ့ ပုံမှန် နေ့စဉ်ခရီးသွားတဲ့လူတွေဒုက္ခရောက်ကြတယ်-ရောက်ကြ။
ပြီးတော့မှ တွေ့လား ဒီကုလားတွေကြောင့်မင်းတို့ဒုက္ခရောက်ရတာ-ကုလားတွေဘယ်လိုအခွင့်အရေး ယူသလဲ ကြည့်-မြန်မာပြည်ကို ဒီလိုကုလားတွေ အများကြီးရောက်လာပြီး-ကုလားပြည်ဖြစ်သွားလိမ့်မယ်-ဆိုတဲ့စကားတွေနဲ့ အမျိုးသားရေးဝါဒကို မှားယွင်းတဲ့အမြင်တွေ-အတွေးတွေဝင်သွားအောင် နှိုးဆွပေးခဲ့တယ်။
ဒါကို အဲ့ဒီအဖွဲ့ကလူတွေကလဲ နားမလည်ကြဘူး မသိတတ်ကြဘူး မမြင်ကြဘူး-တွေ့တယ်မဟုတ်လား ငါတို့လုပ်ရပ်-ငါတို့လမ်းစဉ်မှန်ကန်လို့ စစ်အစိုးရကတောင် ခွင့်ပြုရတယ် ဆိုပြီးစိတ်ကြီးဝင်ကုန်ကြတယ်။
စစ်အစိုးရက မြန်မာပြည်သူပြည်သားအချင်းချင်း အိုးမဲသုပ် သွေးခွဲနေတာကို မမြင်ကြဘူး။
အဲ့ဒီအဖွဲ့ဝင်တွေဟာ ကျန်တဲ့ဘာသာဝင်တွေကိုမဆိုထားနဲ့အစ္စလာမ်ဘာသာဝင်အချင်းချင်းနဲ့တောင် အနေအထိုင် အပြောအဆို ဝတ်ပုံစားပုံတွေ ကွာဟကုန်တယ်။
သူတို့အဖွဲ့ကလွဲပြီးတော့ ကျန်တဲ့အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေ လှုတ်ရှားမှုလုပ်ခွင့်မပေးတော့-လူ့သဘောသဘာဝအရ လှုတ်ရှားပိုင်ခွင့်ရှိတဲ့ အဖွဲ့အစည်းထဲကို လူတွေစုပြုံရောက်လာကြရော-
လူမျိုးတိုင်းလူမျိုးတိုင်း-ဘာသာတိုင်းဘာသာတိုင်းမှာ ကောင်းတဲ့သူရှိသလို ဆိုးတဲ့သူလဲရှိတယ်-စည်းကမ်း ရှိတဲ့သူရှိသလို စည်းကမ်းမဲ့တဲ့သူလဲရှိတယ်-ယဉ်ကျေးသိမ်မွေ့တဲ့သူတွေရှိသလို အပြောအဆို အနေအထိုင်ကအစ မိုက်ရိုင်းတဲ့သူတွေလဲ ရှိတာပဲ။
ဒီလိုဘဲ လှုတ်ရှားခွင်းရတဲ့အဖွဲ့ထဲမှာ လူစုံတက်စုံပါလာတော့တယ်။
အချို့အချို့သောသူတွေရဲ့ တွေးခေါ်မျှော်မြင်မှုအားနဲတာ-ဆင်ခြင်တုန်တရားမရှိတာတွေကြောင့် ယဉ်ကျေးမှုခြင်း ထိပ်တိုက်တွေ့တာ-ဘာသာအချင်းချင်း သဟဇာတ မဖြစ်တာတွေ ပေါ်ပေါက်လာရတယ်။
ကျွန်တော်မြင်တာကတော့ ဒီပြသနာဟာ ခေတ်-စနစ်ရဲ့ပြသနာပါ-
ဒီကနေ့ ပွင့်လင်းလွတ်လပ်လာတာသာ တကယ်မှန်ကြည့်ပါ -ကျွန်တော်တို့ လူတွေအားလုံး ပုံမှန်ဖြစ်သွားမှာပါ။
ရွေးချယ် လှုတ်ရှားစရာ အဖွဲ့အစည်းတွေလည်း ပေါများလာပါလိမ့်မယ်-တစ်နေရာထဲ စုပြုံနေတာ လျော့သွားပါ လိမ့်မယ်။
မိမိတို့ အပြုအမူ အလေ့အကျင့်တခုကြောင့် မိမိတို့နဲ့အတူ တစ်မြေထဲနေ-တစ်ရေထဲသောက်-အေးအတူ ပူအမျှ နေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်ထဲမှာ ဘယ်လိုထင်မြင်ရတယ်-ဘယ်လိုခံစားရတယ်ဆိုတာတွေကို သိလာကြရင်-နားလည်လာကြရင်-အချင်းချင်းထိမ်းကျောင်းပြီး အားလုံးအဆင်ပြေသွားကြမှာပါ။
လက်ရှိအချိန်မှာတော့ ဒီအခြေအနေတွေကို နားလည်သဘောပေါက်အောင် အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးများ မှ ပုဂ္ဂိုလ်များက တဗလိဂ် အဖွဲ့က တာဝန်ရှိသူတွေကို ရှင်းလင်းဖျောင်းဖျသင့်ပါတယ်။
ကျွန်တော်ကတော့ ဒီပြသနာဆိုတဲ့ဟာကိုဖြေရှင်းဖို့ ဒီလောက်ပဲ လုပ်ဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။
နောက်တစ်ခု ကိုမြအးတင်ပြတာက-
ဗလီတွေကနေ-ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးများကို လက်ထပ်ယူကြဖို့ဆော်သြတယ်-ဆရာဝန်သမီးယူရင် ဘယ်လောက်- စစ်ဗိုလ်သမီးယူရင်ဘယ်လောက် ထောက်ပံ့မယ်ဆိုတာတွေဟာ လုံးဝမဟုတ်မမှန်ပါဘူး-မဟုတ်မမှန် ကြောင်း အများကို ရှင်းလင်းပြရမယ် လို့ပြောပါတယ်။
ဒီလိုမဟုတ်မမှန် စိတ်ကူးပေါ်ရာ ရမ်းသမ်း စွတ်စွဲတိုင်း-အခြေအမြစ်မရှိအပြစ်တင်တိုင်း လိုက်ရှင်းနေရရင်-ဒီလို ရှင်းရတဲ့အလုပ် တစ်သက်လုံးလုပ်လို့ပြီးမှာ မဟုတ်တော့ပါဘူးဗျာ။
ဒီစကားဟာ တရားမဝင်ဖြန့်ချီနေတဲ့ အစ္စလာမ်ဘာသာ ဆန့်ကျင်ရေးစာအုပ် “အမျိုးပျောက်မှာ စိုးကြောက်ပါ သည်” ထဲက စကားလုံးတွေပါ။
ကျွန်တော်တို့ရဲ့ညီအစ်ကိုတော်တွေက ဆိုရှယ်မီဒီယာမှာရော-ပုံနှိပ်မီဒီယာပေါ်မှာပါ အကြိမ်ကြိမ်ရှင်းပြီးသား- ခြေခြေမြစ်မြစ်ရှင်းပြီးသားတွေပါ-ဘာမှနောက်ထပ်ပြောနေရမဲ့ကိစ္စမဟုတ်ပါဘူး။
အဲ့ဒီနောက်တော့ ကိုမြအေးက အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ပူးပေါင်းပြီး-နိုင်ငံတော် တည်ဆောက်ရေးတွေမှာ တက်တက်ကြွကြွပါဝင်ကြဘို့-နိုင်ငံတော် ခေတ်မှီဖွံ့ဖြိုးတိုးတက်ရေးမှာ အထောက်အကူဖြစ် အောင် ဘာသာပေါင်းစုံ ချစ်ကြည်ရေးလုပ်ငန်းများကိုဆောင်ရွက်သွားဘို့ မှာကြားပါတယ်။
ပြသနာကို မီးထွန်းရှာနေတဲ့သူတွေဟာ လူနဲစုကလေးသာဖြစ်ပါတယ်-ရဟန်းသံဃာ တွေနဲ့ လူပုဂ္ဂိုလ်တွေအများ စု ဟာ ငြိမ်းချမ်းစွာနေလိုကြတဲ့ သူတွေဖြစ်ကြပါတယ် ဆိုတဲ့အကြောင်းပြောပြသွားပါတယ်။
သိတာပေါ့ဗျာ-ငြိမ်းငြိမ်းချမ်းချမ်းနေလိုကြတဲ့ ရဟန်းသံဃာတွေ-လူပုဂ္ဂိုလ်တွေအများစုရှိလို့သာ ဒီတိုင်းပြည်ကြီး ဒီလိုအေးအေးချမ်းချမ်းနေလို့ရနေတယ်ဆိုတာကို ကျွန်တော်တို့ သိပ်သိတာပေါ့။
ကျွန်တော်တို့မန္တလေးမှာ အစ္စလာမ်ကို ဘက်ပေါင်းစုံကနေ ပြသနာရှာနေတဲ့ ဆရာတော် တစ်ပါးထဲရှိလို့သာပေါ့ – များများမဟုတ်ဘူး-အဲ့ဒီဆရာတော်လိုမျိုး သုံးပါးလောက်ရှိကြည့်လိုက် -မန္တလေးမြို့ ပျက်သွားတာကြာလှပြီ။
ကျွန်တော်တို့က သဘောထားပျော့ပြောင်းတဲ့ ထေကြီးဝါကြီး သံဃာတော်ကြီးများထံ ချဉ်းကပ်သြဝါဒခံပြီး ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေးကိုဆောင်ရွက်နေသလို အစ္စလာမ်ဘာသာအပေါ်မှာ သဘောထားတင်းမာပါတယ် ဆိုတဲ့ ဆရာတော်ဦးဝီရသူ တို့လို ဆရာတော်ကြီးများနဲ့လဲ ဘာသာပေါင်းစုံချစ်ကြည်ရေး- ငြိမ်းချမ်းရေးတွေ လုပ်နေ ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့လုပ်တဲ့အခန်းအနားတွေဟာ-ကျွန်တော်တို့လုပ်တဲ့အစီအစဉ်တွေဟာ-ဒေသခံ တာဝန်ရှိသူ တွေရဲ့ တားဆီးခြင်းကိုခံရပါတယ်-တခါတရံ တားဆီးတာထက်ဆိုးတာက ပွဲမိန့်ပေးပြီး အချိန်နီးမှ ပါမစ်ပြန်ရုတ်သိမ်းတာ ဖြစ်ပါတယ်။ဒီလုပ်ရပ်တွေဟာ ပြသနာကို ထပ်ဆင့်ပွားများလာအောင်လုပ်သလိုဖြစ်နေပါတယ်။
ဒီနေရာမှာ စောစောက ဆွေးနွေးတင်ပြသွားတဲ့ သာသနာ့ပညာရှင် မွဖ်သီ အုမ်မာရ် ရဲ့စကားလေးကို ပြန်ကိုးကား ချင်ပါတယ်။
“ဆရာကြီးဦးရာဇတ်-ဆိုပြီး မြန်မာနိုင်ငံသမိုင်းမှာ ပြောင်မြောက်စွာ ပေါ်ထွက်လာတာဟာ-ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်ကောင်းရှိလို့-” ဆိုတဲ့စကားပါ။
သိပ်ကို မှန်ကန်တဲ့စကားပါ။
လူတစ်ယောက်-ပုဂ္ဂိုလ်တစ်ဦးရဲ့ အစွမ်းအစကို ပြနိုင်ဖို့ဆိုတာဟာ လုပ်ပိုင်ခွင့်-လုပ်နိုင်ခွင့် ရှိဖို့ လိုအပ်ပါတယ်။
ဆရာကြီးဦးရာဇတ်ဟာ သူတိုင်းပြည်အပေါ်မှာစေတနာရှိသလောက်-သူ့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသလောက်-တိုင်းပြည်ကိုချစ်နိုင်ခွင့်ကို ဗိုလ်ချုပ်အောင်ဆန်း လို ခေါင်းဆောင်က ပေးခဲ့လို့သာ-ဒီအခွင့်အရေးရခဲ့တာပေါ့။
စစ်အစိုးရခေတ် ဗိုလ်ချုပ်ကြီးတွေလိုမျိုးဆိုရင် ဆရာကြီးဦးရာဇတ်ဘာမှလုပ်ပိုင်ခွင့်ရမှာမဟုတ်ပါဘူး။
ဒီနေရာမှာ ကိုမြအေးတို့အဖွဲ့ကို ကျွန်တော့်အတွေ့အကြုံလေးတင်ပြဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၁၆-၂-၂၀၁၃ ရက်နေ့က မြမန္တလာဟိုတယ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းတို့နှင့်တွေ့ဆုံခွင့် ရခဲ့တုန်းကအပြန်အလှန်ပြောဆိုဖြစ်ခဲ့တာလေးတွေကိုပါ။
ဝန်ကြီးဦးအောင်မင်းကို ကျွန်တော်က ယနေ့မြန်မာနိုင်ငံထဲမှာပြန့်ပွားနေတဲ့ (Hate Speach) တွေကို တားမြစ် ပေးဖို့တင်ပြခဲ့ပါတယ်။မဟုတ်မမှန် လုပ်ကြံစကားတွေ -စွတ်စွဲချက်တွေနဲ့ အမုန်းတရားတွေဟောပြော ဖြန့်ဝေနေတာတွေ ကို နိုင်ငံတော်အစိုးရက တားဆီးပေးသင့်ပါတယ်-နိုင်ငံတော်မဟာသံဃနာယကဆရာတော်ကြီးများကိုလဲ ဒီဟောပြောချက် တွေကို ဟန့်တားပေးပါမည့်အကြောင်း လျှောက်ထားသင့်ပါတယ်- လို့ပြောလိုက်တော့။
ဝန်ကြီးဦးအောင်မင်းရဲ့အဖြေက ကျွန်တော့်ကို တော်တော်အံ့အားသင့်သွားစေခဲ့ပါတယ်။
ဝန်ကြီးဦးအောင်မင်းအဖြေပေးခဲ့တာက “ဟုတ်တယ်-မွတ်စလင်နိုင်ငံတွေက-ကျွန်တော်တို့ကို-ပရက်ရှာတွေ- တော်တော်ပေးတယ်-မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်မရှိဘူးဆိုပြီးတော့-ကျွန်တော်ပြန်ပြောလိုက်တယ်-ဆူးလေ ဘုရားနားကိုလာကြည့်ပါ-ဘုရားရယ်-ဗလီရယ်-ချခ်ျရယ်-ဘာသာစုံ-တစ်နေရာထဲမှာ-အေးအေးချမ်းချမ်းနေနှိုင်တာ-ဘယ် နိုင်ငံမှာရှိလဲ-ကျွန်တော်တို့ မြန်မာနိုင်ငံမှာပဲ ဒါမျိုးရှိတယ်-ခင်ဗျားတို့နိုင်ငံမှာ ကျွန်တော်ဘုရားလာတည်မယ်-ရမလား-လို့ ပြန်မေးလိုက်တယ်” တဲ့ဗျား။
ကျွန်တော်တင်ပြတာကတခြား-သူဖြေတာကတလွဲ။ကျွန်တော် တော်တော်စိတ်ပျက်သွားမိတယ်။
ဒါနဲ့ကျွန်တော်လဲဝန်ကြီးကိုပြန်လည်ရှင်းလင်းတင်ပြမိတယ်။
“ ဝန်ကြီးဦးအောင်မင်းခင်ဗျား-ကျွန်တော်ပြောတဲ့စကားအဓိပ္မါယ်ကို-ဝန်ကြီးသဘောမပေါက်ဘူးထင်ပါတယ်- ကျွန်တော်ပြန်ရှင်းပြပါရစေ—-ကျွန်တော်တို့မြန်မာနိုင်ငံထဲမှာ-အစ္စလာမ်ဘာသာကိုဆန့်ကျင်တဲ့ စာရွက်စာတမ်းတွေဟာ ဆိုရှယ်မီဒီယာမှာရော-ပုံနှိပ်မီဒီယာမှာပါပြန့်နှံ့နေပြီး တရားပွဲတွေမှာ ဟောပြောနေတာတွလဲ တွေ့နေရပါတယ် ”-ဆိုတော့
ဝန်ကြီးက “မရှိပါဘူး ” တဲ့ဗျာ-
ကျွန်တော်က“ဟာ-ဝန်ကြီးရယ်-ရှိပါတယ်ခင်ဗျာ-လူသိရှင်ကြားပါ-ဂျာနယ်တွေထဲမှာပါပါတယ်-ကရင်ပြည်နယ်မှာ- မွန်ပြည်နယ်မှာ-တာချီလိတ်မှာ-ဧရာဝတီတိုင်းမှာ နေရာအနှံ့ ထင်ထင်ရှားရှားဖြစ်နေတာပါ-ရန်ကုန်မြို့လည်ခေါင်မှာ- တရားပွဲတွေလုပ်ပြီးဟောပြောနေသလို-မန္တလေးမှာလဲ မြို့အနှံ့ မွတ်စလင်မ်ဆန့်ကျင်ရေးစာရွက်စာတမ်းတွ ဝေနေပါတယ်” ဆိုတော့ ဝန်ကြီးဦးအောင်မင်းက လက်ခံလိုပုံမရပေမဲ့ ဝန်ကြီးဦးစိုးသိန်းက “ဟုတ်ပါတယ်-ဖြစ်နေပါတယ် ”-လို့ လှမ်းပြော လိုက်တော့မှ မငြင်းတော့ပါဘူး။
ဒါနဲ့ကျွန်တော်က ဆက်ပြီးတော့- “ ဒီကိစ္စတွေကို-သက်ဆိုင်ရာတာဝန်ရှိသူများကနေ တားဆီးပေးစေချင်ပါတယ်- ဒီစာရွက်တွေဝေတာ-တရားတွေဟောတာဟာ- ကျွန်တော်တို့အတွင်တော့ ပြသနာမရှိပါဘူး- ကျွန်တော်တို့ အရေထူနေပါ ပြီ -ကျွန်တော်တို့မှာ ငြိမ်းချမ်းစွာနေလိုကြတဲ့ ရဟန်းသံဃာတွေ-လူထုတွေအများကြီးရှိနေပါတယ်- ဒါပေမဲ့-ဒီဟောပြော ချက်တွေ- ကြော်ငြာချက်တွေဟာ-မြန်မာပြည်ထဲတင်ပြန့်တာမဟုတ်ပါဘူး-နိုင်င့တကာမီဒီယာတွေကတဆင့်-အင်္ဂလိပ်ဘာ သာပြန်ပြီး-တကမ္ဘာလုံးကိုပြန့်နေပါတယ်-ဒီလို တကမ္ဘာလုံးကိုပြန့်တော့-မွတ်စလင်မ်နိုင်ငံတွေက မြန်မာနိုင်ငံအပေါ်ဖိအား ပေး-ဒီလိုဖိအားပေးတော့-မင်းတို့မွတ်စလင်မ်နိုင်ငံတွေက တို့နိုင်ငံကိုဖိအားပေးတယ်ဆိုပြီး-ကျွန်တ်ာတို့ မွတ်စလင်မ်တွေ ကိုပဲအပြစ်မြင်-ဖြစ်ရလို့ပါ-မြန်မာနိုင်ငံရဲ့ နိုင်ငံတကာ ပုံရိပ်ကိုလည်း ထိခိုက်စေတဲ့ကိစ္စမို့ပါ” —လို့ရှင်းပြတောင်းဆိုခဲ့ရ ပါတယ်။
ဒါပေမဲ့လည်း-ဝန်ကြီးများဘက်ကနေ တတ်နိုင်သမျှ တာီးး ဟန့်တားပေးပါ့မယ်-ဆိုတဲ့ အဖြေ-မရခဲ့ပါဘူး။
အဆိုပါ ကိစ္စတွေဟာ-လွတ်လပ်တဲ့သတင်းမီဒီယာခေတ်ရောက်လာလို့ပဲ ဖြစ်ရသယောင်ယောင်-ဒါတွေကို တားဆီးလိုက်ရင်ပဲ-မီဒီယာ လွတ်လပ်ခွင့်ကိုထိပါးသွားမှာ ဖြစ်သယောင်ယောင် ပြောကြားသွားခဲ့ပါတယ်။
သူတို့က Hate Speach တွေပြောရင်- ခင်ဗျားတို့က Love Speach တွေများများပြောပေါ့ဗျာ-ခင်ဗျားတို့ ပြောခွင့်ရဘို့- ဝန်ကြီးချုပ်ဦးရဲမြင့်ကိုလည်း တင်ပြပေးပါ့မယ်- ဆိုတာလောက်ပဲ -အဖြေရခဲ့ပါတယ်။
တကယ်ဆိုရင် လွတ်လပ်စွာပြောဆိုခွင့် -ဆိုတာထဲမှာ-ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိပါးဆန့်ကျင်ပြောဆိုလို့ မရပါဘူး။
အခုလို ဘာသာရားတခုခုကို မုန်းတီးလာအောင်- မဟုတ်မမှန် စွတ်စွဲပြောဆို ရေးသား ဟောပြောမှုတွေဟာ ဖွဲ့စည်းပုံအခြခံဥပဒေကို ဆန့်ကျင်နေတာ အထင်အရှားပဲဖြစ်ပါတယ်။ တာဝန်ရှိသူအစိုးရအနေနဲ့ မဖြစ်မနေ ဟန့်တား အရေးယူရမဲ့ကိစ္စဖြစ်ပါတယ်။
ကျွန်တော်တင်ပြတောင်းဆိုတဲ့အထဲမှာ-အရေးယူဖို့ မပါပါဘူး-ဒါပေမဲ့ ဝန်ကြီးမင်းများ-ဘာမှလုပ်မပေးခဲ့ပါဘူး။ လုပ်ပေးပါ့မယ်-လို့လဲ ကတိမပေးခဲ့ပါဘူး။
အဲ့ဒီတော့-ကိုမြအေးတို့အဖွဲ့နဲ့ တွေဆုံတဲ့ အခန်းအနားမှာ -ကျွန်တော်က ဒီအဖြစ်အပျက်ကိုထောက်ပြပြီးတော့-
ငြိမ်းချမ်းရေး-ဘာသာပေါင်းစုံချစ်ကြည်ရေး-ပြည်ထောင်စုကြီးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ်တဲ့ နေရာမှာ- လူနဲစုတွေအားထုတ်တာထက်-လူများစုက အားထုတ်တာ ပိုမိုထိရောက်ပါတယ်-ဒါကြောင့် လူများစုကလည်း ကြိုးပမ်းအားထုတ်ကြရပါမယ်- ဒီလိုပါပဲ- တိုင်းသူပြည်သားတွေက ကြိုးပမ်းအားထုတ်တာထက်- အစိုးရက ကြိုးပမ်း အားထုတ်တာက ပိုမိုထိရောက်ပါတယ်- ကြိုးပမ်းအားထုတ်ဖို့ အစိုးရမှာ အဓိကတာဝန်ရှိပါတယ်။
ကိုမြအေးတို့ အဖွဲ့ဟာ အစိုရအဖွဲ့ဝင်လူကြီးများကို လက်လှမ်းမှီပါတယ်- အစိုးရအဖွဲ့ဝင်တွေကို Educate လုပ် ပေးကြပါ- တာဝန်ရှိတာတွေ ပြောပြပေးကြပါ။
ကျွန်တော်တို့ကတော့ ကျွန်တော်တို့မြို့ ကျွန်တော်တို့ အတိုင်းအတာနဲ့- ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးရေး လုပ်ငန်းရပ်တွေကို ယခင်ကလည်းလုပ်ဆောင်ခဲ့ပါတယ်-လက်ရှိလည်းကျိုးစားနေကြသလို- သဟဇာတ အဖွဲ့ကြီးကို လူမျိုးစုံဘာသာစုံပါဝင်ပြီးဖွဲ့စည်းနိုင်ဖို့အတွက် ဆရာတော်ကြီးများသြဝါဒခံယူလျက် ပြင်ဆင်နေကြပါတယ်-နောက်နောင် လည်း ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်-လို့ တင်ပြဖြစ်ခဲ့ပါတယ်။
Tags: Burma
February 26, 2013 at 1:04 pm |
Dear Mg Mg, Ko Mya Aye and friends. What you all are saying is right. We need to try various ways. To expose the LIES and to pressure the government to take action on Hate Speeches and Hate Mongers. As they are using Muslims of Myanmar as a scapegoat or sacrificial lamb for their political gains they will keep on searching LAME EXCUSES life the WOLF who was determined to eat a poor lamb in “The Wolf and the Lamb” fable of Aesop. A wolf comes upon a lamb and, in order to justify taking its life, accuses it of various misdemeanours, all of which the lamb proves to be impossible. Losing patience, it says the offences must have been committed by someone else in the family and that it does not propose to delay its meal by enquiring any further about the matter. The morals drawn are that the tyrant can always find an excuse for his tyranny and that the unjust will not listen to the reasoning of the innocent.Read this>http://en.wikipedia.org/wiki/The_Wolf_and_the_Lamb
BUT WE MUSLIMS of Myanmar are strong…We will resist by various means as Mg Mg, Ko Mya Aye and my friends commented. At last those RACISTS will end up with failure, In Sya Allah.
February 26, 2013 at 1:04 pm |
TQ all esp Mg Mg. We need to discuss BUT need not fight amongst ourselves. We need brain storming and think about ALL the ideas. NO NEED to ridicule others. Those with same thoughts could combine forces and work together. Those not agree could do in different ways. WE ALL need to agree to disagree but must have a UNITY in DIVERSITY. Please read this>>>Brainstorming is a group or individual creativity technique by which efforts are made to find a conclusion for a specific problem by gathering a list of ideas spontaneously contributed by its member(s). The term was popularized by Alex Faickney Osborn in the 1953 book Applied Imagination. Osborn claimed that brainstorming was more effective than individuals working alone in generating ideas, although more recent research has questioned this conclusion.[1] Today, the term is used as a catch all for all group ideation sessions.http://en.wikipedia.org/wiki/Brainstorming
February 26, 2013 at 1:05 pm |
We really need a THINK TANK…how to deal with all those problems facing by Muslims of Myanmar…A policy institute (often termed “think tank” by journalists) is an organization that performs research and advocacy concerning topics such as social policy, political strategy, economics, military, technology, and culture. Most policy institutes are non-profit organizations, which some countries such as the United States and Canada provide with tax exempt status. Other think tanks are funded by governments, advocacy groups, or businesses, or derive revenue from consulting or research work related to their projects.[1] 2011 Global Go To Think Tank Rankings cover most of the major policy institutes worldwide. [2]
The following article lists global policy institutes according to continental categories, and then sub-categories by country within those areas. These listings are not comprehensive, given that more than 4,500 policy institutes exist world wide.http://en.wikipedia.org/wiki/Thinking_outside_the_box
February 26, 2013 at 1:06 pm |
For those who do not know…I am addressing U Maungmaung Skw as Mg Mg not because I do not respect him but I respect and love him. He is my real younger brother No 5. I am proud of you Mg Mg. U R doing a great job. May Allah bless you with success.
The term “agree to disagree” or “agreeing to disagree” is a phrase in English referring to the resolution of a conflict (usually a debate or quarrel) whereby all parties tolerate but do not accept the opposing position(s). It generally occurs when all sides recognise that further conflict would be unnecessary, ineffective or otherwise undesirable. They may also remain on amicable terms while continuing to disagree about the unresolved issues.
The phrase “agree to disagree” first appeared in print in 1770 when, at the death of George Whitefield, John Wesley wrote a memorial sermon which acknowledged, but downplayed, the two men’s doctrinal differences:
“There are many doctrines of a less essential nature … In these we may think and let think; we may ‘agree to disagree.’ But, meantime, let us hold fast the essentials…”[1]
Wesley was the first to put the phrase “agree to disagree” in print,[2] but he enclosed it in quotation marks. In a subsequent letter to his brother Charles, Wesley attributed it to Whitefield (presumably George Whitefield):
“If you agree with me, well: if not, we can, as Mr. Whitefield used to say, agree to disagree.”[3]
The phrase “agree to differ” predates “agree to disagree”, having appeared in the early part of the century in a sermon by John Piggott: “And now why should we not agree to differ, without either enmity or scorn?”[4] (Sermon on Union and Peace, preach’d to several Congregations, April 17, 1704). It expresses a similar idea without the play on words.
Its advantage over “agree to disagree” is that it does not pose an apparent logical contradiction. Game theorist and mathematician Robert Aumann argues that two people with common prior probability cannot agree to disagree.[5] However, the issues of agreement and disagreement are about separate concerns. Hence, the phrase is not actually a contradiction, when the implied parts are inserted: “agree [in principle] to disagree [about other issues]”. The wording can be considered as a form of elliptical phrase, where the omitted portions, as two separate concerns, will help to clarify the intended meaning of the short phrase. The agreement is a long-term strategy, as a shared viewpoint of the opposing sides, to leave the disagreement, about the other issues, as an unresolved matter.
Economist Frank J. Fabozzi argues that it is not rational for investors to agree to disagree; they must work toward consensus, even if they have different information. For financial investments, Fabozzi posits that an investor’s overconfidence in his abilities (irrationality) can lead to “agreeing to disagree”—the investor thinks he is smarter than others.[6]
A related phrase, normally reserved for informal and temporary arrangements in political affairs, is the Latin phrase “modus vivendi” (literally, “way of living”), and it is used in the same manner as “agree to disagree”. However, it can be viewed as a thought-terminating cliché in certain circumstances.http://en.wikipedia.org/wiki/Agree_to_disagree
February 26, 2013 at 1:08 pm |
Unity in diversity is a concept of “unity without uniformity and diversity without fragmentation” [2] that shifts focus from unity based on a mere tolerance of physical, cultural, linguistic, social, religious, political, ideological and/or psychological differences towards a more complex unity based on an understanding that difference enriches human interactions. The concept of unity in diversity was used “in non-Western cultures such as indigenous peoples in North America and Taoist societies in 400-500 B.C. In premodern Western culture it has been implicit in the organic conceptions of the universe that have been manifest since the ancient Greek and Roman civilizations through medieval Europe and into the Romantic era.”http://en.wikipedia.org/wiki/Unity_in_diversity
In 2000, the European Union adopted ‘United in Diversity’ (Latin: In varietate concordia) as official Motto, a reference to the many and diverse member states of the Union in terms of culture. Apart from its English form, the European Union’s motto is also official in 22 other languages. “Unity in diversity” was selected in through a competition process involving students from member nations. According to the European Commission:[8]
“ The motto means that, via the EU, Europeans are united in working together for peace and prosperity, and that the many different cultures, traditions and languages in Europe are a positive asset for the continent.
February 26, 2013 at 1:08 pm |
1. Myanmar Muslims must understand and accept that we need to be in various fields of Socio-political struggles: e.g. in NLD, NGOs, in Parliament, in the government (National or local level), Private and Joint Venture business, USDP, Various Religious or Islamic organizations whether Islamic Council, Ulama, Tabaligue, 8888, ABSDF, Different other religious groups or even different rebel groups. (Even in military/police if possible)
2. We should avoid attacking other different sects’ religious activities, which is their personal affairs.
3. Different sects of Muslims must be united and work together in Socio-political reasons (Education or Welfare activities or health aid or NGO works etc. Different religious practices are personal affairs to practice individually, in the houses, in the families, in the respective mosques etc.
4. We need to AGREE to disagree in Intra Islam affairs.
5. We need to deal together, join our hands to face the non-Muslim and Gov assault. Not to fight back but by peaceful resistences. (But those who really wish to rebel, they should be allowed ON THEIR OWN RISK. But majority should better stay clear from violent means)
6. We should open the door of communication or a HOT LINE with ALL the Islamic organizations, NLD, Monks (who understand and want peace) and the present gov, local authorities, police USDP etc. to “REQUEST” some activities during emergencies like this time.
7. We should act as the glue, bond, or coordinator, between the Myanmar Islamic groups which are hostile to each other.
We distribute the information to them, we gather information, strategies etc. Like this common problem… We all need to understand and accept that we all are doing for Socio-political improvement of all the Muslims in Myanmar.