Source: FB of Win Maung Maung “ရခိုင်ဒေသကမီးပွားစများအကြောင်း”
ပြသနာတွေရဲ့ရင်းမြစ်ကရမ်းဗြဲကျောက်နီမော်ဒေသကစခဲ့တာဖြစ်ပေမယ့် နောက်ပိုင်းပြသနာတွေက ဆက်စပ်မှုမရှိပါဘဲလျက် တိုက်ဆိုင်စွာပေါ်ထွက်ကျယ်ပြန့် သွားခဲ့တာကို ကျွန်တော်ရခိုင်ရောက်နေစဉ်မို့ လေ့လာသိရှိခွင့်ရခဲ့ပါတယ်။
“ရမ်းဗြဲဖြစ်စဉ်” အများသိပြီးဖြစ်တဲ့အတိုင်း ရမ်းဗြဲမြို့နယ်ထဲက ကျောက်နီမော်ဆိုတဲ့ကျေးရွာလေးမှာ လူမဆန်စွာယုတ်မာသတ်ဖြတ်ခဲ့မှု။ ဒီဖြစ်စဉ်အပေါ်တာဝန်ရှိသူရခိုင်ဝန်ကြီးတစ်ဦး ကျေးရွာအထိချက်ချင်းရောက်ရှိလာပြီး ဖော်ထုတ်အရေးယူဖို့တရားခံဟုယူဆရသူတွေကို ကျောက်ဖြူထောင်ကိုပို့ပြီး ချက်ချင်းစစ်ဆေးစေခဲ့တာကဖြစ်စဉ်တစ်ခုပါ။ ကျောက်နီမော်ဟာ သာယာလှပတဲ့ ရခိုင်တောင်ပိုင်း ရေလုပ်ငန်းအဓိကကျေးရွာငယ်လေးဖြစ်ပြီး ရခိုင်မွတ်ဆလင်တွေ အတူယှဉ်တွဲနေထိုင်ရာဖွံ့ဖြိုးဆဲဒေသလေးတစ်ခုလည်းဖြစ်တယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ရခိုင်မှာ အနီးဆုံးသွားလမ်းသင့်တာက ရမ်းဗြဲမဟုတ်ပဲ တောင်ကုတ်ကိုပဲလမ်းကြောင်းသင့်ထွက်ပေါက်ရှိနေတာပါ။ ကျောက်နီမော်ယုတ်မာရက်စက်မှုအပေါ် မကျေမနပ်ဖြစ်နေတဲ့ရခိုင်တိုင်းရင်းသားအချို့နဲ့ သံတွဲ-ရန်ကုန်ကားပေါ်မှာ လိုက်လာတဲ့မွတ်စလင်အချို့ တောင်ကုတ်မှာပြသနာဖြစ်ပြီး မနေ့ညပိုင်းက ရိုက်နှက်မှုတွေဖြစ်တယ်။ သေဆုံးမှုအချို့ရှိခဲ့ပါတယ်။ တောင်ကုတ်ရဲစခန်းမှာ ကာကွယ်ပေးဖို့တာဝန်ရှိပေမယ့် ရမ်းဗြဲကျောက်ဖြူမှာလည်း လူစုလူဝေးဆန္ဒပြမှုတွေရှိနေလို့ ထိန်းသိမ်းပေးဖို့သွားနေကြလို့ ရဲအင်အားလုံလုံလောက်လောက်မရှိဘူးဖြစ်နေတယ်။ သူတို့ရှိတဲ့လူလေးနဲ့လက်နက်တွေရှိပေမယ့် လူထုကိုလည်းမပစ်ခက်လိုဘူး။ သူတို့တွေတားရင်းကာရင်းနဲ့ပဲ သေဆုံးသွားကြသူအချို့ရဲ့ ရုပ်အလောင်းတွေကို ခရိုင်ရဲမှုးကိုယ်တိုင် သံတွဲကို ညတွင်းချင်းပြန်ပို့ပေးလိုက်တယ်လို့ဆိုပါတယ်။ “စစ်တွေဖြစ်စဉ်” စစ်တွေဖြစ်စဉ်က…… ဒီလိုပါ…။ စစ်တွေမြို့ထဲက နာဇီဈေး ဈေးကောက်ကိစ္စအပေါ်မှာအခြေခံပြီး အုပ်စု၂စုစကားများရိုက်ပုတ်မှုဖြစ်ခဲ့ကြတယ်။ မနေ့က ဇွန်၃ရက်မနက်ကပါ။ အဲဒီမှာအရိုက်ခံရတာက ရခိုင်တိုင်းရင်းသား ကိုအောင်သန်းဝေဆိုသူဖြစ်ပြီး ရိုက်တာကလည်း ဈေးကောက်မွတ်စလင်အုပ်စုနဲ့ စီးပွါးဖက်ရခိုင်ထဲကပဲလို့သိရပါတယ်။ နေ့လယ်ပိုင်းမှာ ကိုအောင်သန်းဝေကိုရှာမတွေ့တဲ့သူတွေက ရခိုင်သေတယ်ဆိုပြီး ညပိုင်းမှာ အမှတ် ၁ ရဲစခန်းကို လူစုလူဝေးနဲ့ဝိုင်းကြတာပါ။ ရခိုင်ပြည်နယ်အမျိုးသားလွှတ်တော်အမတ် ဒေါက်တာအေးမောင်ကိုယ်တိုင် မနေ့ညကရဲစခန်းမှာ ဆန္ဒပြသူတွေကိုထွက်ပြီး မသေကြောင်းရှင်းပြတယ်။ ကိုအောင်သန်းဝေကိုယ်တိုင်လည်း ရဲစခန်းထဲကထွက်ပြီး သူဘာမှမဖြစ်ကြောင်းရှင်းပြပေမယ့် သွေးဆူနေတဲ့လူစုလူဝေးက ကိုအောင်သန်းဝေအစစ်ကိုတောင် ရောယောင်ရန်ရှာလာကြတယ်။ ရဲစခန်းအဆောက်အအုံတွေကိုဖျက်စီးလာကြတယ်။ ဂိတ်တံခါးတွေကို လူစုလူဝေးနဲ့ ဝင်ဖျက်ဖို့ လှုံ့ဆော်လာကြတယ်။ ည ၁၀နာရီကနေ ၁၁နာရီအထိ ဆူပူသူတွေကို ရဲက ဘာမှမလုပ်ပဲလက်ပိုက်ကြည့်နေပေမယ့် စခန်းထဲထိ ချိုးဖျက်ဝင်လာချိန်မှာတော့ ဘယ်လိုမှတားမရသည့်အဆုံး ခြောက်လန့်ပစ်ခတ်ရတဲ့အထိ ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ “ကျောက်ဖြူဖြစ်စဉ်” အဓမ္မတရားခံတွေကိုအမှုစစ်နေရင်း အုံကြွဆန္ဒပြမှုတွေများလာလို့ ကျောက်ဖြူထောင်ထဲကိုပို့ထားရတယ်။ ဒီနေ့စစ်တွေအထူးတရားသူကြီးအဖွဲ့တစ်ဖွဲ့ ကျောက်ဖြူကို အမြန်ရေယဉ်နဲ့လွှတ်ပြီး စီရင်ချက်ချဖို့လုပ်နေပြီ။ ဒါပေမယ့် တရားစီရင်ရာမှာ ထိန်းမနိုင်သိမ်းမရလူစုလူဝေးနဲ့ တရားခံတွေကိုထိတွေ့ဖို့ ကြိုးစားလာကြလို့ လုပ်ရကိုင်ရခက်နေကြတယ်။တာဝန်ရှိသူတွေက ဥပဒေနဲ့အညီစီရင်နေတုန်းမှာ လူအချို့က မတူညီတဲ့ဖြစ်စဉ်တွေကိုအတင်းဆွဲညှိပြီး လူမျိုးရေးအဓိကရုဏ်းသဖွယ်ဖြစ်အောင် မကျယ်ကျယ်အောင် မပြန့်ပြန့်အောင်ဆွဲခေါ်သူတွေလည်း ကျယ်ကျယ်ပြန့်ပြန့်ပေါ်လာနေတယ်။
ဒီနေရာမှာကျွန်တော်တစ်ခုတင်ပြလိုတာက ကျွန်တော်ဟာခင်ဗျားတို့လိုပဲတိုင်းပြည်ကိုချစ်တဲ့ သာမန်နိုင်ငံသားတစ်ယောက်သာဖြစ်ပါတယ်။ ဒါပေမယ့်မီဒီယာသမားတစ်ယောက်ဖြစ်နေတယ်။ ကိုယ်တိုင်လည်းပြည်တွင်းထုတ်သတင်းဂျာနယ်တစ်စောင်ထောင်ထားပြီး Dy.CEO တာဝန်ယူထားသူဖြစ်တယ်။ သတင်းသမားတစ်ယောက်အနေနဲ့ သတင်းအမှန်တင်ပြဖို့ တာဝန်ရှိတယ်လို့ခံယူထားပါတယ်။ ကျွန်တော်ရခိုင်ရောက်နေမှန်းသိလို့ မီဒီယာအဖွဲ့တွေလှမ်းမေးကြ ၊ Message ပို့ကြ ၊ FB တက်လာကြနဲ့ သိချင်ကြသူတွေကို မီဒီသမားပီသစွာ ပြန်ရှင်းပြလိုလို့ ဒီစာလေးရေးဖြစ်တာပါ။ ဒီနေ့ရခိုင်မှာ ကြိုးစတွေဆက်နေတာဟာ မီးပွါးစတွေဖြစ်လာတယ်။ ကျွန်တော်တို့သွားနေတဲ့လမ်းစလေး Delay ဖြစ်သွားနိုင်တယ်။ အလွန်ရင်လေးဖို့ကောင်းပါတယ်။ ရခိုင်မြောက်ခြမ်းက မောင်တောဆိုတဲ့ နယ်စပ်မြို့လေးမှာ ဗုဒ္ဓဘာသာတိုင်းရင်းသား ၂ရာခိုင်နှုန်းပဲရှိပြီး ၉၈ရာခိုင်နှုန်းကတခြားဘာသာဝင်တွေပါ။ အလားတူအနောက်ခြံစည်းရိုးက ထိစပ်နေတဲ့တိုင်းပြည်တွေမှာ၊ ကမ္ဘာ့နိုင်ငံတွေအများကြီးမှာ၊ ဘာသာကွဲ၊ သန်းရာပေါင်းများစွာကြားမှာ မြန်မာဗုဒ္ဓဘာသာဝင်သိန်းပေါင်းများစွာလည်း ထိစပ်ရောက်ရှိနေနေကြရတယ်။ ရိုးနေပေမယ့် အမြဲမှန်ကန်နေတဲ့ စကားပုံလေးတစ်ခုပဲသုံးပါရစေ။ “အမှိုက်ကစ ပြသဒ်မီးလောင်ရင်…” ကျွန်တော်တို့တွေပဲ အနစ်နာဆုံးဖြစ်မှာကို အားလုံးသတိရှိကြစေချင်ကြောင်းပါခင်ဗျား။ မောင်မောင်(ရန်ကုန်တက္ကသိုလ်)
ဒီနေရာမှာကျွန်တော်တစ်ခုတင်ပြလိုတာက ကျွန်တော်ဟာခင်ဗျားတို့လိုပဲတိုင်းပြည်ကိုချစ်တဲ့ သာမန်နိုင်ငံသားတစ်ယောက်သာဖြစ်ပါတယ်။ ဒါပေမယ့်မီဒီယာသမားတစ်ယောက်ဖြစ်နေတယ်။ ကိုယ်တိုင်လည်းပြည်တွင်းထုတ်သတင်းဂျာနယ်တစ်စောင်ထောင်ထားပြီး Dy.CEO တာဝန်ယူထားသူဖြစ်တယ်။ သတင်းသမားတစ်ယောက်အနေနဲ့ သတင်းအမှန်တင်ပြဖို့ တာဝန်ရှိတယ်လို့ခံယူထားပါတယ်။ ကျွန်တော်ရခိုင်ရောက်နေမှန်းသိလို့ မီဒီယာအဖွဲ့တွေလှမ်းမေးကြ ၊ Message ပို့ကြ ၊ FB တက်လာကြနဲ့ သိချင်ကြသူတွေကို မီဒီသမားပီသစွာ ပြန်ရှင်းပြလိုလို့ ဒီစာလေးရေးဖြစ်တာပါ။ ဒီနေ့ရခိုင်မှာ ကြိုးစတွေဆက်နေတာဟာ မီးပွါးစတွေဖြစ်လာတယ်။ ကျွန်တော်တို့သွားနေတဲ့လမ်းစလေး Delay ဖြစ်သွားနိုင်တယ်။ အလွန်ရင်လေးဖို့ကောင်းပါတယ်။ ရခိုင်မြောက်ခြမ်းက မောင်တောဆိုတဲ့ နယ်စပ်မြို့လေးမှာ ဗုဒ္ဓဘာသာတိုင်းရင်းသား ၂ရာခိုင်နှုန်းပဲရှိပြီး ၉၈ရာခိုင်နှုန်းကတခြားဘာသာဝင်တွေပါ။ အလားတူအနောက်ခြံစည်းရိုးက ထိစပ်နေတဲ့တိုင်းပြည်တွေမှာ၊ ကမ္ဘာ့နိုင်ငံတွေအများကြီးမှာ၊ ဘာသာကွဲ၊ သန်းရာပေါင်းများစွာကြားမှာ မြန်မာဗုဒ္ဓဘာသာဝင်သိန်းပေါင်းများစွာလည်း ထိစပ်ရောက်ရှိနေနေကြရတယ်။ ရိုးနေပေမယ့် အမြဲမှန်ကန်နေတဲ့ စကားပုံလေးတစ်ခုပဲသုံးပါရစေ။ “အမှိုက်ကစ ပြသဒ်မီးလောင်ရင်…” ကျွန်တော်တို့တွေပဲ အနစ်နာဆုံးဖြစ်မှာကို အားလုံးသတိရှိကြစေချင်ကြောင်းပါခင်ဗျား။ မောင်မောင်(ရန်ကုန်တက္ကသိုလ်)
Tags: Aung San Suu Kyi, Burma, Hillary Rodham Clinton, Thein Sein, Wunna Maung Lwin, Yangon
June 4, 2012 at 12:54 pm |
Source: FB of Maungmaung Skw’s status.
ဘာမှလဲမပြောလိုပါ-
ဘာမှလဲမလုပ်လိုပါ-
တခုတော့ သတိပေးခြင်ပါသည်-
ဒါးမြမှု၊မုဒိန်းမှု၊လုယက်မှု၊လူသတ်မှု ဆိုတာမျိုးဟာ
ကမ္ဘာပေါ်မှာ အချိန်တိုင်း တိုင်းပြည်တိုင်း လူမျိုးတိုင်းမှာ
ဖြစ်နေတဲ့ ကိစ္စတခုပါ။ဘယ်ဘာသာတရားကမှ ခွင့်ပြု
အားပေးထားတဲ့ကိစ္စမဟုတ်ပါဘူး။
ကျွန်တော်တို့ရဲ့ အစ္စလာမ်ဘာသာမှာ လူတစ်ယောက်ရဲ့
အသက်ကိုဘာအကြောင်းပြချက်နဲ့မှ သတ်ခွင့်မရှိပါဘူး။
သူတပါးအသက်ကို သတ်ခဲ့သူအတွက် ပြစ်ဒဏ်ဟာ-
သေဒဏ်ဘဲဖြစ်ပါတယ်။
မုဒိန်းကျင့်တာကိုမပြောနဲ့ တရားဝင် လင်မယားမဟုတ်ဘဲ
သူတပါးအိမ်ယာကို ဖိုနဲ့မ နှစ်ဦးသဘောတူ ကာမေသု
မိစ္ဆာစာရကံကို ကျူးလွန်ကြတယ်ဆိုရင်တောင် လူမြင်
ကွင်းမှာ ခဲနဲ့မသေမချင်း အများပြည်သူက ပေါက်သတ်ရ
ပါတယ်။
ရခိုင်ပြည်မှာဖြစ်တဲ့ အမျိုးသမီးငယ်လေးကို ပစ္စည်ယူ၊
မုဒိန်းကျင့်-လူမဆန်စွာနှိပ်စက် သတ်ဖြတ်မှုကျူးလွန်ခဲ့
တဲ့ တရားခံတွေဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်နေလို့
ဆိုပြီး ဘယ်အစ္စလာမ်ဘာသာဝင်ကမှ သူတို့ကျူးလွန်ခဲ့
တဲ့ပြစ်မှုကို ခွင့်လွှတ်ချင်တဲ့စိတ်မရှိကြပါဘူး။အမြန်ဆုံးနဲ့
အပြင်းထန်ဆုံး အရေးယူပေးဖို့လိုလားပါတယ်။
ရာဇဝတ်သားတွေ ရာဇဝတ်မှုလုပ်ကြတာဟာ-ဘယ်လူ
မျိုးနဲ့မှမဆိုင်သလို-ဘယ်ဘာသာနဲ့မှလဲ မဆိုင်ပါဘူး။
ဒီလို ရာဇဝတ်မှုတခုဖြစ်တိုင်းဖြစ်တိုင်း လူမျိုးရေးပြသနာ၊
ဘာသာရေးပြသနာ လုပ်နေကြရင် ကျွန်တော်တို့တိုင်း
ပြည် ဘယ်တော့ငြိမ်းချမ်းမှာလဲ-ဘယ်တော့တိုးတက်
မှာလဲ-တိုင်ပြည်တည်ဆောက်ရေးလုပ်ငန်းတွေ ဘယ်
တော့လုပ်ကြမှာလဲ-ဘယ်လိုလုပ်ကြမှာလဲ။
ဘာဘဲလုပ် လုပ်ပေါ့ဗျာ-
လူများစုက နိုင့်ထက်စီးနင်းလုပ်ရင်
လူနဲစုက ခံဖက်ကချည်းပါဘဲ။
ဒါပေမဲ့ ရှေးကဝိဘက် ခွန်နှစ်ရက်-ကာလဝိဘက်
နောက်ပိုးတက်တဲ့။
ကိုယ်ပြုသည့်ကံ ပဲ့တင်သံ
ကိုယ်ထံပြန်လာပါလိမ့်မည်-လို့ သတိပေးစကားပြောပါ
ရစေ။
June 5, 2012 at 6:05 pm |
Statement by a top monk in Burma…The first few lines seems to be fair, but Many baseless accusations againts Mulisms…
ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေများနဲ့ ပတ်သက်ပြီး ဆရာတော် အရှင် “၀ီရသူ” သဘောထား ထုတ်ပြန်ချက်..
“၀ီရသူ” သဘောထား (၃/၇၄)
by Ashin Vicittabhivamsa on Tuesday, June 5, 2012 at 5:24am ·
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နှင့် တောင်ကုတ်မြို့တို့တွင် ဖြစ်ပွားခဲ့သော ထူးခြားဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း၊ နာယကဆရာတော်ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ-ရှင်ဝီရသူ(မစိုးရိမ်)၏ သဘောထား အပြည့်အစုံကို အတိအလင်း ထုတ်ဖော်ကြေညာအပ်ပါသည်။
… (က) 28-5-2012- ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့ ကျောက်နီမော်ကျေးရွာမှ အသက်(၂၇)နှစ် အရွယ်ရှိ မသီတာထွေး (ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်) မိန်းကလေးကို မူဆလင် (၃)ယောက်က အဓမ္မပြုကျင့်၍ သတ်ဖြတ်ခဲ့ကြောင်း သိရပါသည်။
(ခ) မသီတာထွေး အကျင့်ခံ အသတ်ခံရမှုနှင့်ပတ်သက်၍ တရားခံအစစ်အမှန် ဖော်ထုတ်ပေးဖို့၊ ဥပဒေ အတိုင်းတိကျစွာ အရေးယူပေးဖို့ ရဲစခန်းရှေ့တွင် ရွာသူရွာသားများက လာရောက်တောင်းဆို ဖိအားပေးခဲ့ကြောင်းနှင့် ထိုသို့ တောင်းဆိုသည့် ရွာသူရွာသူများတွင် မူဆလင်များလည်း ပါဝင်တောင်းဆိုကြကြောင်း သိရပါသည်။
(ဂ) ပြစ်မှုကျူးလွန်သော တရားခံမူဆလင်(၃)ယောက်ကို ရဲစခန်းက ဖမ်းမိခဲ့ကြောင်း၊ အရေးယူ ဆောင်ရွက်ဖို့အတွက် အပူတပြင်းစီစဉ်နေကြောင်းနှင့် တရားခံ(၃)ယောက်ကို ဖမ်းဆီးရာတွင် မူဆလင်များက ဝိုင်းကူဖမ်းပေးခဲ့ကြောင်းလည်း သိရပါသည်။
(ဃ) 2-6-2012 ရက်နေ့တွင် သံတွဲမှရန်ကုန်သို့ ထွက်ခွါလာသော ရိုးမသစ္စာ ခရီးသည်တင်ကားဖြင့် လိုက်ပါလာသော မူဆလင်(၁၀)ယောက်ကို တောင်ကုတ်ဒေသခံများက ၀ိုင်းဝန်းသတ်ဖြတ်လိုက်ကြောင်းလည်း သိရပါသည်။
(င) ထိုသို့ သတ်ဖြတ်ခြင်းမှာ 28-5-2012-ရက်နေ့တွင် အဓမ္မအကျင့်ခံ၊ အသတ်ခံလိုက်ရသော ရခိုင်သမီးပျိုလေး မသီတာထွေး အမှုနှင့် စပ်ဆက်နေကြောင်းလည်း တွေ့ရပါသည်။
(စ) မသီတာထွေးအား မတရားပြုကျင့်ခဲ့သော မူဆလင်(၃)ဦးကို တရားဥပဒေအရ ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေကြောင်းနှင့် မူဆလင်(၁၀)ဦးကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော တောင်ကုတ်ဒေသခံ ရခိုင်လူမျိုးတို့ကိုလည်း တရားဥပဒေအရ အရေးယူဖို့ စီစဉ်နေကြောင်း နိုင်ငံတော်အစိုးရက အတိအလင်း ကြေညာခဲ့သည်ကိုလည်း တွေ့ရပါသည်။
(ဆ) ဤဖြစ်စဉ်တွင် အမှားကို အမှားနှင့် တုံ့ပြန်ခဲ့ကြသည်ကို တွေ့ရပါသည်။ အမှားကိုအမှားနှင့် တုံ့ပြန် ခြင်းဖြင့် အမှန်မထွက်ပါ။ ဥပဒေဘောင်အတွင်းမှ ဖြေရှင်းရမည်ဖြစ်ပါလျက် လက်တုံ့ပြန်သတ်ဖြတ်ခြင်းသည် နှစ်းဦးနှစ်ဘက်များစွာ နစ်နာစေနိုင်ပါသည်။
(ဇ) မုဒိမ်းမှုနှင့် လူသတ်မုဒိမ်း၊ မုဒိမ်းလူသတ်အမှုများကို ကျူးလွန်သူများတွင် မူဆလင်များက ရာခိုင်နှုန်း ပိုများသည်ကို တွေ့ရပါသည်။ ဤသည်မှာ ဘာသာရေးအစွန်းရောက် ဂိုဏ်းဆရာများ၏ သွေးခွဲသပ်လျှိုမှု၊ သွေးထိုးလှုံ့ဆော်မှု၊ မြှောက်ပင့်ပေးမှုတို့ကြောင့် ဖြစ်သည်ဟု ရှုမြင်ပါသည်။
စိတ်မထိမ်းနိုင်၍ဖြစ်စေ၊ အပျော်သဘောကျူးလွန်မိ၍ ဖြစ်စေ၊ လူမျိုးနှင့် ဘာသာသာသနာကို ပစ်မှတ်ထား စော်ကားခြင်းဖြစ်သည်ဟု နစ်နာသူများဘက်မှ မှတ်ယူသွားနိုင်ပါသည်။ မူဆလင်များသည် သီလရှင် ဆရာလေးများကိုပင် မတရားပြုကျင့်ဖူးသည့် ဖြစ်စဉ်များလည်း ခိုင်လုံစွာရှိနေသောကြောင့် ထိုသို့ မှတ်ယူမည်ဆိုလျှင်လည်း မှတ်ယူနိုင်ဖွယ် ဖြစ်ပါသည်။
(ဈ) ထို့ကြောင့် မူဆလင်ဘာသာရေးခေါင်းဆောင်များအနေဖြင့် မိမိတို့၏ ဘာသာဝင်များက မြန်မာ ပြည်ဖွား တိုင်ရင်းသားများအပေါ် စော်ကားမော်ကား ပြုကျင့်ခြင်း၊ ရန်လိုရန်စသည့် အပြုအမူများ ပြုလုပ်ခြင်းများ မရှိရလေအောင် အလေးအနက်ထား၍ ဆုံးမပဲ့ပြင် သွန်သင်ပြသသင့်ကြောင်း၊ ကမ္ဘာကြီးတစ်ခုလုံးက ရွံရှာမုန်းတီးနေသော မူဆလင်များ၏ အစွန်းရောက် အပြုအမူများကို ရှောင်ကြဉ်သင့်ကြောင်း အတိအလင်း ပြောကြားလိုပါသည်။
(ည) ရခိုင်အမျိုးသားများအနေဖြင့် တရားခံအစစ်အမှန် ပေါ်ပေါက်ဖို့နှင့်၊ ထိရောက်စွာ အရေးယူနိုင်စေ ဖို့အတွက် ရဲစခန်းကို ဖိအားပေးခြင်း၊ ဥပဒေဘောင်အတွင်းမှ စည်းလုံးညီညွတ်တက်ကြွစွာ ရဲရင့်ပြတ်သားစွာ ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အာဏာပိုင်များက တရားဥပဒေကို မျက်ကွယ်ပြုခြင်း အဂတိလိုက်ကာ မတရားဆုံးဖြတ်ခြင်း၊ လူမျိုးခြားနှင့် ပေါင်းကာ ကိုယ့်လူမျိုးကို ပြန်လည်အနိုင်ကျင့်နေခြင်းတို့ ရှိမှသာလျှင် အင်အားသုံးခြင်းကို စဉ်းစားရမည် ဖြစ်ပါသည်။
မူဆလင်(၃)ယောက် ကျူးလွန်သည်ကို အပြစ်မရှိသော၊ အမှုနှင့်မသက်ဆိုင်သော မူဆလင်များကို လက်တုံ့ ပြန်ခြင်းဖြင့် အစ္စရေး ပါလက်စတိုင်းလို မငြိမ်းချမ်းသော စစ်မက်ဇုံကြီးဖြစ်သွားနိုင်သည့် အရေးအရာများကိုလည်း ငြိမ်ချမ်းလို သူတိုင်းက လုံးဝမလိုလားကြပါ။ လူ(၃)ယောက် အပြစ်ရှိသည်နှင့် လူမျိုးတစ်မျိုးလုံးကို ပစ်မှတ်ထားပြီး လူမျိုးတုံး သတ်ဖြတ်မှုမျိုးကို လုံးဝအားမပေးနိုင်ပါ။
ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးမှာ မတူကွဲပြားသော ဘာသာတရားပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်မှသာ ရင့်ကျက်၊ ပြည့်ဝ၊ စံမီသော ဒီမိုကရေစီရွှေနိုင်ငံကြီးသို့ အရောက်ချီတက်နိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ပျိုမျစ်နုနယ် အသိမကြွယ်သေးသော မွေးဖွားစ ဒီမိုကရေစီကလေးသူငယ်လေးကို ၀ိုင်းဝန်းထိန်းကျောင်း ပြုစုစောင့်ရှောက်ကြဖို့နှင့်၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေမည့် အကြမ်းဖက် လုပ်ရပ်များကို ရှောင်ကြဉ်ကြဖို့ မေတ္တာရပ်ခံတောင်ပန်တိုက်တွန်း နိုးဆော်အပ်ပါသည်။
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို အစဉ်အမြဲ လိုလားသူ
ဦးပဉ္စင်း
ဝီရသူ(မစိုးရိမ်)
ဘဒ္ဒန္တဝိစိတ္တာဘိဝံသ
ဓမ္မသဟာယကျောင်း နာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေမြို့နယ်၊ မန္တလေး။
5.6.2012(၁၃၇၄-နယုန်လ္ဆုတ် ၁-ရက်၊ တနင်္လာနေ့)
June 6, 2012 at 9:16 am |
U Wai Ra Thu is a BUDDHIST TERRORIST who pretend to be a monk who is fair on all. But he was a CRIMINAL responsible for mass murder in Kyauksae anti-Muslim riots. He is not a politician but Bama Government release him to use for another attack on Non-Buddhists esp Muslims. He is giving hate speeches against Muslims and Christians. He should be ARRESTED immediately if the GOVERNMENT is sincere.