ဗမာဘယ်ကစလဲ (Part 1 to 4)

Shin TaRa

. .အပိုင်း – ၁ – . ဗမာဘယ်ကစလဲ -.
. မြန်မာနိုင်ငံအတွင်းမှာ လူ ရောက်တာတော့ မန္တလေးတိုင်း အမရပူရမြို့ နယ် အတွင်း တည်ရှိသည့် တောင်သမန် အင်းစောင်း မှာ တွေ့ ရှိ ရတဲ့ လူအရိုးတွေကို ကြည့်လျှင်ဘဲ နှစ်ပေါင်း ၅၀၀၀ ကျော်နေပါပြီ ။ သို့သော်လဲ အဲ့ဒီ့တုံးကရောက်ရှိ အခြေချ နေထိုင်တဲ့ လူတွေက ထီးနဲ့ နန်းနဲ့ နေထိုင်သူတွေ မဟုတ်ပေဘူး ။ ရေကြည်ရာ မြက်နုရာ ရွေ့ ပြောင်း သွားလာ ကျက်စားရင်းနဲ့ ခဏ ယာယီ နေထိုင်ကြသလား ? သို့တည်းမဟုတ် အမြဲ နေထိုင်ကြသလား ?

ဒါတော့ တတ်အပ်မဆိုနိုင်ပေ ။ နောက်ပြီး ရှမ်းပြည်နယ် တောင်ပိုင်း ပင်းတယ ပတ်ဝန်းကျင်မှာ ရှိနေတဲ့ နေရာတွေ မှာလည်း နှစ်ပေါင်း (၅၀၀၀-၆၀၀၀) က လူတွေနေထိုင်သွားတဲ့ အထောက် အထားတွေ တွေ့ ရတယ် ။
. ဗမာနိုင်ငံသည် ဗမာနိုင်ငံလို့ တည်နေတဲ့ နယ်နိမိတိအတွင်းမှာ ပထမဆုံး ထီးနဲ့ နန်းနဲ့ နိုင်ငံတော်ရယ် လို့ ဆိုပြီ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ထီးနန်းတည်တဲ့ တကောင်းပြည် ရယ်လို့ ဆိုပါမယ် ။ ရာဇဝင်ကျမ်းတွေမှာ ” ဗမာအစ တကောင်းက ” လို့ သုံးထားသလို ဆိုစမှတ်လဲ ပြုကြပါတယ် ။

. ဒါပေမယ့် ဗမာအစ တကောင်းက ဆိုတာဟာ နောက်ပိုင်း မှ သုတေသန ပြုလုပ်ချက်များအရ တကောင်းထက်ဦးတာ တစ်နေရာ ထပ်တွေ့ ပြန်တယ် ။ အဲ့ဒါကတော့ ယနေ့ မြန်မာနိုင်ငံတော် မြေပုံရဲ့  အနောက်ဘက်ကမ်းရိုးတန်းဖြစ်တဲ့ ရခိုင်ပြည်နယ် ဆိုတဲ့ ဝေသာလီပြည် ဟာ တကောင်းထက် ရှေ့ ကျကြောင်း နောက်ပိုင်း ပညာရှင်တွေ ဆိုလာပါတယ် ။

ဝေသာလီ ။ ။

ဝေသာလီပြည် ဝေသာလီနိုင်ငံတော်ရယ်လို့ ဗမာပြည် နယ်နိမိတ်အတွင်းမှာ စတင်တည်ထောင်တဲ့ အချိန် – ယနေ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဟာလည်း ဘင်္ဂလားဆိုတဲ့ အမည်နာမ နဲ့ ရှိမနေသေးပါဘူး – ဘင်္ဂလားပြည်ကြီး ရဲ့  အနောက်ဘက်အစွန်းလေးမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ ကျော်က ပါတီကေရာ ဆိုတဲ့ အမည်နဲ့ နိုင်ငံလေး တစ်နိုင်ငံ တည်နေခဲ့ပါတယ် ။ အဲ့ဒီ့ ပါတီကေရာ ဆိုတဲ့ နိုင်ငံလေး နှင့် ဗမာပြည်နယ်နိမိတ်အတွင်းမှာရှိတဲ့ ဝေသာလီပြည်နဲ့ က ပထမဆုံး နိုင်ခြားဆက်သွယ်မှု့ အနေဖြင့် သံတမန် လဲလှယ်မှု့ တွေ ပြုလုပ်ခဲ့ကြ ပါတယ် ။ အဲ့ဒီ့ ပါတီကေရာတိုင်းသား တွေဟာ ယနေ့အခေါ်ဆို ကုလားတွေ ပေါ့ – အဲ့ချိန်မှာ ဒီဗမာပြည်မှာလဲ ဗမာ ရယ်လို့ မပေါက်ထွန်းသေးပါဘူး –
. ဝေသာလီမှာ ပျူလူမျိုး နေလား – သက်လူမျိုးနေလား အသိအကျမသိဘူး ။ သေခြာတာတော့ ဗမာလူမျိုး မဟုတ်ဘူး ဆိုတာဘဲ ။ ပါတီကေရာ နဲ့ ဝေသာလီ နှစ်နိုင်ငံ ဆက်ဆံရေးဟာ အလွန်အင်မတန်မှ ကောင်းမွန်ပြီး အပြန်အလှန် ကူလူးဆက်ဆံမှု့ တွေ ရှိလာတယ် ။ ယဉ်ကျေးမှု့ တွေ ဖလှယ် လာတယ် ။ ပဋိက္ခရားဇာတ် ထဲမှာ ပဋိက္ခရားပြည် ဆိုပြီး ထည့်ခင်းအမှု့  ပြုလာပါတယ် ။ အဲ့ဒီ့ ပဋိက္ခရားပြည် ဆိုတာက ပါတီကေရာတိုင်းနိုင်ငံတော် ကို သမုတ်ခြင်းဖြစ်တယ် ။ အဲ့ဒီ့ ပဋိက္ခရားဇာတ် ခင်းတဲ့အထဲမှာ တစ်ခု မှားနေတာက ပဋိက္ခရားမင်းသားလေး က ဦးထုပ်လေးဆောင်းပြီး မွတ်စလင် ပုံစံလုပ်နေတာ – အဲ့ဒါမှားနေတယ် ။ ဘာလို့မှားလဲ ဆိုတော့ အဲ့အချိန်က ကမ္ဘာပေါ်မှာ တမန်တော်မိုဟာမက်(စွ) မပွင့်ပေါ်သေးပါဘူး – အစ္စလာမ်သာသနာ မထွန်းကားသေးပါဘူး ။ ပါတီကေရာ မှာရော ဝေသာလီမှာပါ ဗုဒ္ဓဘာသာ ထွန်းကားနေပါတယ် ။ ဝေသာလီ ခေတ်ကစလိုက်ပြီး ဗမာနိုင်ငံ နေရာ အနှံ့အပြားမှာ ပျူနိုင်ငံလေးတွေ – မွန်နိုင်ငံလေးတွေ ပေါ်ထွန်းလာတယ် ။

.သရေခေတ္တရာ ။ ။

သရေခေတ္တရာ = ခရစ်နှစ် (၄)ရာစု (၉)ရာစု အလယ်ခန့်ထိ ဆိုတဲ့ ခေတ် ကို ရောက်လာပါတယ် ။ ဒီခေတ်မှာ ယနေ့ ပြည်မြို့ နားမှာ ” မှော်ဇာ ” ဆိုတဲ့ မြို့ လေးနားမှာ သရေခေတ္တရာဆိုတဲ့
” ပြည် ” ကို ပျူလူမျိုးတွေက တည်ထောင်ပါတယ် ။ သရေခေတ္တရာ ရဲ့  နယ်နိမိတ်က ဘယ်ထိ ကျယ်ကျယ် ပြန့်ပြန့် သြဇာသက်ရောက်သလဲ ဆိုရင် ပြည်မြို့ ရဲ့ အောက်ဘက် မှာ နဲနဲကျဲပြီး အထက်ဘက် ရောက်တော့ ယနေ့ ကျောက်ဆယ်ခရိုင် အနောက်မြောက်စွန်းမှာ ရှိတဲ့ “ခမ်လှု ” ယနေ့ အခေါ် ” ခံလူးရွာ ” ဆိုတဲ့ ကျေးရွာအထိရောက်ပါတယ် – အဲ့ဒီ့ ဟိုဘက်မှာ ပျူလူမျိုး မရှိတော့ပါ ဆိုတဲ့ အကြောင်းကို ကွယ်လွန်သူ ဇေယျကျော်ထင်ဗိုလ်မှူးဘရှင် နောက်ဆုံး အပြီးသတ်ပြုစုသွားတဲ့ ” အနော်ရထာ အလျင်က မြန်မာနိုင်ငံ ” ဆိုတဲ့ ကျမ်းမှာ အတိအလင်း ဖေါ်ပြထားပါတယ် ။ သရေခေတ္တရာ က ယနေ့အခေါ် ” တဘက်ဆွဲ ” ကျေးရွာ ရဲ့ တောင်ဘက်မှာ ရှိတဲ့ ” ခံလူးရွာ ” အထိ လက်တန်ရှည်ရှည်နဲ့ လှမ်းအုပ်ချုပ်မင်းပြုတယ် ။ “ခံလူး ” ရွာ ရဲ့  နာမည်အရင်း အမှန်က “ခမ်လှု ” ရွာ လို့ ခေါဝေါ်သမုတ်ပါတယ် ။ ပျူလူမျိုး တွေ နေတဲ့ ” ခမ်လှုရွာ ” ဖြစ်ပါတယ် ။ ” ခမ်လှုရွာ ” တည်သည့်အချိန်က ဗမာလူမျိုး ရယ်လို့ မမည်သေးပါဘူး – မပေါ်သေးပါဘူး ။ ဒါက သရေခေတ္တရာ ခေတ်အခါဖြစ်ပါတယ် ။
နားပါဦးမည် ။ ။ ။

. အပိုင်း (၂) အဖြင့် ဆက်လက် ၍ ကြိုးစားပြီး တင်ပြပေးသွားပါအုံး မည် ။

– ဇင်နိုင်းခ(မန်း) –

 

.မိတ်ဆွေတစ်ဥူး၏ တောင်းဆိုပူဆာ မှု့  ကြောင့် အပိုင်း(၂) ကို ကြိုးစားတင်ဆက် လိုက်ပါသည် –
.
. အပိုင်း -၂ -. ဗမာဘယ်ကစလဲ –
.
. ခရစ်နှစ် (၄) ရာစုမှ (၉) ရာစုထိ သရေခေတ္တရာခေတ် ပြီးသွား တဲ့ နောက် – သရေခေတ္တရာ ပျက်ပြီးတဲ့ နောက်မှာ ဘာတွေဆက်ဖြစ်ကြသလဲ ? ဆိုရင် –
. ယနေ့ ခေါ် မြန်မာနိုင်ငံ အတွင်း မှာ သရေခေတ္တရာ ပျက်ပြီးတဲ့ နောက် ပျူ – သက် – မွန် – ကမ်းယံ ဆိုပြီး ရှိနေ တဲ့ လူမျိုးစုကြီး (၄) စု ဟာ သရေခေတ္တရာ ပျက်သုန်းပြီးချိန်မှာ တစ်ချို့  အောက်ဘက်ကို စုန်ဆင်း သွားကြပြီး ယနေ့ အခေါ် မွန်ပြည်နယ် သထုံမြို့ နားမှာ သုဝဏ္ဏဘုမ္မိ ဆိုပြီး နိုင်ငံတည်တယ် – တစ်ချို့ ကလည်း ရွှေဘိုခရိုင် ဝက်လက်မြို့ နားမှာ ဟန်လင်းကြီး ဆိုပြီး မြို့ တည်ကြတယ် – တစ်ချို့ ကလည်း ပုဂံ မှာ နန်းတည် ကြတယ် – တစ်ချို့ ကလည်း တောင်တွင်းကြီးနားမှာ ဗိဿနိုး ဆိုပြီး တည်ကြပြန်တယ် – လူမျိုးစုကြီးလေး စု အကွဲကွဲအပြားပြား နဲ့ ဖြစ်နေကြပြီး – ကိုယ့်လူမျိုးစုနဲ့ ကိုယ် ရပ်တည်နေချိန် ဖြစ်တယ် ။. ပုဂံ ။ ။

. ကောဇာသက္ကရာဇ် – ၂၁၁ ခုနှစ် မှာ ” ပျဉ်ပြားမင်း ” ဟာ ပထမဦးဆုံး ပုဂံနန်းတည်မင်း ဖြစ်တယ် ။ ” ကောဇာသက္ကရာဇ် ” ဆိုတာ ” ပုပ္ဗါးစောရဟန်းမင်း ” က အရင် က အသုံးပြုခဲ့တဲ့ သက္ကရာဇ် – ၅၆၂ ကို ၅၆၀ ဖြိုခဲ့တယ် – တစ်နည်းဆိုရရင် သက္ကရာဇ်ကို ဖျက်သိမ်းခဲ့တယ် – သက္ကရာဇ် – ၅၆၀ ကိုဖြိုဖျက်ပြီး အကြွင်း သက္ကရာဇ်နှစ် စုစုပေါင်း – ၂စု ကြွင်းကျန်တယ် – အဲ့ဒီ့ အကြွင်း သက္ကရာဇ် ၂စု ကနေစတွက်ပြီး ရလာ တဲ့ ကောဇာသက္ကရာဇ် – ၂၁၁ ခုနှစ်မှာ ” ပျဉ်ပြားမင်း ” ပုဂံနန်းတည်နှစ်လို့ တွက်ပြီး အဲ့ဒီ့အချိန်ထိ ဗမာလူမျိုး ရယ်လို့ ယနေ့အခေါ် မြန်မာနိုင်ငံမှာ မရှိသေးပါ – မဖြစ်တည်သေးပါဘူး – မပေါ်ပေါက်သေးပါဘူး – ဆိုတာကို သိခွင့်ရခဲ့တယ် ။ ” ကောဇာသက္ကရာဇ် ” ခေါ် ” ပုဂံသက္ကရာဇ် ” ဆိုတာက ယနေ့ မြန်မာတစ်နိုင်ငံလုံး အသုံးပြု နေတဲ့ ” မြန်မာသက္ကရာဇ် ” ကို ဆိုလိုခြင်း ဖြစ်သလို ယနေ့ ထိတွက်ကြည့်မယ် ဆိုရင် မြန်မာသက္ကရာဇ် (ခေါ် ) ပုဂံသက္ကရဇ် (ခေါ် ) ကောဇာသက္ကရာဇ် – ၁၃၇၄-၇၅ ခုနှစ် ရှိခဲ့ပြီဖြစ်ပါတယ် ။
. ပုဂံနန်းတည် ပျဉ်ပြားမင်း လက်ထက်မှာ တစ်ချိန်တည်းမှာ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲမှာ ” နန်စော ” ဆိုတဲ့ နိုင်ငံလေး တစ်နိုင်ငံရှိခဲ့တယ် ။ အဲ့ဒီ့ ” နန်စော ” ဆိုတဲ့ နိုင်ငံလေးမှာ နေတဲ့ ဒေသခံတိုင်းရင်းနွယ်( နိုင်ငံသား) ရဲ့  အမည်နာမ္မက ” မားင် ” လို့ခေါ်တွင်တယ် – ခေါ်တယ် ။ မားင်မျိုးနွယ်စုလေးဟာ နန်စော ဆိုတဲ့ နိုင်ငံငယ်လေးထူထောင်ပြီး နေကြတဲ့ အချိန် မှာ လူမျိုးကြီးဖြစ်တဲ့ ” ဟန် ” လူမျိုး စတဲ့ လူမျိုးစုကြီးတွေက ခဏခဏ လာပြီးတိုက်ခိုက်ကြတယ် – နယ်လုကြတယ် – ” မားင် “လူမျိုးတွေ ဟာ ခဏခဏ တိုက်ခိုက်ခံရပါများလာ တော့ သူတို့ ဒေသလေးမှာ သူတို့နေလို့မကောင်းတော့ဘူး – မအေးချမ်းတော့ဘူး – သူတို့ လူမျိုးစု ခေါင်းဆောင်ပိုင်းတွေ တိုင်ပင်ပြီး နယ်ပယ်သစ်ရှာဖို့ အစုလိုက် အပြုံလိုက် ခွဲထွက်လာခဲ့တော့တယ် ။ သူတို့ဌာနေ မွေးရပ်မြေကို အပြီးစွန့်ခွာ လာခဲ့ကြတော့တယ် ။ ကလေး – လူကြီး – သက်ကြားအို မကျန် ယောင်္ကျား – မိန်းမ မကျန် အားလုံးခွဲထွက်လာခဲ့ ကြတယ် ။
. ” မားင် ” လူမျိုးတွေဟာ သူတို့ရဲ့  ခေါင်းဆောင်ကို ” မန်ချော “လို့ ခေါ်ကြတယ် ။ မားင်လူမျိုးစုကို ခေါင်းဆောင်ပြီး ဦးဆောင်ပြီး လာတာ ကတော့ ” အနော်ရထာမန်ချို ” ဆိုတဲ့ သူက ခေါင်ဆောင်ပြီးလာတာပါ ။ တရုတ်ပြည် ယူနန်ပြည်နယ် ” နန်စော ” ဆိုတဲ့ နိုင်ငံလေးကနေ ” အနော်ရထာမန်ချို ” က ဦးဆောင်ဦးရွက်လုပ်ပြီး နယ်မြေ စွန့်ခွာ နိုင်ငံစွန့်ခွာပြီး နယ်ပယ်သစ်ကို စွန့်စားရှာဖွေဖို့ ခွဲထွက်လာခဲ့ကြရာ – ယနေ့ ကျွန်ုပ်တို့ ရဲ့  မြန်မာနိုင်ငံတော် ရှိ ရှမ်းပြည်မြောက်ပိုင်း နောင်ချိုဒေသကို ရောက်ရှိလာခဲ့ပါတယ် ။ နောင်ချိုဒေသ မှာ သူတို့အခြေချဖို့အတွက် နယ်မြေရဲ့  ပထဝီအနေအထားကို လေ့လာစူးစမ်း တယ် ။ နောက်က ရန်သူလိုက်လာလျှင် နီးနေသေးသလို – နောင်ချိုဒေသရဲ့  မြေပထဝီအနေအထားကလဲ နယ်မြေ မပြန့်ပျူးတာကိုတွေ့ ရတယ် ။ နောင်ချို ဒေသရဲ့  အရှေ့  ဘက်ထွက်လိုက်ရင် ဂုတ်တွင်းကြီး – အနောက်ဘက် ထွက်လိုက်ရင် တောင်ဂမူတွေနဲ့ – မြောက်ဘက်ထွက်လိုက်ရင် ဂုတ်တွင်း ကြီး – တောင်ဘက်ထွက်လိုက်လည်း ” ကန်ကြီး ” အထိ ၁၂မိုင်လောက်လေး သာ မြေပြန့်ကလေးရှိကြောင်း သူတို့လေ့လာတွေ့ ရှိခဲ့ကြတယ် ။
. ” မားင် ” လူမျိုးစုခေါင်းဆောင် ” အနောရထာမန်ချို ” ဟာ သူတို့ ရောက်ရှိ နေတဲ့ နောင်ချိုနယ်ဒေသဟာ နောက်က ရန်သူလိုက်လာလျှင် နီး နေ သလို နေရာကလဲ ကျဉ်းတော့ သူတို့ ရှေ့  ဆက်ဖို့ ဆုံးဖြတ်ခဲ့ကြတယ် ။ ဒါပေမဲ့ အနော်ရထာမန်ချိုက ခေါင်းဆောင်ပီပီ တွေးတောဥာဏ်ရင့်သန်သူဖြစ်တော့ နောင်ချိုဒေသကနေ ရှေ့ ဆက်တဲ့ အချိန်မှာ တစ်စုတစ်စည်းတည်း မသွား တော့ဘဲ ရှေ့ ပြေးအဖြစ် မြင်းသည်ကျော်တွေကို လွှတ်လိုက် တယ် ။သူတို့ရှေ့ မှာ ရန်သူတပ်က ဆီး တိုက်ခံရလျှင် တစ်စုတစ်စည်းတည်း ဆို ကူသူမဲ့ပြီး အားလုံးဒုက္ခရောက်မည် ဆိုသည်ကို သိသဖြင့် မြင်းသည်ကျော် များရှေ့ ပြေး အဖြင့် စေလွှတ်ခဲ့ခြင်း ဖြစ်တယ် ။

နားပါဦးမည် ။ ။ ။

အပိုင်း (၃) အဖြင့် ဆက်လက် ၍ ကြိုးစားပြီး တင်ပြ ပေးသွားပါအုံးမည် ။

– ဇင်နိုင်းခ(မန်း) –

မိတ်ဆွေတွေ အပေါင်းအသင်းတွေ သူငယ်ချင်း ရောင်းရင်းများ မျှော် နေကြရတဲ့ –
” ဗမာဘယ်ကစလဲ ” အပိုင်း – ၃ –
တင်ပေးလိုက်ပါတယ်။ စောင့်မျှော် နေသည့် မိတ်ဆွေများ အထူးတောင်းပန်အပ်ပါသည်။
Shin TaRa
. အပိုင်း – ၃ -. ” ဗမာဘယ်ကစလဲ “. ကောဇာသက္ကရာဇ် – ၂၁၁ ခုနှစ် မှာ ” ပျဉ်ပြားမင်း ” ဟာ ပထမဦးဆုံး ပုဂံနန်းတည်မင်း လက်ထက် တစ်ချိန်တည်းမှာဘဲ တရုတ်ပြည် အနောက်တောင်ပိုင်း ယူနန်ပြည်နယ်ထဲမှာ ” နန်စော ” ဆိုတဲ့ နိုင်ငံလေး တစ်နိုင်ငံရှိခဲ့တယ် ။ အဲ့ဒီ့ “နန်စော” ဆိုတဲ့ နိုင်ငံလေးမှာ နေတဲ့ ဒေသခံတိုင်းရင်းနွယ်( နိုင်ငံသား) ရဲ့  အမည်နာမ္မက ” မားင် ” လို့ခေါ်တွင်တယ် – ခေါ်တယ် ။

. ” မားင် ” လူမျိုးတို့ ထွက်ပြေး တိမ်း ရှောင်လာပုံ အပိုင်း – ၂ – ၌ တင်ပြခဲ့ပြီး ဖြစ်ရာ ၎င်း လူမျိုးတို့ အားဦးဆောင်သူ လူမျိုးစုခေါင်းဆောင် အနော်ရထာမန်ချိုက ခေါင်းဆောင်ပီပီ တွေးတောဥာဏ် ရင့်သန်သူဖြစ်တော့ နောင်ချိုဒေသကနေ ရှေ့ ဆက်တဲ့ အချိန်မှာ တစ်စုတစ်စည်းတည်း မသွား တော့ဘဲ ရှေ့ ပြေးအဖြစ် မြင်းသည်ကျော်တွေကို လွှတ်လိုက် တယ် ။သူတို့ရှေ့ မှာ ရန်သူတပ်က ဆီး တိုက်ခံရလျှင် တစ်စုတစ်စည်းတည်း ဆို ကူသူမဲ့ပြီး အားလုံးဒုက္ခရောက်မည် ဆိုသည်ကို သိသဖြင့် မြင်းသည်ကျော် များရှေ့ ပြေးစေလွှတ်ခဲ့ခြင်း ဖြစ်တယ် ။
မြင်းသည်တော်တွေဟာ ယနေ့အခေါ် အနီးစခန်း သို့ရောက်ရှိခဲ့ပြီး ဝန်ကျင်ကို လေ့လာတယ်တော့ တောင်ခြေဘက် ဆီမှာ မြေပြန့်လွင်ပြင်ကျယ် – ပန်းလောင် – ဇော်ဂျီ – ဒုဋ္ဌာဝတီ နှင့် ဧရာဝတီမြစ် တို့နှင့် ညီညာပျံ့ ပျူးတာ တွေ့ ခွင့်ရခဲ့တယ်။

. “မားင် ” တို့ ထိုမြေပျံ့ သို့ ဆင်းရန် ဆုံးဖြတ်ကြပြီး အင်မတန်မျှ ပါးရည်နပ်ရည် ရှိသည့် ပုဂ္ဂိုလ်တွေ ဖြစ်သည့် အလျှောက် အနော်ရထာမန်းချော က ဦးဆောင်ပြီး စစ်ကြောင်းကြီး သုံးကြောင်းခွဲ၍ ထို မြေပြန့်သို့ ဆင်းလာကြတော့သည်။ အနော်ရထာမန်းချော က အလယ်ခေါင် တည့်တည့်မှ ဆင်းကာ ၎င်း၏ လက်ယာဘက် မှ စစ်ကြောင်း တစ်ကြောင်း ဆင်းခိုင်ပြီး – လက်ဝဲဘက် မှ စစ်ကြောင်း တစ်ကြောင်းဖြင့် စစ်ကြောင်းကြီး သုံးကြောင်းခွဲကာ ” မားင် “လူမျိုးတို့ ဆင်းလာခဲ့ကြပေတော့သည်။

. ထိုသို့ဆင်းလာတဲ့အချိန်မှာ အနော်ရထာမန်းချော ဦးဆောင်တဲ့ စစ်ကြောင်းဟာ ဘယ်ရောက်လာလဲ ဆိုရင် ” က္လောက်ဆည် ” (ယနေ့အခေါ် ‘ ကျောက်ဆည် ‘) ဋ္ဌာနေကို ဆိုက်ရောက်ကြတယ်။

. အနော်ရထာမန်းချောရဲ့  လက်ယာဘက် စစ်ကြောင်းကတော့ – ” တောင်ပ္လုန်းခရိုန် ” (ယနေ့အခေါ် ‘တောင်ပြုန်းခရိုင်’) ဋ္ဌာနေကို ဆိုက်ရောက်ကြတယ်။

. အနော်ရထာမန်းချောရဲ့  လက်ဝဲဘက် စစ်ကြောင်းကတော့ – ” မ္လစ်သာ ” (ယနေ့အခေါ် ‘မြစ်သား’) ဋ္ဌာနေများသို့ အသီးသီးဆိုက်ရောက်တယ်။ ဒီနေရာမှာ တစ်ခုတော့ ရှင်းရလိမ့်ဦးမည်။ ထိုခေတ် ထိုအခါက ယပင့်-ရရစ် အသုံးမပြုသေးသဖြင့် ယပင့်-ရရစ် အစား ‘လ’ ရေးသားပါသည်။

၁။ က္လောက်ဆည် = ကျောက်ဆည်

၂။ တောင်ပ္လုန်းခရိုန် = တောင်ပြုန်းခရိုင်
၃။ မ္လစ်သာ = မြစ်သား

. ဒါကအရေးအသားပါ ။

. “မားင်” လူမျိုးစုခေါင်းဆောင် အနော်ရထာမန်းချော (နာမည်က အနော်ထာမန်ချို) ဦးစီးပြီး ကလောက်ဆည် (က္လောက်ဆည်) ကို ဆိုက်ရောက်လာချိန်မှာ အနီးဆုံးဒေသ ဖြစ်တဲ့ “ခမ်မလှု”(ယနေ့အခေါ် ‘ခံလူး’)
ဆိုတဲ့ ရွာကြီး ရှိတယ်။ အဲ့ “ခမ်မလှု” ဆိုတဲ့ ရွာကြီးမှာ နေထိုင်ကြတဲ့ ကဏဦး လူမျိုးကြီးက ပျူလူမျိုးဖြစ်တယ်။ ပျူရွာကြီးဖြစ်တယ်။ လူမျိုးသစ်ဖြစ်တဲ့ “မားင်” လူမျိုးတွေကို မြင်တော့ နယ်ခံပျူတွေက ကလောက်ဆည် နယ် မှာ လူမျိုးစု အသစ်တွေ အစုလိုက် အပြုံန်လိုက် ရောက်လာတဲ့အကြောင်း မင်းနေပြည်တော် ပုဂံကို သတင်း ပေးပို့လိုက်တယ်။

. ပုဂံမင်းကလဲ စစ်တပ် အလုံးအရင်း နဲ့ လိုက်လာတယ်။ စစ်ဆေးကြောရေး ဝင်တော့ ပါးရည်နပ်ရည် ရှိတဲ့ လူမျိုးစု ခေါင်းဆောင် အနော်ရထာမန်းချော က စပြီး မိတ်ဆက်တယ် – သူတို့ ဟာ “မားင်” လူမျိုးဖြစ်ကြောင်း နှင့် ဒီဒေသ ဒီနယ်ပယ်က အသင်တို့ကို ကူညီဖို့ လာရောက်ရခြင်း ဖြစ်ကြောင်း ရောက်နှင့်ပြီးဖြစ်သော ကဏဦး လူမျိုးအသင်တို့အား နှောက်ယှက်ရန် လာရောက်ခြင်း မဟုတ်ကြောင်း သူတို့ မှာ အတတ်ပညာတွေ ပါကြောင်း ပြော တယ်။ ပျူတွေက မယုံသေးဘူး။ သူတို့ က ကူညီပါမည် ကြည့်ပါလို့ ပြောပြီး –

. အဲ့ခေတ်အခါက စပါးစိုက် သည့် အချိန်မှာ စူးထိုးပြီးစိုက်တဲ့ အတတ်သာ ရှိတယ်။ လယ်တစ်ဧက ကို လူလေးငါးဆယ် ပေါက်တူးနဲ့ ခုတ် ပြီးတော့ ရေသွင်းပြီးမှ စူးထိုးစိုက်တယ် – မြေမထယ်တတ်သေးဘူး။ အဲ့မှာ “မားင်” လူမျိုးစုခေါင်းဆောင် အနော်ရထာမာန်းချော က – မြေကွက်တစ်ကွက်ကို ထယ်ထိုးပြ တယ် – အဲ့မှာ ထူးဆန်းတာက မြေကို ထယ်တဲ့အချိန်မှာ နွား နဲ့ ထယ်တာ မဟုတ်ပါ။ သူတို့မှာ ပါလာသည့် ဆင်ပု လေးတွေ နဲ့ ကလောက်ဆည် နယ်မှာ “မားင်” တွေက ပထမဆုံး ဆင်ပုလေး တွေကို “က” ပြီး မြေထယ်ပြ လိုက်ရာ အချိန်ခဏလေးအတွင်း လူအယောက် လေးငါးဆယ် အချိန်အကြာကြီး လုပ်စရာ မလိုတော့ဘဲ ပြီးမြောက်သွား ခဲ့တယ်။ ပျူတွေ သဘောကျသွားတယ်။ အဲ့မှာ “မားင်” ခေါင်းဆောင်က တခြား အတတ်ပညာတွေပါသေးကြောင်း ပြောကာ သူတို့ကိုဒီနယ်ပယ်မှာ အခြေချနေထိုင်ခွင့်ရဖို့ တောင်းဆို လေတော့သည်။

နားပါဦးမည်။ ။ ။

-ဇင်နိုင်းခ(မန်း)-

. အပိုင်း – ၄ –

. ဗမာဘယ်ကစလဲ
.
. “မားင်”လူမျိုးစု ခေါင်းဆောင် အနော်ရထာမန်းချော ဟာ မြေ မထယ်တတ်သေးတဲ့ ရှိရင်းစွဲ မူလဘူတ နယ်ခံ ပျူ – သက် – ကမ်းယံ – မွန် လူမျိုးစု တွေကို ထယ်ထိုးနည်း ကောက်စိုက်နည်းပညာ အပြင် တခြား အတတ်ပညာတွေပါ ပါသေးကြောင်း ပြောကာ သူတို့ကိုဒီနယ်ပယ်မှာ အခြေချနေထိုင်ခွင့်ရဖို့ တောင်းဆို လေတော့သည်။ အပိုင်း-၃-တွင် ရေးသားပြီး –

. “မားင်” လူမျိုးစု ခေါင်းဆောင်
အနောရထာမန်းချော ရဲ့  ကမ်းလှမ်း တောင်းဆိုချက် ကို မူလဘူတနယ်ခံ ဒေသခံတွေဖြစ်သည့် ပျူ – သက် – ကမ်းယံ – မွန် ဆိုတဲ့ လူမျိုးစုတွေ က လက်ရုံးရည်အားဘဲရှိကြပြီး နှလုံးရည်အား အရာမှာ အားနည်းသမို့ တနည်းဆို နည်းပညာပိုင်းဆိုင်ရာ လွန်စွာခေါင်းပါးသမို့ အနောရထာမန်းချော ရဲ့  စကား အရိုက်အရာ အောက် ကို အဲ့ဒီ့ အချိန်ကနေ စပြီး သက်ဆင်းခဲ့ရတာ သူတို့ကို သူတို့ မသိခဲ့ကြလေပြီး –

. ဒီလိုနဲ့ “မားင်” ရွှေ့ ပြောင်း လူနည်းစုဟာ ဒီနယ်ပယ်မှာ အခြေချ နေထိုင်လာရင်း ကောဇာသက္ကရာဇ် – ၄၀၆ – ခုနှစ် / ခရစ်သက္ကရာဇ် – ၁၀၄၄ – ခုနှစ် (AD) မှာ “မားင်” လူမျိုးစု ခေါင်းဆောင် အနောရထာ မန်းချော ဟာ မူလဘူတနယ်ပယ်ခံ တွေဖြစ်တဲ့ ပျူ – သက် – ကမ်းယံ – မွန် တွေ တစ်စု တစ်စည်းတည်း မထူထောင်နိုင်ခဲ့တဲ့ တိုင်းနိုင်ငံကြီးတစ်ခုကို ထူထောင်ပြီး “မားင်” လူမျိုးစုခေါင်းဆောင် အနောရထာ မန်းချော ဟာ “အနောရထာမင်းစော” အမည်ဖြင့် [(THE FIRST KING OF BURMESE DYNASTY) ဆိုပြီးတော့သုံးတာဘဲ ] ဗမာမင်းဆက် ကို စ စေခဲ့တယ်။

. ဗမာမင်းဆက် ရယ်လို့ – “မားင်” လူမျိုးစု ခေါင်းဆောင် အနောရထာမန်းချော ဟာ ဗမာရယ်လို့ မင်းဆက်အစကို တည်စေပြီး ခရစ်သက္ကရာဇ် ၁၀၇၇ ခုနှစ် AD ထိ နန်းစံပြီး [“မားင်” လူမျိုးစု ခေါင်းဆောင် အနောရထာမန်းချော နန်းစံကာလ က (ခရစ်သက္ကရာဇ် -AD- ၁၀၄၄ မှ – ၁၀၇၇ ခုနှစ် အထိ အနောရထာမင်းစော အမည်နှင့် ပုဂံနန်းစံသည်)] နောက် မင်းဆက် ၅၅ ဆက်ထိ ပုဂံပြည်မှာ စိုးစံလာခဲ့တယ်။ ကောဇာသက္ကရာဇ် ၄၀၆ ခုနှစ်မှာ “မားင်” လူမျိုးစု ခေါင်းဆောင် အနောရထာ မန်းချော ဟာ မင်းဆက် စတင်တည်ထောင် ပြီး ကောဇာသက္ကရာဇ် ၆၆၀ ခုနှစ်မှာ ပုဂံနေပြည်တော်ကြီး ပျက်သုန်း ခဲ့ရတယ်။

(ပျဉ်ပြားမင်း ပုဂံနန်းတည်နှစ်က ကောဇာသက္ကရာဇ် ၂၁၁ ခုနှစ်မှာ)
[(ခရစ်နှစ် အေဒီ ၁၀၄၄-မှ-၁၂၈၇ထိ)
(ကောဇာသက္ကရာဇ် ၄၀၆-မှ-၆၆၀ ထိ) ပုဂံခေတ်]

. ပုဂံပြည်ကြီး ပျက်သုန်းသွားပြီးသည့်နောက် က္လောက်ဆည် ခေါ် ကျောက်ဆည်ရဲ့  အနောက်ယွန်းယွန်း – သိန္နီကန် ရဲ့  အရှေ့  ယွန်းယွန်း – မိုးကြိုးတွင်း ရဲ့  တောင်ယွန်းယွန်း မှာ ယ္ခုခေတ် ဒီဘက်ခေတ် အများသိတဲ့ မြင်စိုင်း ဆိုတဲ့ ရွာငယ်လေးအဖြင့်သာ ကျန်ရစ်တည်နေသည့် မြင်စိုင်းပြည် မှာ “မားင်” လူမျိုး ရဲ့  ဒုတိယ နန်းကို ကောဇာသက္ကရာဇ် ၆၆၂ ခုနှစ် မှာ ပြန်တည်ခဲ့သည်။ မြင်စိုင်းနန်း ပျက်သုန်း သွားတော့ စစ်ကိုင်းမှာ “မားင်”လူမျိုး တို့ ရဲ့  တတိယနန်းကို ထပ်တည်ခဲ့ပြန်သည်။

. စစ်ကိုင်းနန်း ပျက်သုန်းတော့ – (သော်တာလ-ပင်းယတည်=၆၇၄ ခု) မှာ ရာဇသင်္ကြန် – အသင်္ခယာ – ကျော်စွာငယ် ဆိုသည့် ရှမ်းညီနောင် သုံးပါး စတုတ္ထနန်း ပင်းယနန်း အဖြစ် ဆက်လက် နန်းထိုင်စိုးစံခဲ့တယ်။
[ AD – ၁၂၉၈ ခုနှစ် မှာ ရှမ်းညီနောင် သုံးပါး က ရှူယ်နန်သျှင်(ကျော်စွာ)မင်း ကို နန်းချပြီး သားတော် “စောနစ်” ခေါ် “မင်းလ္လုင်” ကို နန်းတင်ခဲ့သည်။]

. ပင်းယ မှာ နောက်ဆုံး နန်းထိုင်တဲ့ မင်း က ကျော်စွာငယ် (ကောဇာသက္ကရာဇ် ၇၂၁ ခုနှစ် မှာ နန်းတက်ပြီး – ၇၂၆ ခုနှစ်မှာ နတ်ရွာစံ) ပင်းယ နောက်ဆုံးနန်းစံမင်း ကျော်စွာငယ် နတ်ရွာစံသည့် တစ်နှစ်တည်း မှာဘဲ -(တိန့်ကျော်ဟိုး-သတိုးဖျား-အင်းဝတည် = ၇၂၆ ခု) ရယ်လို့ သတိုးမင်းဘုရားဟာ (AD ခရစ်နှစ် ၁၃၆၅-၆၈ထိ) အင်းဝနေပြည်တော် ပဉ္စမနန်းကို တည်ထောင်ခဲ့သည်။

နားပါဦးမည်။ ။ ။

အပိုင်း (၅) အဖြင့် ဆက်လက် ၍ ကြိုးစားပြီး တင်ပြပေးသွားပါအုံးမည်။

-ဇင်နိုင်းခ(မန်း)-

READ ALSO:

The First Burmese Migrants’ invasion from China, to colonize and settle in Pagan မြန်မာတို့ ဗဟိုမြန်မာနိုင်ငံအတွင်း ၀င်ရောက်နေထိုင်ခြင်း

Leave a comment