President U Thein Sein is blind, deaf and dumb on the news of choosing Muslims to be killed, looted, destroyed property just because their religion and the damaging of Masjids, burning Qur’ans and closing of Mardarasas.
If not we all are sure that he shamelessly is lying through his teeth.
Successive military governments have being discriminating Muslims of Myanmars just because of their religion and created numerous anti-Muslim Riots.
Go to hell U Thein Sein IF you fail to arrest Wira Thu, Shwe Nyawar led 969 TERRORISTS, Swarn Ar Shins and military affiliated terrorist leaders who planned, financed, executed and controlled from behind.
ICC is waiting for you if you fail to stop all these atrocities and start to give EQUAL RIGHTS on all the Muslims of Myanmar.
မေလ ၆၊ ၂၀၁၃
M-Media
ဆူးထက်
ယနေ့ ည(၈)နာရီ သတင်းတွင် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင် အစီရင်ခံစာနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်မှ ပြောကြားသည့် မိန့်ခွန်း မှ ကောက်နှုတ်ချက် များဖြစ်ပါသည်။
“ ပဋိပက္ခ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ အစိုးရရဲ့ ရပ်တည်ချက်က လက်ရှိအခြေအနေကို လက်တွေ့ကြတဲ့ နည်းလမ်းများနှင့် ကိုင်တွယ်ဖြေရှင်းပြီး အနာဂတ်မှာ ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ပေါက်လာရေးကို ရှေ့ရှုတဲ့ ဦးတည်ချက်များနှင့် လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောကြားလိုပါတယ်။
ဒီမိုကရေစီ ဖော်ဆောင်တဲ့နေရာမှာ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေရေးဆိုတဲ့ အချက်တွေကိုလည်း မဖြစ်မနေ တစ်ပါးတည်း ကြိုးပမ်း ဖော်ဆောင်နေခြင်း ဖြစ်ပါတယ်။ မတူညီတဲ့ ကိုးကွယ် ယုံကြည်မူတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံ အနှစ်သာရဟာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမူပဲ ဖြစ်ပါတယ်။ ဒီအပြန်အလှန် လေးစားမူ ရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာ ဖြစ်ပြီးတော့ နိုင်ငံသား တစ်ဦးချင်းစီရဲ့လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မူနှင့် ပတ်သပ်ပြီးတော့လည်း ကျွန်တော်တို့ အစိုးရအနေနဲ့ အစဉ်လေးစား ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီရဲ့ အခြေခံ အနှစ်သာရ တစ်ခုဖြစ်တဲ့ လွတ်လပ်စွာ ဖော်ထုတ် ပြောဆို ပိုင်ခွင့်နဲ့ ပတ်သက် ပြီးတော့လည်း ပြောကြားလိုပါတယ်။ လွတ်လပ်စွာပြောဆိုမူများ၊ လှုံဆော်မူများဟာ ပဋိပက္ခများကို ပိုမိုကြီးထွားစေခဲ့ပါတယ်။ ဒီနေရာမှာ ကျွန်တော်တို့ သတိပြုရမယ့် အချက်တစ်ခုဟာ အခွင့်အရေးတစ်ခုကို လွဲမှားစွာ အသုံးချခြင်းဟာ အခြားအခွင့်အရေးများကို ဆုံရှုံးစေတယ်ဆိုတာကို သတိပြုရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာဝင်များရဲ့ ဘုရား၊ ကောင်းကန်၊ စေတီ၊ ပုထိုးများ၊ ခရစ်ယာန်ဘာသာဝင်များရဲ့ ဘုရားရှီခိုးကျောင်းများ၊ အစ္စလာမ်ဘာသာဝင်များရဲ့ဗလီတွေနဲ့ ဟိန္ဒူဘာသာဝင်များရဲ့ကျောင်းများ နိုင်ငံသားများ အကြားမှာလည်း သမိုင်းနဲ့ချီတဲ့ လူမူရေး သံယဇာတ ရှိပြီး ဖြစ်ပါတယ်။
ရခိုင်တိုင်းရင်းသားများနဲ့အစ္စလာမ်ဘာသာကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုလုံးရဲု့ လူမူ၊စီးပွား အထွေထွေ နိမ့်ကျမူများနဲ့ စတဲ့ အချက်တွေက်ု လှစ်လျှူရှုပြီး ရခိုင်တိုင်းရင်းသားများနှင့် အစ္စလာမ်ဘာသာာကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုရဲ့ ပဋိပက္ခကို ဗုဒ္ဓဘာသာများနှင့် မွတ်စလင်များ အကြားမှာ ဖြစ်ပွားတဲ့ ပဋိပက္ခအသွင် ကျဉ်းမြောင်းတဲ့ အမြင်နဲ့ လွဲမှားစွာ ပုံဖော်နေခြင်း၊ ရှုမြင်ခြင်းဟာ ကြုံတွေ့နေရတဲ့ ပြဿနာများကို ဖြေရှင်းရာ ပိုပြီး ခက်ခဲလိမ့်မယ် ဖြစ်ပါတယ်။ နောက်ဆက်တွဲ အနေနဲ့ မိထ္တီလာမြို့များနဲ့ ဥက္ကံမြို့များမှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများဟာလည်း ဘာသာရေးပြဿနာများအဖြစ် မှားယွင်းစွာ ပုံဖော်ခဲ့ခြင်းရဲ့ အကျိုးဆက်များ အဖြစ် ရှူမြင်နိုင်ပါတယ်။
နယ်မြေဒေသ အသီးသီး အေးချမ်းရေးနှင့် ပဋိပက္ခများ ထပ်မံမဖြစ်ပွားစေရေးအတွက် တရားဥပဒေ စိုးမိုးရေး အစီအမံများ ချမှတ်ဆောင်ရွက်ရေး ဖြစ်ပါတယ်။ တာဝန်ရှိတဲ့ လုံခြုံရေး အဖွဲ့အစည်းများ အနေနဲ့ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ကိစ္စရပ်များ အပြည့်အ၀ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျွန်တော့် အနေနဲ့ နိုင်ငံတော်သမ္မတရဲ့ လုပ်ပိုင်ခွင့် အခွင့်အာဏာများ အသုံးပြု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ လုံခြုံရေး အဖွဲ့အစည်းများဟာ ပြည်သူ့ဝန်ထမ်း စစ်ဝန်ထမ်း များက ဥပဒေအရ တိတိကျကျ လိုက်နာဆောင်ရွက်စေဖို့လည်း ကျွန်တော်အနေနဲ့ ညွှန်ကြားအမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ပဋိပက္ခများအတွင် ဖြစ်ပွားခဲ့တဲ့ ဥပဒေချိုးဖောက်မူများကိုလည်း ဘက်လိုက်မူမရှိဘဲ ထိရောက်စွာ အရေးယူသွားမှာ ဖြစ်ပါတယ်။ ပဋိပက္ခများကြောင့် အိုးအိမ်၊ စည်းစိမ်များ ပျက်ဆီး ဆုံးရှုံးခဲ့ရသူများ အတွက်လည်း ကယ်ဆယ်ရေး၊ ကူညီစောင့်ရှောက်ရေးများကလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အထူးသဖြင် ဒုက္ခသည်များအတွက် မိုးမကျမီ အမိုးအကာ အချိန်မီ ရောက်ရှိရေး၊ ကလေးသူငယ်ချား အာဟာရ ပြည့်ဝစေရေး၊ ပညာသင်ကြားနိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ နာကျင်မူများနှင့် မလုံခြုံမူများကို ကုစားပေးနိုင်ရေး၊ ကူးဆက်ရောဂါများကို ဟန့်တားရေး၊ အသက်မွေးဝမ်းကြောင်းနဲ့ ဒေသစီးပွားရေး ပုံမှန် အခြေအနေ ပြန်လှန်ရောက်ရှိရေးနဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ရေးတို့ကို အလျှင်အမြန် အရေးယူဆောင်ရွက် သွားမှာ ဖြစ်ပါတယ် ”
ရခိုင်ပြည်နယ် အရေးကိစ္စကိုကိုင်တွယ်လုပ်ဆောင်ရာမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ရခိုင်ပြည်နယ်အတွင်းမှာ မူလကရောက် ရှိနေကြတဲ့ အစ္စလာမ် ဘာသာကိုးကွယ် သူများအား လူသားချင်းစာနာထောက်ထားသည့် အနေဖြင့်သူတို့ရဲ့ အခြေခံ ရပိုင်ခွင့်များနဲ့ အခွင့်အရေးများကို လက်တွေ့အကျဆုံး နည်းလမ်းများနဲ့ အရေးယူ ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ရခိုင်တိုင်းရင်းသားများရဲ့ ခံစားမှုနှင့် လိုလားချက်များ ကိုလည်း လုံးဝလျစ်လျူရှုမှာ မဟုတ်ကြောင်း ၊
မြန်မာ့ရုပ်မြင်သံကြား သတင်းတွင် သမ္မတ၏ (၁၃)မိနစ်ကျော် မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အပြည့်အစုံ ဖတ်လိုလျှင် http://www.president-office.gov.mm/zg/briefing-room/news/2013/05/06/id-3249
Tags: Burma, Muslim, Myanmar, Qur'an, Rakhine State, Rohingya people, Thein Sein, Wira Thu
May 7, 2013 at 3:44 am |
President U Thein Sein is playing fool on people of Myanmar and is shamelessly lying through his teeth but the whole world knows about his cowardice and inaction as a mere puppet of the former Senior General Than Shwe.