Bigot Buddhist Monks’ attempt to do religious cleansing on Christians in Myanmar

Anti ch Bur Monks

Source: FB of Duwa Kachin April 10-2013
ဘာသာတရားဟာ ပြဿနာ မရှိပေမယ့် ဘာသာရေးဟာ ပြဿနာ ဖြစ်တယ်။
*************************
ဒီ ၀ါဒဖြန့်စာ ကို လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ဒူဝါ တခါ ဖတ်ဖူးပါတယ်။ အဲဒီ တုန်းက သူငယ်ချင်း တစ်ယောက် နဲ့ သုံးသပ်ကြည့်တာက အဲဒီ မတိုင်ခင် ၁၀ နှစ်လောက်က ဖြန့်တာ ဖြစ်လိမ့်မယ် လို့ ယူဆခဲ့ဖူးတယ်။ ဒီတော့ ဒီ ကာလ နှစ်ခု ပေါင်းလိုက်ရင် ၂၂ နှစ် လောက်က လို့ ယူဆလို့ ရတာပေါ့။ အဓိက အချက်ကတော့ သုံးတဲ့ ငွေကြေး ပမာဏ ကို သုံးသပ်ကြည့်တာပါ။

ကျနော်တို့ မြန်မာ နိုင်ငံသားတွေက သူများနိုင်ငံ ကနေ ၀င်လာတဲ့ ဘာသာတရား တွေနဲ့ ရန်ဖြစ်နေကြတယ်။ ဘာသာတရား တိုင်းက မြန်မာပြည်မှာ အစ ဖြစ်ခဲ့တာ မရှိပါဘူး။ အားလုံးက အရှေ့ အာရှ က ရောက်လာတာပါ။ အချိန်ကုန်ခံပြီး ဘယ်ဘုရားမှ မကြိုက်တဲ့ အတင်းအဖင်း ပြော၊ ခိုက်ရန်တွေ ဖြစ်နေကြတယ်။

တကယ်တော့ ယုံကြည်မှု ဆိုင်ရာ ဘာသာတရား တိုင်းက လူတွေ စိတ်ဓါတ်ရေးရာ မြင့်မြတ်လာပြီး ကမ္ဘာကြီး ပိုမို သာယာလာဖို့ပါ။ ချစ်ခြင်း မေတ္တာ တရား နဲ့ ပြည့်ဝ တဲ့ ကမ္ဘာကြီး ဖြစ်လာဖို့ ဘာသာတရားကို လူတွေ လက်ခံယုံကြည်လာတယ်။ ဒါ့အပြင် နောင်ဘ၀ အတွက် စိတ်ချရတဲ့ ပန်းတိုင် တခုစီ ထားတတ်ကြပါတယ်။

ဘာသာတရားတိုင်းက တပါးသူကို ဒုက္ခ ရောက်စေမဲ့ အပြုအမူ လက်မခံ ပါဘူး။

ဒါပေမယ့် လူတွေရဲ့ အတ္တ နဲ့ ဘာသာတရားကို ကိုယ်လိုရာ ဆွဲယူတယ်။ ဓမ္မတရား မလိုက်နာပဲ၊ အဓမ္မ တရားကို လူတွေ ပို စိတ်ဝင်စားတယ်။

ဘာသာတရား တခုကို လူ တစ်ယောက် လက်ခံဖို့ အဓမ္မ အမှုနဲ့ လုပ်လို့ မရပါဘူး။ ဟိုး အရင်တုန်းက အနှိုင်းမဲ့ အာဏာရှင် ဘုရင်ခေတ်မှာ တောင် ဘာသာခြားတွေ ပပျောက်သွားအောင် လုပ်လို့ မရခဲ့ပါဘူး။ အစွန်းရောက်တဲ့ ကွန်မြူနစ် နိုင်ငံတွေမှာလဲ ဘာသာတရား ကို နှိပ်ကွပ်ခဲ့ပေမယ့် ပပျောက်သွား အောင် မလုပ်နိုင်ခဲ့ဘူး။ ဒါတွေဟာ အချိန်ကုန်ပြီး ကိုယ့်ဟာကိုယ် နာမည်ဖျက်ယူတာပဲ အဖတ်တင်ပါတယ်။

ဒီတော့ ဘာသာတရား တခု ကို တပါးသူတွေ စိတ်ဝင်စားလာဖို့ ဆိုသည်မှာ အဲဒီ ဘာသာတရား ကို လက်ခံယုံကြည်တဲ့ လူမျိုး၊ လူပုဂ္ဂိုလ် တဦချင်းစီ ရဲ့ အပြုအမူ၊ အကျင့်စရိုက် ဘယ်လောက် ကောင်းလာသလဲ ဆိုတဲ့ အပေါ်မှာ မူတည်လာပါတယ်။

ကချင်လူမျိုး နဲ့ ချင်း တွေ ဘာဖြစ်လို့ အနီးဆုံး ဘာသာတရားကို စိတ်မ၀င်စားပဲ အဝေးဆုံးကလာတဲ့ ခရစ်ယာန်ဘာသာကို စိတ်ဝင်စားခဲ့သလဲ ဆိုတာ စဉ်းစားဖို့ လိုပါတယ်။

ခရစ်ယာန်ဘာသာပိုပြီး ပြည့်စုံတယ်လို့ ပြောချင်တာ မဟုတ်။ လက်တွေ့ဘ၀မှာ ခရစ်ယာန်သာသနာဟာ ကျနော်တို့ကို ဒုက္ခမပေးခဲ့ဘူး။ မဒိမ်းမကျင့်ခဲ့ဘူး။ ရွာမီးမရှို့ခဲ့ဘူး။ သူတို့ဟာ ချစ်ခြင်းမေတ္တာ တရားနဲ့ ၀င်လာတယ်။ ပညာသင်ပေးတယ်။ ကျန်းမာရေးအတွက် ဆေးရုံတွေ ဖွင့်ပေးတယ်။ ခရစ်ယာန် သာသနာပြုဆရာတွေဟာ ကချင်စကားတောင် မပြောတတ်ခဲ့ဘူး။ သူတို့ရဲ့ ဘုရားအကြောင်း ကချင်တွေ နားလည်အောင် စကားနဲ့ မပြောဘူး။ လက်တွေ့ အလုပ်နဲ့ ပြတယ်။ ကချင်တွေဟာ ကျမ်းစာဖတ်တတ်လို့ ဘုရားသိလာတာ မဟုတ်၊ အဲဒီ ဘုရားကို ကိုးကွယ်တဲ့ လူတွေရဲ့ အပြုအမူကို သိမြင်လာလို့ ခရစ်ယာန် ဖြစ်လာတာပါ။ ကချင်တွေကို သာသနာပြုတာ အမေရိကန်တွေပါ၊ အင်္ဂလိပ် အစိုးရ မဟုတ်ပါဘူး။ အင်္ဂလိပ် ကိုလိုနီ ခေတ် ချုပ်ငြိမ်းသွားအောင် တွန်းအားပေးခဲ့တာလဲ အမေရိကန် အစိုးရ ပါပဲ။ သခင် အောင်ဆန်း နဲ့ ဗမာ ကျောင်းသားတွေကို တော်လှန်ရေး စိတ်ဓါတ် နဲ့ နိုင်ငံရေး အတွေးအမြင် ပေးခဲ့တာလဲ အမေရိကန် ပညာရေး ပါ။ ဒီနေ့ထိ ကမ္ဘာမှာ ထိပ်ဆုံးကို ရောက်လာအောင် သူတို့ နိုင်ငံကို တည်ထောင်လာခဲ့တဲ့ ဘိုးဘွားတွေဟာ ရိုဒေါ့ကျွန်းမှာ ပထမဆုံး တည်ထောင်ခဲ့တဲ့ ခရစ်ယာန် အသင်းတော် တခုရဲ့ အခြေခံ ဥပဒေ ကို အခြေပြုပြီး အမေရိကန် အစိုးရ ရဲ့ အခြေခံ ဥပဒေ ကို ရေးဆွဲ ခဲ့တာပါ။ ဒီနေ့ထိ အမေရိကန် ဒေါ်လာမှာ “In God We Trust” ဆိုတာ ရှိနေတုန်းပါ။ ဒါဟာ အသက်ရှင်တဲ့ ဘုရားတဆူ ဟာ သူတို့အထဲမှာ တကယ် အလုပ်လုပ်နေတယ် ဆိုတာ ကချင်တွေ သိနေလို့ ခရစ်ယာန်ဘာသာတရားကို မစွန့်နိုင်ခြင်း ဖြစ်ပါတယ်။ ချင်း၊ ကရင် နဲ့ ကချင်တွေကို သတ်လိုက်လို့ ခရစ်ယာန်ဘာသာတရား ပျောက်သွားမှာလဲ မဟုတ် ပါဘူး။ ဒီတော့ ဘာဖြစ်လို့ အချိန်ကုန်ခံမလဲ။ ငွေကုန်ခံမလဲ။

ကိုယ့်ဘာသာတရား နဲ့ ကိုယ် ရှိနေတာ ဘာမှ ပြဿနာ မဟုတ်ပါ။ ပြဿနာကတော့ အဲဒီ ဘာသာတရားကို မလိုက်နာတဲ့ ပြဿနာပဲ။ လူတိုင်းက ဘာသာတရား ကို တကယ်လိုက်နာရင် လူမျိုးခြား၊ ဘာသာခြားကိုလဲ ဒုက္ခ မပေးဘူး။ တကယ်တော့ ဘာသာရေး ထက် ဘာသာတရား လိုက်နာဖို့ ပို အရေးကြီးတာပါ။

ဘာသာရေး လုပ်စားတဲ့ ဘာသာရေး ခေါင်းဆောင်တွေသာ လူမျိုးခြား၊ ဘာသာခြားကို လက်ညှိးထိုးပြီး လူပိန်းကြိုက်တရား ဟောတတ်တယ်။ ဘာသာရေး ခေါင်းဆောင် လုပ်စားတဲ့လူတွေဟာ သူတို့ရဲ့ အာဏာ ပါဝါ အတွက် ဘာမဆို လုပ်တတ်ကြပါတယ်။ စစ်မှန်တဲ့ ဘာသာရေး ခေါင်းဆောင် တွေကတော့ သူတို့ တပည့်အရင်း တွေရဲ့ အတင်းပြောတာတောင် ခံရတတ်ပါတယ်။

ကမ္ဘာကြီး ငြိမ်းချမ်းပါစေ။

Tags: , , , , , , , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: