- ကုလား-ဗမာ အရေးခင်းဖြစ်ဖို့ဖန်တီးနေပြီ။
- တကယ်တော့ မွတ်စလင်-ဗမာ ပြဿနာဖြစ် အောင်လုပ်နေတာ အသိသာကြီးပါ။
- ဒီချုပ် ဘာလုပ်မလဲ?
- ကြားနေရင် ငြိမ်နေရင် စစ်အစိုးရက ကယ်တင်ရှင် လုပ်ပြမယ်။
- မွတ်စလင် မဲတွေ စစ်အစိုးရက ရမည်။
- ဒီချုပ် က မွတ်စလင် ဘက်ကို အကာအကွယ်ပေးရင် ဗမာတွေကွဲမည်။ စစ်အစိုးရဘက် ဗမာတွေရောက်လာမည်။
SHARED FROM THE FB of U Maungmaung Skw
NLD တံဆိပ်ပါတိုင်း….
- အဖွဲ့ချုပ်ဝင်လို့မမှတ်နဲ့။
- အဖွဲ့ချုပ်ဝင်တိုင်းလဲ ဒီမိုကရေစီကိုမြတ်နိုးတန်ဖိုးထားကြ တယ်လို့မမှတ်နဲ့။
- အဖွဲ့ချုပ်ဝင်တိုင်းလဲ အမေနဲ့အဖွဲ့ချုပ်က ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတယ် မထင်နဲ့။
အဖွဲ့ချုပ်ရဲ့အဆင့်တိုင်းအဆင်တိုင်းမှာ စီစစ် … ရှင်းလင်းသန့်စင်ပစ်ဖို့ လိုသေးတယ်။
အဲ့ဒီအတွက်လဲ ထိုက်သင့်တဲ့အချိန်လိုအပ်တယ် ဆိုတာမှန်ပေမဲ့……
ဆိုင်းတောင်၊ကမ္မ၊ကျောက်ပန်းတောင်းတို့ကလိုပြသနာ မျိုးတွေကိုတော့ အဖွဲ့ချုပ်က တာဝန်ရှိတဲ့သူများအနေနဲ့ အမြန်ဆုံးစုံစမ်းဖော်ထုတ်ပြီး ….
- အဖွဲ့ချုပ်နဲ့မပတ်သက်ကြောင်း၊
- အဖွဲ့ချုပ်မူဝါဒမှာ လူနဲစု လူမျိုးစု များကိုအနိုင့်အထက်ပြုကျင့်ခြင်း၊
- ဘုရား ကျောင်း ကန် ချာခ်ျ ဗလီ ဝတ်ကျောင်းဆောင်များကို ဖျက်ဆီးခြင်း ကိုတားမြစ်ကြောင်း နှင့်
- ဖြစ်ပြီးကိစ္စများကို ပြစ်တင်ရှုတ်ချ ကြောင်းများကို
အဖွဲ့ချုပ်အားယုံကြည်စိတ်ချစွာ မဲပေးခဲ့ ကြသော ပြည်သူကိုလေးစားသောအားဖြင့် ကြော်ငြာချက် တရပ် စောလျှင်စွာထုတ်ပြန်ပေးလိမ့်မည်ဟု
ကျွန်ုပ်တို့ အစ္စလာမ်ဘာသာဝင်များက ယုံကြည် မျှော်လင့် စောင့် စားလျက်ရှိပါသည်။
Related articles
- Searching for soft target, Myanmar Muslims but scared of the Pauk Phaw Gyi (drkokogyi.wordpress.com)
Tags: Asia, Aung San Suu Kyi, Burma, Myanmar, Organizations, Politics
Leave a Reply