ဟဂျ်ကျင့်ထုံးနှင့် ပညတ်တော်များ ကျမ်း

Source U Maung Maung

ဗစ်စမစ်လာဟစ်ရဟ်မာန်းနစ်ရဟီး
ဒီကနေ့တော့ ဘာသာရေးသီးသန့် Status တခုအခန်းဆက်ကလေး တင်ပြချင်ပါတယ်။
လွန်ခဲ့တဲ့ ၁၉၉၉ခုနှစ်က မန္တလေးက ဦးခင်မောင်သက်(ရီစွတ်ဘိုင်)ကလက်ဆောင် ပေးခဲ့တဲ့ စာအုပ်လေးပါ။
စာအုပ်ဆိုပေမဲ့ သီးခြားရေးထုတ်ထားတဲ့စာအုပ်မဟုတ်ပါဘူး။
၁၉၉၅ခုနှစ်က ရန်ကုန်မြို့ကန်တော်ကလေး၊၁၁၉လမ်းမှတရားရုံးချုပ်ရှေ့နေကြီးဦးဘရီ (M.Sc(Q),R.L, L.C.C.I (London),D.T.Sမှစီစဉ်ပြီးထုတ်ဝေခဲ့တဲ့ အစ္စလာမ့်သင်ခန်းစာ စာစဉ်များထဲကထုတ်နှုတ်ထားတဲ့ ဟဂျ်ကျင့်ထုံးနှင့်ပညတ်တော်များကျမ်းပဲဖြစ်ပါတယ်။ ဒီစာစဉ်ကို မွတ်ဖ်သီမုဟမ္မဒ်စူရတီရဲ့ကြီးကြပ်မှုနဲ့ မုဟမ္မဒ်ဟာရုန်း ဆိုသူကပြုစုခဲတာပါ။
ဒီစာစဉ်လေးဟာဟဂျ်ပြုလုပ်သူတွေအတွက် များစွာအကျိုးရှိစေပါတယ်- အလွတ်ကျက် မှတ် စရာမလိုပဲ နားလည်သဘောပေါက်အောင်ဖတ်ရှုထားယုံနဲ့ မိမိတို့ရဲ့ဟဂျ်ကို ပြည့် ပြည့်ဝဝ လုပ်ဆောင်သွားနိုင်ပါလိမ့်မယ်။(အင်ရှာအလ္လာဟ်)

အပိုင်း(၁)
ဟဂျ်ကျင့်ထုံးနှင့် ပညတ်တော်များကျမ်း
ဟဂျ်ပြုရာတွင် (မပြုမဖြစ်) ဖရတ်ဇ် တာဝန်သုံးပါးရှိသည်။
၎င်းတို့မှာ-
(၁) အေဟ်ရားမ်ဝတ်ဆင်ခြင်း၊
(၂) အရ်ဖားသ်ကွင်းပြင်တွင် တည်းခိုခြင်း
(၃) သဝါဖိဇိယာရသ်ပြုခြင်း…………………..တို့ဖြစ်သည်။
(၁) အေဟ်ရားမ်ဝတ်ဆင်ခြင်း
အေဟ်ရားမ်ဝတ်ရုံ ဝတ်ဆင်ခြင်းဆိုရာတွင် မိမိစိတ်အတွင်းမှ ဟဂျ်ပြုရန် (နိယသ်) ရည်စူးခြင်းနှင့် သလ်ဗီယဟ် (အသင့်ရောက်ရှိကြောင်းဖြေကြားချက်) ရွတ်ဆိုခြင်း လည်းပါဝင်သည်။
(၂) အရ်ဖာသ်ကွင်းပြင်တွင် တည်းခိုခြင်း
ဆိုလိုသည်မှာ ဇူလ်ဟဂျ်လ(၉)ရက်နေ့ မွန်းလွဲချိန်မှ နေဝင်သည်အထိ အချိန်အတွင်း ခေတ္တခဏ တည်းခိုခြင်းကို ဆိုလိုသည်။(နေဝင်ချိန်အထိနေခြင်းသည် ဝါဂျစ်ဖြစ်သည်)
(၃) သဝါဖိဇိယာရသ်ပြုခြင်း
ဇူလ်ဟဂျ်လ(၁၀)ရက်နေ့ နံနက်မိုးလင်းမှ ဇူလ်ဟဂျ်လ(၁၂)ရက်နေ့ နေမဝင်မီ ဆံသ (သို့မဟုတ်) ဆံညှပ်ပြီး၊ ကအ်ဗဟ်ဗိမာန်တော်ကို (သဝါးဖ်) လှည့်ပတ်မှုပြုခြင်းကို ဆို လိုသည်။
ပညတ်တော် (၁)
အထက်ပါ (ဖရဇ်) တာဝန်သုံးပါးအနက် တစ်ပါးပါး ပျက်ကွက်မိပါက ဟဂျ်ပိုင်မည်မ ဟုတ်ပါ။ (ဒမ်) သားကောင်ကို ကုရ်ဗာနီပြု၍လည်း မထေနိုင်ပေ။
ပညတ်တော် (၂)
အထက်ပါ (ဖရဇ်) မပြုမနေရ တာဝန်သုံးပါးကို အစဉ်အလိုက် ပြုမူရမည့်အပြင် သတ်မှတ်ထားသောနေရာတွင် သတ်မှတ်ထားသောအချိန်တွင်သာ ပြုမူရမည်။

အထက်တွင်ဖော်ပြပါ ဟဂျ်တွင် မပြုမနေရ (ဖရဇ်) တာဝန်သုံးပါး၏ ပညတ်တော် အသေးစိတ်များကို အောက်တွင် အစဉ်လိုက် အကျယ်တဝင့်တင်ပြလိုက်ပါသည်။

ဟဂျ်ကျင့်ထုံးနှင့် ပညတ်တော်များကျမ်း။
ဗစ်စမစ်လာဟ် ဟစ်ရဟ်မန်း နစ်ရဟီးမ်
အပိုင်း(၂)

ဟဂျ်၏ ဖရတ်ဇ် (၃) ခုအနက် ပထမ ဖရတ်ဇ်ဖြစ်သော
အေဟ်ရာမ် ဝတ်ရုံ ရုံခြင်း၏ ပညတ်တော်များ………..

အေဟ်ရာမ် ဝတ်ရုံ ရုံခြင်းတွင် ပညတ်တော် ၃၆-ရပ်ရှိပါသည်။၎င်းတို့မှာ……….

ပညတ်တော် (၁)
အေဟ်ရာမ်ရုံ၍ စိတ်အတွင်းတွင် ဟဂျ်ဝတ်ပြုနေကြောင်း ရည်စူးလိုက်ခြင်းဖြင့် မပြည့်စုံပါ။ နဖိလ်ဆွလားသ် (၂)ရကာအသ်ဖတ်၍ သလ်ဗီယဟ် (လဗ်ဘိုင်းက်) ရွတ်ဆိုရန်လည်း အရေးကြီးပါသည်။ သလ်ဗီယဟ် မရွတ်ဆိုနိုင်ပါက သလ်ဗီယဟ်ကဲ့သို့ပင် အဓိပ္ပာယ်ဆောင်သော အခြား ဇိကိရ်ကို ရွတ်ဆိုရန် လိုအပ်သည်။ ထိုနည်းတူစွာ သလ်ဗီယဟ်ကိုသာ ရွတ်ဆိုပြီး ဟဂျ် ပြုမည့်အကြောင်း ရည်စူးချက်မပြုပါကလည်း (မုဟ်ရိမ်) ဝတ်ရုံဝတ်ထားသူဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် (မုဟ်ရိမ်) ဝတ်ရုံဝတ်ထားသူဖြစ်ရန်အတွက် နိယသ်ရည်စူးချက် ပြုခြင်းနှင့်အတူ သလ်ဗီယဟ် (လဗ်ဘိုင်းက်) ကိုပါ ရွတ်ဆိုရန် လိုအပ်ပါသည်။

ပညတ်တော် (၂)
အေဟ်ရာမ်ဝတ်စုံကို (မီကားသ်) သတ်မှတ်ထားသော နယ်နိမိတ် မကျော်လွန်မှီ ဝတ်ဆင်ရမည်။

ပညတ်တော် (၄)
အမျိုးသားများ အေဟ်ရာမ်ရုံပြီးလျှင်
(၁)ဦးခေါင်းတခုလုံးဖွင့်ထားရမည်။
(၂)မျက်နှာတပြင်လုံးဖွင့်ထားရမည်။
(၃)ခြေစွတ်မဝတ်ရ၊ခြေဖမိုးပေါ်သော ဖိနပ် ဝတ်ဆင်ရမည်။
(၄)ကိုယ်ပေါ်နှင့် အဝတ်ပေါ် အမွှေးအကြိုင်မသုတ်လိမ်းရ။
(၅)ရေချိုးလျှင် ဆပ်ပြာမသုံးရ၊ဂျီးမတွန်းရ။
(၆)ခေါင်းလိမ်းဆီမလိမ်းရ၊ဆံပင်ကျွတ်နိုင်လောက်အောင်ခေါင်းမဖြီးရ။
(၇)ဆံပင်မညှပ်ရ၊ခြေသည်း လက်သည်းမလှီးရ၊အမွှေးမကျွတ်စေရ။
(၈)ကိုယ်လက် နှီးနှောခြင်း မပြုရ။
(၉)ကုန်းသတ္တဝါကို မသတ်ရ၊သတ်ရန်မညွှန်ပြရ၊သတ်လိုသည့်ဆန္ဒ ထုတ်ဖေါ်ခြင်းမပြုရ။
(၁၀)ရန်မဖြစ်ရ၊မဖွယ်မရာ မပြောရ။

ပညတ်တော် (၄)
အမျိုးသမီးများသည် အထက်ပါ ပညတ်တော်များအနက် အချို့ကိုနာခံ ရမည့်အပြင်-
(၁)ချုပ်ထည်များဝတ်ဆင်ရမည်၊ခြေစွတ်ဝတ်ဆင်နိုင်သည်။
(၂) သလ်ဗီယဟ်ကို တီးတိုးရွတ်ဆိုရမည်။
(၃)ဦးခေါင်းနှင့်မျက်နှာကို အဝတ်နှင့်မျက်နှာ မထိစေပဲ ဖုံးအုပ်ရမည်။
(၄)အေဟ်ရာမ်ဝတ်ဆင်ချိန် ကိုယ်မသန့်ဖြစ်နေပါက နိယာသ် ပြု၍ သလ်ဗီယဟ် ရွတ်ဆိုရမည် ၊နဖိလ်ဆွလားသ် ဝတ်ပြုရန် မလိုပါ။

ပညတ်တော်(၅)
သလ်ဗီယဟ်ကို နှုတ်မှရွတ်ဆိုရမည်။စိတ်အတွင်းမှ ရွတ်ဆိုခြင်း မလုံလောက်ပါ။

ပညတ်တော် (၆)
သလ်ဗီယဟ်အစား အလ္လာဟ်အရှင်မြတ်အားရိုသေခန့်ငြားမှုပါဝင် သော ဇိကိရ်တော်ကို ရွတ်ဆိုနိုင်သည်။
ဥပမာ- လာအီလာဟ အီလ္လလ္လာဟ် အလ်ဟမ်ဒုလိလ္လာဟ် အလ္လာဟ်ဟု အက္ကဗရ်….ဟု ရွတ်ဆိုနိုင်သည်။

ပညတ်တော် (၇)
အေဟ်ရာမ်ရုံနေချိန် တွင် သလ်ဗီယဟ်(သို့) ဇိကိရ် တစ်ကြိမ်ရွတ်ဆို ရန် ဖရတ်ဇ် ဖြစ်သည်။အကြိမ်ကြိမ်ရွတ်ဆိုခြင်း စွန္နသ်တော်ဖြစ်သည်။

ပညတ်တော် (၈)
အခြေအနေပြောင်းတိုင်း သလ်ဗီယဟ် ရွတ်ဆုြိခင်း မွတ်စ်သဟဗ် ဖြစ်သည်။ ဥပမာ….မိုးလင်းချိန်၊မိုးချုပ်ချိန်၊ထိုင်ချိန်၊မတ်တပ်ရပ်ချိန်၊ အိမ်ပြင်ထွက်ချိန်၊အိမ်တွင်းဝင်ချိန်၊လူတစ်ဦးနှင့်တွေ့ချိန်၊ခွဲခွာချိန်၊ ကားပေါ်သို့တက်ချိန်၊ဆင်းချိန်၊လှေခါးတက်ချိန်၊ဆင်းချိန်။

ပညတ်တော် (၉)
သလ်ဗီယဟ် ရွတ်ဆိုနေချိန် စကားမပြောရ၊ရွတ်ဆိုနေသူကို စလာမ် မပေးရ။ (မတ်က်ရူးဟ်ဖြစ်သည်။)

ပညတ်တော်(၁၀)
ဖရတ်ဇ်၊စွန္နတ်နှင့်နဖီလ် နမားဇ်များပြီးတိုင်း သလ်ဗီယဟ် ရွတ်သင့်သည်။ ဇူလ်ဟဂျ်လ (၉)ရက်နေ့ ဖဂျေရ်နမားဇ်မှစ၍ ဇူလ်ဟဂျ်လ(၁၀)ရက်နေ့ ရှိုင်သွာန်ခဲပေါက်(ရမီ)ခြင်းမလုပ်မှီအချိန်အထိ နမားဇ်ဝတ်ပြုပြီးတိုင်း သတ်ကဘီးရ် ရွတ်ဆိုပြီးမှ သလ်ဗီယဟ် ရွတ်ဆိုရမည်။ဖူလ်ဟဂျ်လ(၁၀) ရက်နေ့ ရှိုင်သန်ခဲပေါက်နေချိန်မှစ၍ သလ်ဗီယဟ်ရွတ်ဆိုမှု လုံးဝ ရပ်ဆိုင်း လိုက်ရမည်။ အွမ္မရဟ် ပြုသူသည် အွမ္မရဟ် သဝါးဖ်လှည့်ချိန်မှစ၍ သလ်ဗီ ယဟ်ရွတ်ဆိုမှု ရပ်ရမည်။
ပညတ်တော် (၁၁)
သလ်ဗီယဟ်ကို တစ်ဦးချင်း ရွတ်ဆိုရမည်။အစုအသင်းဖြင့် မရွတ်ရ။

ပညတ်တော် (၁၂)
အမျိုးသားများအတွက် သလ်ဗီယဟ်ကို ကျယ်လောင်စွာရွတ်ဆိုရန် စွန္နတ် ဖြစ်သော်လည်း နမားဇ်ဝတ်ပြုသူများနှင့် အိပ်နေသူများ အနှောက်အရှက် မဖြစ်စေရ။

ပညတ်တော်(၁၃)
ကအ်ဗဟ်ဗိမာန်တော်၊မီနာ၊အရ်ဖားသ်နှင့် မွတ်ဇ်ဒလီဖာ ကွင်းပြင်များတွင် လည်း သလ်ဗီယဟ်ရွတ်ဆိုနေရမည်။အခြားသူများ အနှောက်အရှက် မဖြစ်စေရပါ။

ပညတ်တော် (၁၄)
သဝါးဖ်လှည့်နေချိန်နှင့် စအီပြုနေချိန်များတွင် သလ်ဗီယဟ်ရွတ်ဆိုခြင်း မပြုရ။

ပညတ်တော် (၁၅)
အမျိုးသမီးများ သလ်ဗီယဟ်ကို တီးတိုးရွတ်ဆိုရမည်။
ပညတ်တော် (၁၆)
အေဟ်ရာမ်ရုံပြီးလျှင် နဖီလ်နမားဇ် နှစ်ရကာအသ် ဝတ်ပြုရန် စွန္နတ် ဖြစ်သည်။

ပညတ်တော် (၁၇)
အေဟ်ရာမ်အတွက် သီးသန့်နဖီလ်နမားဇ် ဝတ်ပြုခြင်းပို၍မြတ်သည်။ အေဟ်ရာမ်ဝတ်ပြီး ဖရတ်ဇ် နမားဇ် တခုခု ဝတ်ပြုပြီး အေဟ်ရာမ်ရုံကြောင်း နိယသ်ပြုလိုက်လျှင်လည်းပိုင်သည်။

ပညတ်တော် (၁၈)
နမားဇ်ဝတ်မပြုပဲ အေဟ်ရာမ်ရုံခြင်း နိယသ်ပြုခြင်း ပိုင်သော်လည်း မတ်က်ရူးဟ်ဖြစ်သည်။ နမားဇ်ဝတ်မပြုနိုင်သောအချိန် ရုံရန်ဖြစ်လာပါက ဝတ်မပြုပဲ ရုံနိုင်သည်-မတ်က်ရူးဟ်မဖြစ်ပါ။

ပညတ်တော် (၁၉)
ဓမ္မတာဆင်းနေသောအမျိုးသမီး၊မီဖွားပြီးစအမျိုးသမီးများ နမားဇ်ဝတ်မပြု ရပါ-ရေချိုး ဝိုဇူပြုပြီး အေဟ်ရာမ်ရုံ-ကီဗ်လာဟ်ဘက်သို့မျက်နှာမူ၍ နိယသ် ပြုလိုက်ရမည်။

ပညတ်တော် (၂၀)
အေဟ်ရာမ်ရုံထားသော်လည်း နိယာသ်မလုပ်ရသေး သလ်ဗီယဟ်မဆိုရ သေးပါက ဟဂျ်(သို့)အွမ္မရဟ် ကျင့်စဉ်များမစမှီ ရည်စူး ရွတ်ဆိုခွင့်ရှိသည်။ မရည်စူး မရွတ်ဆိုပဲ ကျင့်စဉ်များကိုစတင်ပြုလုပ်ပါက အတည်မဖြစ် မပိုင်။

ပညတ်တော် (၂၁)
အမျိုးသား အေဟ်ရာမ်ရုံပြီးပါက ဆံပင်ရိတ်ပြီးမှ ချွတ်ခွင့်ရှိသည်။မရိတ်လို ပါက ဆံပင် လက်တစ်ဆစ်ခန့် ညှပ်ရမည်။ဆံပင်မရှိပါက ခေါင်းကို သင်တုံးဓားဖြင့်ရိပ်ပြီးမှ ချွတ်ရမည်။ အမျိုးသမီး အေဟ်ရာမ်ရုံပြီးပါက ဆံပင် လက်တစ်ဆစ်ခန့် ညှပ်ပြီးမှ ချွတ်ရမည်။တွဲကျ(ဖါးလျားကျ)နေသော ဆံပင်များကို စုကိုင်ပြီး လက်တစ်ဆစ်ခန့်ညှပ်ခြင်းကို ဆိုလိုသည်။ -အကြောင်းအမျိုးမျိုးကြောင့် အေဟ်ရာမ်လဲလှယ်ဝတ်ဆင်ခြင်းအတွက် ဆံပင်ညှပ်ရန်မလို-နိယာသ်လုပ်ရန်မလိုပါ။ အွမ္မရဟ်အတွက်အေဟ်ရာမ် ကို ကိုယ်မသန့်ဖြစ်၍အွမ္မရဟ်မလုပ်ရသေးမှီ ဟဂျ်အချိန်ကျရောက်၍ ဟဂျ် အေဟ်ရာမ်လဲလှယ်ဝတ်ဆင်လိုပါကဆံညှပ် နိယာသ်အသစ်ပြန်လုပ် ရမည်။

ပညတ်တော် (၂၂)
မလိုအပ်ပဲ အေဟ်ရာမ်ကို ချုပ်ခြင်း၊ပင်အပ်(သို့)တွယ်ချိတ် တို့ဖြင့်သီခြင်း မတ်က်ရူးဟ်ဖြစ်သည်။ ခန္တာကိုယ်ရှိ မမြင်အပ်သော အစိတ်အပိုင်း တခုခု ပေါ်မည်စိုးလျှင် ထုံးခြင်း၊သီခြင်း၊ချုပ်ခြင်းပြုနိုင်သည်။

ပညတ်တော် (၂၃)
အေဟ်ရာမ်ရုံထားစဉ် စောင်ခြုံခွင့်ရှိသော်လည်း အမျိုးသားများ ဦးခေါင်းနှင့်မျက်နှာ ဖုံးအုပ်ခွင့်မရှိ-အမျိုးသမီးများ မျက်နှာဖုံးအုပ် ခွင့် မရှိ။

ပညတ်တော် (၂၄)
မွှေးကြိုင်သော တစ်ရှုးပေပါ(tissue paper) များအသုံးပြုခွင့်မရှိ။ အသုံးပြုမိပါက ဒမ် ထိုက်မည်။

ပညတ်တော် (၂၅)
(မုဟ်ရိမ်) အေဟ်ရာမ် ရုံပြီးသူဆိုသည်မှာ နိယသ်ပြု-သလ်ဗီယဟ်ရွတ်ပြီး သူကိုသာဆိုလိုသည်။

ပညတ်တော် (၂၆)
မီကားသ်ဆိုသည်မှာ အေဟ်ရာမ်ရုံပြီးမှသာ ဖြတ်ကျော်ခွင့်ရှိသောနယ်မြေ ဖြစ်သည်။

ပညတ်တော် (၂၇)
မီကားသ် သုံးမျိုးရှိသည်။
(၁)မီကားသ်အဟ်လီအာဖားက်
(၂)မီကားသ်အဟ်လိဟီလ်
(၃)မီကားသ်အဟ်လိဟရာမ်

ပညတ်တော် (၂၈)
မီကားသ်အဟ်လီအာဖားက် ဆိုသည်မှာ မီကားသ်နယ်နိမိတ်ပြင်ပတွင် နေထိုင်သူကို ဆိုလိုသည်။ခရီးနီးသည်ဖြစ်စေ ဝေးသည်ဖြစ်စေ။

ပညတ်တော် (၂၉)
မီကားသ်အဟ်လိဟီလ် ဆိုသည်မှာ မီကားသ်နယ်အတွင်းဘက် ဟရာမ်နယ်မြေအပြင်ဘက်(မီကားသ်နှင့် ဧရာမ် ကြား) နေထိုင်သူကို ဆိုလိုသည်။

ပညတ်တော် (၃၀)
မီကားသ်အဟ်လိဟရာမ်ဆိုသည်မှာ ဟရာမ်နယ်နိမိတ်အတွင်းနေထိုင်သူ ကိုဆိုလိုသည်။

ပညတ်တော် (၃၁)
မီကားသ်နယ်နိမိတ်ပြင်ပတွင်နေထိုင်သူများအတွက် အေဟ်ရမ်မရုံပဲ ဝင်ခွင့်မရှိသော နယ်နိမိတ်အပိုင်းအခြား ၅ခု သတ်မှတ်ထားသည်။
ပညတ်တော် (၃၂)
မီကားသ်ပြင်ပရှိ မည်သူမဆို မည်သည့်အကြောင်းနှင့်မဆို နယ်နိမိတ်ကို ဖြတ်သန်းလိုပါက အေဟ်ရာမ် ဝတ်ပြီးမှ ဝင်ပိုင်ခွင့်ရှိသည်။အေဟ်ရာမ် မရုံပဲ ဝင်မိပါက ဒမ် ထိုက်သည်။ ဒမ်မပေးလိုပါက မီကားသ်နယ်နိမိတ်သို့ ပြန်သွား၍ စည်းကမ်းနှင့်အညီ အေဟ်ရာမ်ဝတ်ဆင်ရမည်။

ပညတ်တော် (၃၃)
မီကားသ်နှင့် ဟရာမ် နယ်နိမိတ်ကြားနေသူများ ဟာဂျ်/အွမ္မရဟ်ပြုလိုမှ အိမ်မှ အေဟ်ရာမ်ဝတ်သွားရန်လိုသည်။အခြားအျိန်မလိုအပ်ပါ။

ပညတ်တော်(၃၄)
ဟရာမ်နယ်မြေအတွင်းနေထိုင်သူများ ဟာဂျ်ပြုရန် အိမ်မှ အေဟ်ရာမ်ဝတ် နိုင်သည်။အွမ္မရဟ်ပြုလိုလျှင် မက္ကာမြို့တော်မှ ၃မိုင်ခန့်ဝေးသော ဟီလ် ဟူ၍ သတ်မှတ်ထားသောနေရာသို့သွားပြီး အေဟ်ရာမ် ဝတ်ရမည်။

ပညတ်တော် (၃၅)
မြန်မာဟာဂျီများအနေနှင့် ဂျစ်ဒါလေဆိပ်သို့ လေယာဉ်မဆိုက်မှီ ၂နာရီ ကြိုတင်၍ အေဟ်ရာမ်ရုံထားရန် အရေးကြီးပါသည်။ သို့မဟုတ်ပါက ဒမ် ပေးရပါမည်။

ပညတ်တော် (၃၆)
ဟဂျ်ပြုပြီးသူများ မဒီနာမှ အပြန် အွမ္မရဟ် လုပ်လိုပါက မဒီနာမှအထွက် ၆မိုင်ခန့်ဝေးသော ဇူဟုလိုင်းဖာ ဟူသော အရပ်တွင် အေဟ်ရာမ်ရုံ ခဲ့ကြ ရမည်။

ဆက်လက်ဖော်ပြပါမည်။

အခန်း(၃)

ဟဂျ်၏ ဖရတ်ဇ်(၃)ပါးအနက် ဒုတိယဖရတ်ဇ်ဖြစ်သော အရ်ဖားသ်ကွင်းပြင်နှင့် ပတ်သက်သည့် ပညတ်တော်များ။

အရ်ဖားသ်ကွင်းပြင်သည် မက္ကာရွှေမြို့တော်၏အရှေ့ဘက် (၉)မိုင်ခန့်ဝေး၍ မီနာမှ (၆) မိုင်ခန့်ဝေးသော ကွင်းပြင်တခုဖြစ်သည်။ “ဆုံစည်းရာ” ဟုအဓိပ္ပာယ်ဆောင်သည်။ မတ်စ်ဂျီဒိနမေရာဟ်၏ အနောက်ဘက်နံရံသည် အရ်ဖားသ်၏နယ်နိမိတ်တခုဖြစ်သည်။
အရ်ဖားသ် ကွင်းပြင်နှင့်ပတ်သက်သော ပညတ်တော်များမှာ

ပညတ်တော် (၁)
ဇူလ်ဟဂျ်လ (၉)ရက်နေ့ မွန်းလွဲပြီးချိန်မှစ၍ ဇူလ်ဟဂျ်လ (၁၀)ရက်နေ့နံနက် မိုးသောက် ချိန်အထိစပ်ကြားတွင် အရ်ဖားသ်ကွင်းပြင်တွင်ရပ်နားခြင်းသည် ဟဂျ်၏ အရေးကြီးဆုံး သော ရွတ်က်နီအအ်ဇမ်(အဓိကမဏ္ဍိုင်)ဖြစ်သည်။မကျန်းမာသူဖြစ်စေ၊ သတိလစ်နေသူ ပင်ဖြစ်စေ အရ်ဖားသ်သို့ ရောက်ရှိရမည်။

ပညတ်တော် (၂)
အရ်ဖားသ်ကွင်းပြင်တခုလုံးသည် တည်းခိုရာနေရာဖြစ်သော်လည်း အရ်ဖားသ်ကွင်းပြင် ရှိ ဗလီဝတ်ကျောင်းတော် (မတ်စ်ဂျီဒီနေမေရာဟ်)မှကအ်ဗဟ်ကျောင်းတော်ဘက်ကပ် လျှက် အစိတ်အပိုင်းကို (ဗသ်နေအွရ်နာဟ်)ဟုခေါ်ဆိုပြီး ယင်းသည် ဟရာမ်၏ အစိတ် အပိုင်းဖြစ်သောကြောင့် ထိုနေရာတွင် တည်းခိုခွင့်မရှိပါ။

ပညတ်တော်(၃)
ဇူလ်ဟဂျ်လ (၉)ရက်နေ့ အာရဖာ နေ့ အရ်ဖားသ်ကွင်းပြင်တွင် ဇူဟိုရ်နမားဇ်နှင့် အစွရ် နမားဇ် တို့ကို ဇူဟိုရ်အချိန်တွင် ပေါင်း၍ဝတ်ပြုရန် စွန္နသ် (သို့)မွတ်စ်သဟဗ် ဖြစ်သော် လည်း ချွင်းချက်များရှိသည်။ဟဂျ်၏ အေဟ်ရာမ်ရုံလျက်ရှိရမည်-ရှေ့ဆောင်နှင့် အတူ ဝတ်ပြုရမည်။ သို့မဟုတ်ပါက နမားဇ်နှစ်ကြိမ် ပေါင်း၍ ဝတ်မပြုရပါ။(ပေါင်း၍ ဝတ်ပြုပုံ မှာ-အဇန်တစ်ကြိမ်ဆိုပြီး-အေကာမသ် နှစ်ကြိမ်ဖြင့် ဖရာတ်ဇ်များ ဝတ်ပြုပြီးမှ စွန္နသ် နှင့် နဖီလ်များ ဝတ်ပြုရမည်။

ပညတ်တော် (၄)
ရှေ့ဆောင်ဖြစ်စေ-နောက်လိုက်ဖြစ်စေ ဌာနေမှ ၄၈မိုင်ကျော်ခရီးကွာဝေး၍ ၁၅-ရက် ထက်ကျော်လွန်နေထိုင်သူဖြစ်ခဲ့လျှင် ဖရတ်ဇ်နမားဇ်(၄)ရကာအသ်အစား (၂)ရကာ အသ် ဝတ်ပြုပိုင်ခွင့်မရှိပါ။ထို့ကြောင့် ဌာနေသူကရှေ့ဆောင်လျက် ဖရတ်ဇ်နမားဇ်ကို နှစ်ရကာအသ် ဝတ်ပြုပေးပါက မည်သူ၏နမားဇ်မှ ပိုင်မည်မဟုတ်ပါ။

ပညတ်တော် (၅)
အရ်ဖားသ်ကွင်းပြင်တွင် မွန်းမတည့်မှီရောက်နေခဲ့ပါက သလ်ဗီယဟ်ဆိုရမည်။ဒိုအာ တောင်းရမည်။ဒရူဒ်ပို့ရမည်၊မွန်းလွဲပြီးပါက ဝုဇူပြုရမည်-ရေချိုးခြင်းသည်ပိုမြတ်သည်။ ထို့နောက် နေ့လည်စာစားပြီး စိတ်ရောကိုယ်ပါ အလ္လာဟ်ဘက်တော်သို့ အာရုံပြု၍ ဇိကိရ်ပြုနေရမည်။

ပညတ်တော် (၆)
မြန်မာဟာဂျီများသည် မိမိတို့ မူဆာဖိရ်(ခရီးသည်)ဖြစ်ကြောင်းသတိထားရမမည်။ မူကီးမ်(ဌာနေသူ)ဖြစ်လျှင် ဖရတ်ဇ်နမားဇ်ကို အပြည့်အစုံဝတ်ပြုရမည်။ဌာနေသူ အီမာန်နောက်မှ ဝတ်ပြုလျှင် ဖရတ်ဇ်နမားဇ်ကို အပြည့်ဝတ်ပြုရမည်။ဝါဂျစ်ဗ်၊စွန္နသ် နှင့် နဖီလ်များကို အပြည့်ဝတ်ပြုရမည်။

ပညတ်တော် (၇)
အရ်ဖားသ်ကွင်းပြင်တွင် သောကြာနေ့ ဂျမုအဟ် နမားဇ် ဝတ်ပြုပိုင်ခွင့်မရှိ။

ပညတ်တော် (၈)
အရ်ဖားသ်ကွင်းပြင်တွင်နေထိုင်စဉ် နမားဇ်များဝတ်မပြုမှီ အချိန်ရသလောက် ဟမ်ဒ် နှင့်ဆနာ (အရှင်မြတ်ကိုချီးမွမ်းခြင်း)၊ ဒရူးဒ် (တမန်တော်မြတ် ဆွလ္လလ္လာဟုအလိုင်းဟိ ဝစလ္လာမ် အပေါ်မေတ္တာပို့သခြင်း) နှင့် သလ်ဗီယာဟ် ရွတ်ဆိုခြင်း တို့ပြုလုပ်နေရမည်။ ကြို့ငယ်စွာ ငိုယိုပြီး မိမိအတွက်၊ မိသားစုအတွက်၊ ဆွေမျိုးသားခြင်း မိတ်ဆွေသင်္ဂဟ များ အတွက်မိမိတိုင်းပြည်အတွက်နှင့် ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် ဒိုအာပြု (ဆုတောင်း)နေရမည်။တန်ဖိုးရှိသောအချိန်တွင် မိမိလိုအင်ဆန္ဒများကိုတောင်းခံသင့် သည်။

ပညတ်တော် (၉)
အမျိုးသမီးများ သူစိမ်းယော်ကျားများနှင့် ရောထွေး မနေထိုင်ရ။

ပညတ်တော် (၁၀)
ဇိုဟူရ်နှင့် အစရ် နမားဇ် ဝတ်ပြုပြီးချိန်မှ နေဝင်သည်အထိ မတ်တပ်ရပ်၍ သောဝ်ဗဟ်ပြု အမှားဝန်ခံလျက် ဒိုအာ တောင်းနေရမည်။

ပညတ်တော် (၁၁)
အကယ်၍ ဇူလ်ဟဂျ်လ(၉)ရက်နေ့ နေဝင်ပြီးမှ အရ်ဖားသ်ကွင်းပြင်သို့ရောက်ခဲ့လျှင်(သို့) နေမဝင်မှီ ကွင်းပြင်မှထွက်ခွာလျှင် ဒမ် လျော်ကြေးပေးဆောင်ရမည်။
နေမဝင်မှီထွက်သွားမိပြီး-နေမဝင်မှီပင်ပြန်လည်ဝင်ရောက်၍ နေဝင်ပြီးမှ ထွက်ခွာလျှင် ဒမ် မထိုက်တော့ပေ။
ကားအခက်အခဲကြောင့် ဟဂျ်အေးဂျင့်များက နေမဝင်မှီ အလျှင်အမြန်ခေါ်ယူလေ့ ရှိ သည်။လုံးဝမပြုအပ်ပေ။

ပညတ်တော် (၁၂)
ကိုယ်မသန့်သောအမျိုးသမီးများတည်းခိုခွင့်ရှိသည်။ နမားဇ် ဝတ်ပြုခြင်း ကုရ်အာန်ဖတ် ခြင်း မပြုဘဲ ဇိကိရ်များပြုလုပ်နေရမည်။

ပညတ်တော် (၁၃)
နေဝင်ပြီးလျှင်ပြီးခြင်း အရ်ဖားသ်မှ မုဇ်ဒလေဖဟ် သို့ ထွက်ခွာရမည်။ မုဇ်ဒလေဖဟ်သို့ ရောက်ရှိမှသာ မဂ္ဂရိဗ်နှင့် အီရှာ နမားဇ်တို့ကို (မဂ္ဂရိဗ်အချိန် ကုန်လွန်သွားသော်လည်း) ပေါင်း၍ ဝတ်ပြုရမည်။

ပညတ်တော် (၁၄)
ဇူလ်ဟဂျ်လ (၉)ရက်နေ့ ဖဂျရ်နမားဇ်မှ ဇူလ်ဟဂျ်လ(၁၃)ရက်နေ့ အစရ်နမားဇ်အထိ ဖရတ်ဇ်နမားဇ်ဝတ်ပြုပြီးတိုင်း သက္ကဗီးရ် တစ်ကြိမ် ရွတ်ဆိုရန် ဝါဂျစ်ဗ် ဖြစ်သည်။

အပိုင်း(၄)

ဟဂျ်၏ ဖရတ်ဇ်(၃)ပါးအနက် တတိယဖရတ်ဇ်ဖြစ်သော သဝါဖီဇေယာရသ် နှင့် ပတ်သက်သော ပညတ်တော်များ။

သဝါဖီဇေယာရသ် ဆိုသည်မှာ ဇူလ်ဟဂျ်လ(၁၀)ရက်နေ့ နံနက်မိုးသောက်ပြီး၍ ရမီ(ရှိုင်သွန်ခဲပေါက်ခြင်း)၊ ကုရ်ဘာနီ၊ခေါင်းရိတ်/ညှပ် ပြီးချိန်မှစ၍ ဇူလ်ဟဂျ်လ (၁၂)ရက်နေ့ ညနေ နေမဝင်မှီအထိ စပ်ကြား(အိုင်ယာမေ့ နဟရ်) တွင်ပြုလုပ်သော သဝါးဖ်ကို ခေါ်ဆိုပါသည်။
သဝါဖီဇေယာရသ်ကို-သဝါဖီရကွန်(သို့) သဝါဖီဟဂျ်(သို့) သဝါဖီဖရတ်ဇ် ဟုလည်းခေါ် သည်။
သဝါဖီဇေယာရသ်ကို မပြုလုပ်မိပါက ဟဂျ်မပိုင်ပါ။
သဝါးဖီဇေယာရသ် တွင် အမျိုးသားများ ရမလ် (ရင်ကော့ပုခုံးလှုပ်၍ မာန်ပါပါလျှောက် ခြင်း)ပြုရသည့်အပြင် အေဟ်ရာမ်ရုံထားပါက အစ်ဇ်သေဗာအ်(အေဟ်ရာမ် အပေါ်ဝတ်ရုံ ၏အစကို ယာဘက်ချိုင်းအောက်မှ ထုတ်ယူ၍ ဝဲဘက်ပုခုံးပေါ်သို့တင်ခြင်း) ပြုရမည်။
အွမ္မရာဟ်နှင့် ဟဂျ်အကြား အားလပ်ရက်များ၌ နဖီလ် သဝါးဖ် လှည့်ပြီးနောက် စအီပြု ထားပါက ယခု သဝါးဖီဇေယာရသ်တွင် စအီပြုရန်မလိုတော့ပါ။(အွမ္မရာဟ်၏ စအီနှင့် မသက်ဆိုင်ပါ-သီးသန့် နဖီလ်သဝါးဖ် ဖြစ်ရပါမည်။)
သဝါဖီဇေယာရသ်နှင့် ပတ်သက်သော ပညတ်တော်များမှာ-

ပညတ်တော် (၁)
သဝါဖိဇေယာရသ်ကို ဇူလ်ဟဂျ်လ(၁၀)ရက်နေ့ မှ ဇူလ်ဟဂျ်လ(၁၂)ရက်နေ့ နေမဝင်မှီ ပြုလုပ်ရမည်။ ထိုအချိန်ထက် စော၍ လုပ်ပိုင်ခွင့်မရှိ-နောက်ကျလုပ်ပါက သဝါးဖ် ပိုင် သော်လည်း ဒမ်ပေးရမည်။
ဓမ္မတာသွေးဆင်းနေသော အမျိုးသမီးများမှအပ မည်သူမဆို ဇူလ်ဟဂျ်လ(၁၂)ရက်နေ့ နေမဝင်မှီ အချိန်အတွင်း သဝါးဖ်မပြုမိပါက သဝါးဖ်ပြုရမည့်အပြင် ဒမ် လည်းပေးရမည်။

ပညတ်တော် (၂)
သဝါဖိဇေယာရသ်ပြုမည့်သူသည် အောက်ပါအချက်များနှင့် ပြည့်စုံ ကိုက်ညီမှုရှိရမည်။
(က)အရွယ်ရောက်ပြီးသူ အစ္စလာမ်ဖြစ်ရမည်။
(ခ)ရူးသွပ်သူမဖြစ်စေရ။
(ဂ)မည်သည့် သဝါးဖ်ပြုနေကြောင်းသိရမည်။
(ဃ)ဟဂျ်၏ အေဟ်ရာမ်ရုံခဲ့ပြီးသူဖြစ်ရမည်။
(င)အရ်ဖားသ်တွင် တည်းခိုပြီးသူဖြစ်ရမည်။
(စ)သဝါးဖိဇေယာရသ်အတွက် နိယသ်လုပ်ထားသူဖြစ်ရမည်။
(ဆ)သဝါဖိဇေယာရသ် ပြုပိုင်သော အချိန်ဖြစ်ရမည်။(ဓမ္မတာဆင်းနေသူ အမျိုး သမီး များမပါဝင်ပါ)
(ဇ)ကအ်ဗဟ်ဗိမ္မာန်တော်နှင့် ဟသီးမ်နေရာကိုပါ သဝါးဖ်လုပ်ရမည်။
(ဈ)စွမ်းနိုင်ပါက မိမိကိုယ်တိုင်-မစွမ်းနိုင်ပါက အစီးအနင်းဖြင့်လှည့်ရမည်။ (နောက်ဆုံး ခွင့်ပြုချိန်အထိ သတိလစ်နေသူအတွက် ကိုယ်စားပြုပေးနိုင်သည်။

ပညတ်တော် (၃)
သဝါးဖ်တိုင်းနည်းတူ သဝါးဖိဇေယာရသ်တွင် ဝါဂျစ်ဗ်(၆)ရပ်ရှိသည်။
(က)ခြေလျှင်လျှောက်နိုင်လျှင် ခြေလျှင်သဝါးဖ်ပြုရမည်။
(ခ)ဟဂျ်ရီအတ်စ်ဝဒ် အားမျက်နှာချင်းဆိုင်၍ ညာဘက်မှ အစပြုလှည့်ရမည်။
(ဂ) (၇)ပတ်အပြည့် လှည့်ရမည်။
(ဃ)သန့်ရှင်းမှုရှိရမည်-ဝုဇူရှိရမည်။
(င)အရှက်ဖုံးအုပ်မှုရှိရမည်။
(စ)သတ်မှတ်ထားသော အချိန်အတွင်းဖြစ်ရမည်။

ပညတ်တော်(၄)
အကယ်၍ သဝါဖိဇေယာရသ် မလုပ်မိပါက ဇနီးမောင်နှံ တစ်ဦးနှင့်တစ်ဦး ကိုယ်လက် နှီးနှောပိုင်ခွင့် မရှိတော့ပေ။ သဝါဖိဇေယာရသ်ကို မဖြစ်မနေလုပ်ပြီးမှသာ လင်မယား သံဝါသပြုခွင့်ရှိသည်။

ပညတ်တော် (၅)
ဓမ္မတာသွေးဆင်းနေသော အမျိုးသမီးတစ်ယောက်သည်ဇူလ်ဟဂျ်လ(၁၂)ရက်နေ့ နေမဝင် မှီအချိန်အတွင်းသွေးဆင်းခြင်းရပ်သွားလျှင် သဝါးဖ် ၄ပတ်ခန့်အချိန်ရပါက ရေချိုးသန့်စင်၍ သဝါးဖိဇေယာရသ် လုပ်ရမည်။မလုပ်ခဲ့ပါက ဒမ် ပေးရမည်။သဝါးဖ် လည်းလုပ်ရမည်။ အချိန်ကုန်သည်အထိ သွေးဆင်းနေပါက သန့်သောအခါ သဝါးဖ် လုပ်ရမည်။ဒမ်ပေးရန်မလိုပါ။

ပညတ်တော် (၆)
ဓမ္မတာသွေးဆင်းမည့်ရက်ကိုသိထားသူ အမျိုးသမီးအနေနှင့် သဝါးဖိဇေယာရသ်အချိန် ကုန်ဆုံးချိန်မတိုင်မှီ အနဲဆုံး သဝါးဖ် ၄ပတ်မျှ အချိန်ရပါက သဝါးဖ်လုပ်ရမည်။သို့မဟုတ် ပါက ဒမ်ပေးရမည်။

ပညတ်တော် (၇)
ရှိုင်သွာန်ခဲပေါက်ခြင်း-ကုရ်ဘာနီပြုဖြင်း-ဆံရိပ်/ညှပ်ခြင်း-သဝါဖိဇေယာရသ်ပြုခြင်းတို့ကို အစဉ်အလိုက်ပြုရန် ဝါဂျစ်ဖြစ်သည်။အစဉ်လိုက်မလုပ်ပါက ဒမ် ပေးရမည်။

ပညတ်တော် (၈)
လူတစ်ယောက် သဝါးဖ်မပြုနိုင်လောက်အောင် မကျန်းမာလျှင်/ကူညီမည့်သူမရှိလျှင် ကျန်းမာလာသောအခါတွင်မှ သဝါးဖိဇေယာရသ်လုပ်နိုင်သည်-ဒမ်ပေးရန်မလိုပါ။

ပညတ်တော်(၉)
ဝုဇူမရှိဘဲ သဝါဖိဇေယာရသ်လုပ်လျှင် ဒမ် ပေးရမည်။

ပညတ်တော် (၁၀)
သဝါဖိကုဒုမ်/သဝါဖေဝေဒါ/သဝါဖေ နဖီလ် များကို ဝုဇူမရှိဘဲ လုပ်ခဲ့ပါက သဝါးဖ် ၇ပတ် အတွက် ဂျုံစေ့ (၇ပိသာနှင့် ၇၀သား) လှူရမည်။ သတိရ၍ ဝုဇူပြုပြီး သဝါးဖ်ပြန်ပတ် လိုက်ပါက လှူရန်မလို/ဒမ်ပေးရန်မလိုပါ။

ပညတ်တော်(၁၁)
သဝါဖိဇေယာရသ်၏ (၄)ပတ်မှ (၇)ပတ်လုံးအထိ ကို ကိုယ်မသန့် ဝုဇူမရှိဘဲ လုပ်မိပါက နွားတကောင်(သို့)ကုလားအုပ်တကောင်(သို့)ဆိတ် ၇ကောင် ကုရ်ဘာနီပြုရန် ဝါဂျစ်ဗ် ဖြစ်သည်။ကိုယ်လက်သန့်စင်ပြီး သဝါးဖ်ပြန်လုပ်လိုက်ပါက ဒမ်ပေးရန်မလို။

ပညတ်တော် (၁၂)
သဝါဖေကုဒုမ်/သဝါဖေဝေဒါ/သဝါဖေနဖီလ် များကို ကိုယ်မသန့်ဘဲ လုပ်မိပါက ဆိတ်တကောင် ဒမ်ပေးရန် ဝါဂျစ်ဗ် ဖြစ်သည်။ကိုယ်လက်သန့်စင်ပြီး သဝါးဖ်ပြန် လုပ်လိုက်ပါက ဒမ် ပေးရန်မလိုပါ။

ပညတ်တော် (၁၃)
ကိုယ်မသန့်ဘဲ သဝါးဖ်လုပ်မိပါက ပြန်လုပ်ခြင်း ဝါဂျစ်ဗ်ဖြစ်သည်။ဝုဇူမရှိဘဲ သဝါးဖ် လုပ်မိပါက ပြန်လှည့်ခြင်း မွတ်စ်သဟဗ်ဖြစ်သည်။

ပညတ်တော်(၁၄)
လူတစ်ယောက်သည် ကိုယ်မသန့်ဘဲ သဝါးဖေဇေယာရသ်လုပ်ခဲ့ပြီး-ကိုယ်သန့်ချိန်တွင် သဝါဖိဝေဒါ လုပ်လိုက်မည်။ သဝါဖိဝေဒါ လုပ်ချိန်သည် အိုင်ယာမေ့နဟာရ် အတွင်းဖြစ် ပါက သဝါဖိဝေဒါသည် သဝါဖိဇေယာရသ် အစားဖြစ်သွားပြီး တာဝန်ကျသွားမည်။ သို့ သော် သဝါဖိဝေဒါအတွက် ဆိတ်တကောင် ဒမ်ပေးရန် ဝါဂျစ်ဗ်ဖြစ်သည်။

ပညတ်တော် (၁၅)
သဝါးဖ်ပြုရာတွင် အောက်ပါအချက်များ ဟရာမ်ဖြစ်သည်။
(က)ကိုယ်မသန့်ဘဲ ပြုခြင်း-
(ခ)အကြောင်းမဲ့ အစီးအနင်းဖြင့်ပြုခြင်း-
(ဂ)ဝုသူမရှိဘဲပြုခြင်း-
(ဃ)အကြောင်းမဲ့ ဒူးထောက်၍ပြုခြင်း-
(င)ဟသွိမ်းနှင့် ကအ်ဗဟ်အကြားမှဖြတ်သွားခြင်း-
(စ)၇ပတ်အနက် တပတ်ကို အကြောင်းမဲ့ချန်လှပ်ခြင်း-
(ဆ)ဟဂျ်ရိအစဝဒ်မှအပ အခြားနေရာမှသဝါးဖ် အစပြုခြင်း-
(ဇ)သဝါးဖ်ပြုနေချိန် ကအ်ဗဟ်ကျောင်းတော်ကိုမျက်နှာမူထားခြင်း-
(ဈ)သဝါးဖ်၏ ဝါဂျစ်ဗ်တခုခုကို အကြောင်းမဲ့ လွှတ်ခြင်း-

ပညတ်တော် (၁၆)
သဝါးဖ်ပြုရာတွင် ရုကွန် ခေါ် အဓိက မဏ္ဍိုင် ၃ခုရှိသည်။
(က)အပတ်ရေအများစု(အနည်းဆုံး၄ပတ်) ပြုခြင်း-
(ခ)ကအ်ဗဟ်ကျောင်းတော်၏အပြင်နှင့် ဗလီအတွင်း(မသားဖ်ကွင်း)တွင်ဲပုခြင်း-
(ဂ)စွမ်းနိုင်ပါက မိမိကိုယ်တိုင်လုပ်ခြင်း-

ပညတ်တော်(၁၇)
သဝါးဖ်ပြုရာတွင် ဝါဂျစ်ဗ်(၈)ခုရှိသည်။
(က)ခန္တာကိုယ်သန့်ရမည်။(ရေချိုးခြင်း/ဝုဇူပြုခြင်း)-
(ခ)အရှက်ဖုံးအုပ်ထားရမည်-
(ဂ)ခြေလျှင်လျှောက်နိုင်လျှင် ခြေလျှင်သဝါးဖ်ပြုရမည်-
(ဃ)ညာဘက်မှ စ၍ သဝါးဖ်ပြုရမည်-
(င)ဟသွိမ်းအပါအဝင် သဝါးဖ်ပြုရမည်။
(စ)ဟဂျ်ရိအတ်စ်ဝဒ်မှ အစပြုရမည်-
(ဆ)ပြည့်စုံစွာ သဝါးဖ်ပြုရမည်-
(ဇ)သဝါးဖ်ပြုပြီးနောက် နမားဇ် ဏ္ဍရကာအသ် ဝတ်ပြုရမည်-
အမှတ်စဉ်(ဇ)မှလွဲ၍ အခြား ဝါဂျစ်ဗ်တခုခုကို အကြောင်းမဲ့ပျက်ကွက်ခဲ့ပါက သဝါးဖ် ပြန်လုပ်ရန် ဝါဂျစ်ဗ် ဖြစ်သည်။မလုပ်ပါက ဂျဇာပေးရန် ဝါဂျစ်ဗ် ဖြစ်သည်။

ပညတ်တော်(၁၈)
လူတဥိးသည် သိလျှက်နှင့် သဝါးဖ်ကို (၈)ပတ် ပတ်လိုက်ပါက နောက်ထပ် (၆)ပတ် ပတ်ပြီးသဝါးဖ်ကို ပြည့်စုံစွာလုပ်ရန် ဝါဂျစ်ဗ်ဖြစ်သည်။

ပညတ်တော် (၁၉)
သဝါးဖ် (၇)ပတ်ဟု ထင်ပြီး (၈)ပတ်ပြုလိုက်ပြီးမှ သံသယဝင်ပြီး တပတ်ပိုခြင်း ပြသနာ မရှိချေ။နောက်ထပ် သဝါးဖ်ပြုရန်မလို။

ပညတ်တော်(၂၀)
အကယ်၍ သဝါဖေဇေယာရသ် ခေါ် သဝါဖေရုကွန် တွင် သံသယဝင်ပါက အစမှပြန် လုပ်ရမည်။

ပညတ်တော် (၂၁)
သဝါးဖ်ပြုနေသူတစ်ဦးကို သစ္စာသမာဓိရှိသူတစ်ဦးက အပတ်ရေနည်းကြောင်းပြောလာ ပါက ထိုသူပြောသည့်အတိုင်းပြုခြင်း မွတ်စ်သဟဗ်ဖြစ်သည်။

ပညတ်တော် (၂၂)
အကယ်၍ သမာဓိရှိသူ ၂ဦးက အပတ်ရေနည်းနေကြောင်း သတိပေးပါက ၎င်းတို့ စကားကို နာခံခြင်း ဝါဂျစ်ဗ်ဖြစ်သည်။

ပညတ်တော် (၂၃)
သဝါးဖ်ပြုလုပ်နည်းမှာ— ဦးစွာ ဟဂျ်ရိအတ်စ်ဝဒ်၏ လက်ဝဲဘက်တွင် ခေတ္တမတ်တပ် ရပ်၍ သဝါးဖ်ပြုကြောင်း ရည်စူးရမည်။ ထို့နောက် ဟဂျ်ရိအတ်စ်ဝဒ် နှင့်မျက်နှာချင်းဆိုင် လိုက်ပြီး နမားဇ်အတွင်းသက္ကဗီးရ်ရေ့သဟ်ရီမာဟ် ဆိုချိန်တွင် လက်ေဲမှာက်ဘိသကဲ့သို့ “ဗစ္စမိလ္လာဟိ အလ္လာဟုအက္ကဘရ် လာအိလာဟ အစ်လ္လလ္လာဟ် ဝလိလ္လာဟိလ်ဟမ် “ ဆို လျက် လက်မြှောက်ရမည်။ထို့နောက် လက်ကိုပြန်ချပြီး ဟဂျ်ရိအတ်စ်ဝဒ်ကို (၃)ကြိမ် နမ်း၍ ညာဘက်မှစပတ်ရမည်။ ဟဂျ်ရိအတ်စ်ဝဒ်နှင့် ဝေးသောနေရာတွင် ရှိနေပါက မျဉ်းနက်၏ဝဲဘက်ဘေးတွင် မတ်တပ်ရပ်၍ အေရှရဟ်ဖြင့် လက်နှင့်ထိတွေ့ဟန်ပြုပြီး ထိုလက်ကို နမ်းရမည်။

ပညတ်တော်(၂၄)
သက္ကဗီရ် မရွတ်ဆိုမှီ လက်ကို အရင်မြှောက်လိုက်ပါက ဗိဒ်အသ်ဖြစ်သည်။

ပညတ်တော် (၂၅)
ဟဂျ်ရိအတ်စ်ဝဒ် နှင့် ရုက်နိယမာနီ၏ အကြား အလည်တည့်တည့်တွင် မတ်တပ် ရပ်၍ နိယသ်လုပ်ခြင်းသည် မက္ကရူးဟ်ဖြစ်သည်။ ဟဂျ်ရိအတ်စ်ဝဒ်၏ လက်ယာဘက်အစွန်း နှင့်သဝါးဖ်ပြုသူ၏ လက်ယာဘက် ပုခုံးအစွန်းတို့သည် မျက်နှာချင်းဆိုင်ရှိရမည်။

ပညတ်တော် (၂၆)
ဟဂျ်ရိအတ်စ်ဝဒ်နှင့် ကအ်ဗဟ်ကျောင်းတော်၏ တံခါးကြီးဘောင်မှ တပါး အခြားမည် သည့်အစိတ်အပိုင်းကိုမှ နန်းခွင့်မရှိ။

ပညတ်တော် (၂၇)
ရုက်နိယမာနီကိုလည်းနမ်းခွင့်မရှိ-သဝါးဖ်ပြုချိန်တွင် ရုက်နိယမာနီကို လက်နှင့်ထိတွေ့ ရန်သာလိုသည်-လူများနေ၍ မထိတွေ့နိုင်ပါက (ဟဂျ်ရိအတ်စ်ဝဒ်မှာကဲ့သို့) အဝေးမှ နေ၍ လက်ဖြင့် မညွှန်းရ။တက္ကဗီရ် မဆိုရ။

ပညတ်တော် (၂၈)
သဝါးဖ်ပြုချိန်တွင် ကုရ်အာန်ဖတ်ခြင်းထက် ဒိုအာတောင်းခြင်းပိုမြတ်သည်။ မိမိဖတ်ရွတ် ခြင်းသည် အခြားသူများအတွက် အနှောက်အရှက်ဖြစ်စေပါက မက္ကရူးဟ်ဖြစ်သည်။

ပညတ်တော် (၂၉)
အမျိုးသမီးများ သဝါးဖ်လှည့်ချိန် သွေရင်းမဟုတ်သူ သဝါးဖ်ပြုပေးသူ၏လက်ကိုကိုင် ခြင်းဟရာမ်ဖြစ်၏။

ပညတ်တော် (၃၀)
ဂျုမူအဟ်ခွသ်ဗဟ် စချိန်နှင့် ရေတ်ဇ်နမားဇ် ဝတ်ပြုရန် သက္ကဗီရ်ဆိုချိန်တို့၌ သဝါးဖ် အစပြုခြင်း မက္ကရူးဟ်ဖြစ်၏။သို့သော် သဝါးဖ်ပြုရာတွင် မက္ကရူးဟ်အချိန်မရှိပေ။

ပညတ်တော်(၃၁)
သဝါးဖ်၏ နိယသ်—အို-အလ္လာဟ်အရှင်မြတ်၊ကျွန်တော်မျိုး/မ သည် အရှင်မြတ်၏ ကျေ နပ်နှစ်မြို့မှု ရယူရန် သဝါးဖ်ပြုနေပါ၏ ဤသဝါးဖ်ကို ကျွန်တော်မျိုး/မအတွက် လွယ်ကူ စေတော်မူပါ လက်ခံတော်မူပါ။

ပညတ်တော် (၃၂)
စိတ်အတွင်းမှ ရည်စူးခြင်း ဖရတ်ဇ်ဖြစ်သည်-ရွတ်ဆိုလိုက်လျှင်ကောင်း၏။

ပညတ်တော် (၃၃)
မက္ကာဟ်မြို့တွင်ရှိနေစဉ် အွမ္မရာလုပ်ခြင်းထက် သဝါးဖ်လုပ်ခြင်းကပိုမြတ်သည်။

ပညတ်တော် (၃၄)
အခြားသူ အနှောက်အရှက်ဖြစ်အောင် ဇိကိရ်နှင့်ဒိုအာများမရွတ်ဆိုရ။အချို့ မူအလ်လိမ် များ အသံကျယ်ဖြင့် ဒိုအာတိုင်ပေးခြင်းမပြုအပ်ပေ။

ပညတ်တော် (၃၅)
တမန်တော်(ဆွလ္လလ္လာဟု အလိုင်းဟိဝစလ္လာမ်) သည် သဝါးဖ်ပြုစဉ် ဇိကိရ်ရွတ်ဆို၍ ရွတ်က်နေယမာနီ နှင့် ဟဂျ်ရိအတ်စ်ဝဒ် ကြားတွင် အောက်ပါ ဒိုအာကိုတောင်းကြောင်း
ဟဒီးဆ်တော်တွင်လာရှိသည်။ “ ရဗ္ဗနာ၊ အားသိနာ၊ ဖိဒွန္နယာ၊ ဟစနသောင်ဝ်၊ ဝဖီလ်အာခိရသိ၊ ဟစနသောင်ဝ်၊ ဝကိနာ၊ အဇာဗန္နာရ် “

ပညတ်တော် (၃၆)
ဟဂျ်ရိအတ်စ်ဝဒ်နှင့် ဟသွိမ်းကြားတွင် အောက်ပါဒိုအာကိုတောင်းဆိုခဲ့ကြောင်း ဟဒီးစ် တော်တွင် လာရှိသည်။ “ အလ္လာဟွမ္မ၊ ကန်းနိအ်နီ၊ ဗေမာရဇတ်က်သနီ၊ ဝဗာရိတ်က်လီဖီးဟိ၊ ဝတ်ခ်လွတ်ဖ်အလာကွတ်လ္လိဂါးအိ ဗာသစ်လ်လီဗေခိုင်းရ် လာအိလာဟအစ်လ္လလ္လာဟု ဝဟ်ဒဟူ လာရှရီးကလဟူ လဟွလ်မွလ်ကူ ဝလဟွလ်ဟမ်ဒု ၊ ဝဟုဝအလာကွလ္လိရှိုင်းအင်န်ကဒီးရ် “

ပညတ်တော် (၃၇)
ဟဂျ်ပြုရာတွင် မည်သည့်ဒိုအာတောင်းရမည်ဟု သတ်မှတ်ခြင်းသည် မကောင်းပေ။
အဓိပ္ပာယ်နားမလည်ဘဲ အက္ခရာများအဓိကထား၍သတ်မှတ်တောင်းခံခြင်းသည် စိတ် ဝင်စားမှု မရှိနိုင်ပေ။အဓိပ္ပာယ်နှင့်တကွ အာဂုံဆောင်အလွတ်ရလျှင် အလွန်ကောင်း၏။ အချို့ အဓိပ္ပာယ်နားမလည်ဘဲ စာအုပ်ကိုင်ကာ ကြက်တူရွေးကဲ့သို့ ပြုမူကြသည်။၎င်းတို့ အတွက် အကြံပြုလိုသည်မှာ မိမိလိုအင်ဆန္ဒများကို မိမိတို့ မိရိုးဖလာစကားဖြင့် စိတ်ရော ကိုယ်ပါ တောင်းလျှင်ပိုမို ကောင်းမွန်ပါသည်။

Leave a comment