Myanmar Military, ex-military, USDP are using Former MIs to start anti-Muslim campaigns and destroying Masjids and many places, to avoid the TOTAL annihilation and lost in the coming 2015 election. UN, USA, EU, OIC and ASEAN must stop this in time.
Lin Win Thu wrote on his FB wall:လွတ်လပ်စွာကိုးကွယ်ခွင့်အရ ဘာသာမတူပေမဲ့ ဒီမိုကရေစီနည်းကျကျ ဒါလေးတော့ဖတ်ပေးပါ —-
မြစ်ကြီးနား ၊ မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာ တွင်ဖြစ်သော အဖြစ်အပျက်မှာ ၁၉၉၄ ခုနှစ်တွင်ထရံကာသွပ်မိုး ဖြင့်အစ္စလာမ်ဝတ်ပြုဆောင် တည်ဆောက်ဝတ်ပြုခဲ့ပါသည်။ ၁၈နှစ်ခန့်ကြာပြီဖြစ်၍ သစ်များထရံများပျက်စီးသဖြင့်ပြုပြင်ရန် စီစဉ်ခဲ့ပါသည်။ ပေ၃၀-၄၀ ၀န်းကျင်အဆောင်ဖြစ်ပါသည်။ ယခုနှစ်ပိုင်းတွင်ဘုန်းတော်ကြီးကျောင်…းဆွမ်းစားဆောင် ကျပ်သိန်း၂၀၀၀တန်ကိုခွင့်ပြုမိန့်မပါဘဲတည်ဆောက်ထားပြီးဖြစ်ပါသည်။
မြေနေရာအားလုံးသည် ကျောက်လုပ်ကွက်မြေများဖြစ်ပါသည်။ဂရံမြေ ၊ သာသနာ့မြေများ မဟုတ်ပါ။ အစ္စလာမ်ဘာသာဝင်များ၏ပြုပြင်မှုကိုသာ ပြည်နယ်ဝန်ကြီးချုပ်ဆီတင်ပြခိုင်းသဖြင့် ၂၀၁၂ နှစ်ဆန်းပိုင်းတွင်ပျက်စီးပုံကို တင်ပြခဲ့ပါသည်။ ခရစ်ယာန်နှင့်ဗုဒ္ဓဘာသာရေးအဆောက်အဦများလည်းတင်ပြမှုမရှိဘဲအသစ်လဲဆောက် ၊ အဟောင်းလည်းပြုပြင်ကြသဖြင့်ကျွန်တော်များအစ္စလာမ်ဝတ်ပြုဆောင်ကိုပြုပြင်ခဲ့ပါသည်။
၂၀-၁-၂၀၁၂ နေ့တွင် စတင်ပြင်ဆင်ပြီးဖေဖော်ဝါရီလလည်တွင်ပြီးခဲ့ပါသည်။၇-၄-၂၀၁၂နေ့ ( စနေနေ့ ) တွင်ထိုဝတ်ပြုဆောင်တွင် ဆက်လက်ဝတ်ပြု ခြင်းမပြုရန် ဖားကန့်(မ.ရ.အ)ဦးငြိမ်းထွန်းကျော် ညွှန် ကြားချက်အရပိတ် ခဲ့ရပါသည်။
ယနေ့၁၂-၄-၂၀၁၂ နေ့တွင်၎င်းဝတ်ပြုဆောင်ဝင်းအတွင်းကို ညနေ ၆း၃၀ မှစတင်ကာ မြို့ဦးတောရကျောင်း ဘုန်းကြီးနှင့်အတူ သင်္ကန်းဝတ်၁၂ပါး၊ NLD ပါတီဝင်များမှ ကိုကျော်မြင့်၊ကိုသန်းဇော်လတ်၊ကိုလှမင်းတို့ဦးဆောင်ကာ မြို့အုပ်ချုပ်ရေးအဖွဲ့၊မြေစာရင်း၊စည်ပင် အသီးသီးလာရောက်ကာ အင်အားနည်းသူကို အင်အားသုံးကာဖျက်ဆီးပစ်ခဲ့ပါသည်။ အပြင်ဘက်တွင်သင်္ကန်းဝတ် အပါး ၁၀၀ခန့်နှင့်အခြားပြည်သူများလည်းပါဝင်ပါသည်။
ည၁၀း၀၀ခန့်တွင်စစ်သားများရောက်လာကာ စောင့်ကြည့်ပေးသော်လည်း ဖျက်ဆီးနေမှုကိုတားဆီးခြင်းလုံးဝမရှိဘဲ ည ၂း၀၀ လောက်မှသာလျှင်ဖျက်ဆီးခြင်းကိုရပ်ပါသည်။ အစ္စလာမ်ဘာသာဝင်များဘက်မှ လူချင်းခိုက်ရန်မဖြစ်စေရန်သတိထားရှောင်တိမ်းခဲ့ပါသည်။ သည်မြေသည်ရေမှာ အတူနေ အတူကြီးလာသောသူများ အယူဝါဒကြောင့် အချင်းဖြစ်ပါက နောင်တွင် အငြိုးသံသရာလည်နေမည်သာဖြစ်ပါသည်။
(၁၃-၄-၂၀၁၂) သောကြာနေ့တွင် ဖားကန့်မြို့ပေါ်ရှိဗလီ ၊လုံးခင်းဗလီများကိုပါဖျက်ဆီးပစ်မည်ဟု ပြောသဖြင့် ပိတ်ထားရကြောင်း ဤ အဖြစ်အပျက်အမှန်ကို နိုင်ငံတော်သမ္မတကြီး သိရှိစေရန်ရေးသားတင်ပြလိုက်ပါသည်။
အဂ္ဂမဟာ ဒီမိုဖက်တီး TQ very much.

ကုလား-ဗမာ အရေးခင်းဖြစ်ဖို့ဖန်တီးနေပြီ။
နောက် ဖားကန့်မြို့နယ် စည့်ကူကျေးရွာမှာလည်း ခမရ ၁၆ က ဒုတိယဗိုလ်မှုးကြီးကျော်ကျော် ဦးဆောင်ပြီး ဘုန်းကြီးအတု ၂၀၀ ကျော်က ၁၃ ရက်နေ့ညနေ၆နာရီခွဲကစတင်ပြီး စိုင်းတောင်းဗလီကို ဆလိုက်မီးများထိုးပြီးဖြိုဖျက်ခဲ့ကြောင်းသိရသည်။ ကံမမှာဖျက်တာကတော့မနေ့ည ၁ နာရီခွဲမှာ ဗလီကိုအပြီးပြိုအာင်ဖြိုသွားပါတယ်။ ကံမမြို့ နဲ့၁၀မိုင်အကွာက ဟာဂျီမိုဟာမက် အိမ်ကိုအခုဖြိုနေကြပါတယ်လို့သတင်းရရှိသည်။

Related articles
- U Thein Sein should consider joining his USDP under the NLD umbrella (drkokogyi.wordpress.com)
- Opposition claims historic sweep in Myanmar elections (csmonitor.com)
Tags: Asean, Aung San Suu Kyi, Burma, David Cameron, European Union, Myanmar, National League for Democracy, Naypyidaw, Tatmadaw, Thein Sein, Union Solidarity Development Party, United States, Yangon
Leave a Reply