နောက်ကြောင်းကိုသာ အမြန်ပြန်လှည့်လိုက်ကြပါ

ညက မိတ်ဆွေတစ်ယောက်ရေးထားတာလေး
ဖတ်မိလိုက်ပါတယ်….

နောက်ကြောင်းပြန်လှည့်ခံခြင်သလားဆိုတဲ့
ခြိမ်းခြောက်သံတွေကြောင့်…

နောက်ကြောင်းပြန် လှည့်ခြင်လည်းလှည့်လိုက်လေ ဆိုတာနဲ့ပါတ်သက်ပြီး ဆက်တွေးမိပါတယ်….

တကယ်တော့ အစိုးရသစ်လက်ထက်မှာ ပြည်ပနိုင်ငံ
တွေနဲ့ဆက်ဆံရေးတွေ ပြန်လည်တိုးတက်လာပြီး ပိတ်
ဆို့ခံထားရမူ့တွေပြန်ပွင့်လာသလို အကူအညီတွေလည်း
အများကြီးရလာကြတယ်….

ဒီအတွက်ပြည်သူက ခံစားစံစားရသေးတာမဟုတ်ပါဘူး…

ခရိုနီခရိုနက်တွေရဲ့ လုပ်ငန်းတွေပိုကျယ်ပြန့်လာတာရယ်..

စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ပိုင်ဆိုင်မူ့အချို့ပြည်ပနိုင်ငံတွေမှာ
တရားဝင်သုံးစွဲခွင့်ရလာတာတွေရယ်..

သူတို့သားသမီးမြေးမြစ်တွေ ပြည်ပထွက်ပြီး လွတ်လပ်စွာ
ဒေါ်လာတွေဖောဖောသီသီသုံးဖြုန်းနိုင်တာတွေပဲ တရား
ဝင်ဖြစ်လာတာပဲရှိပါတယ်….

ြုပည်သူကတော့လက်ရှိအခြေအနေမှာလည်း နက်လှတဲ့
ဆင်းရဲတွင်းရဲ့အောက်ခြေ ကြမ်းပြင်မှာကပ်နေတာပါပဲ….

နောက်ကြောင်းပြန့်လှည့်လို့လည်း ပြည်သူကတော့
ဒိထက်ထူးပြီးဒုက္ခမရောက်နိုင်တော့ပါဘူး…ဒုက္ခနဲ့လည်း
အတော်အသားကျနေကြပါပြီ…

ဒင်းတို့ မသမာသူအုပ်စုသာ ငွေထုပ်တွေ ပိုက်ပြီး ပြည်တွင်း
မှာပိတ်မိနေယုံသာ…

ဒင်းတို့နဲ့အလိုတူအလိုပါတွေ ဝယ်ထားကြတဲ့ လေယာဉ်တွေ…ရဟတ်ယာဉ်တွေ ဘယ်နိုင်ငံမှ ဆင်းမရပဲ ပြည်တွင်းပါတ်ပျံနေယုံသာ…

ခုတော့ ပြည်သူက ကိုယ့်အပေါ် မစာမနာ ယုတ်မာနေကြ
သူတွေကို အိမ်ဦးခန်းတင်ပြီး ကိုးကွယ်နေကြရသလို…

သူတို့ကလည်း ပြည်သူအပေါ် ကျားသနား မှ နွားချမ်းသာ
နေရသလိုအပေါက်မျိုးတွေ လုပ်နေကြဆဲပါ….

ခုအခြေအနေက ပြည်သူရော တိုင်းပြည်ပါ အဖက်ဖက်က
နှစ်နာနေရတာပါ….

အဆိုးဆုံးက သူယုတ်မာတွေက ယုတ်မာနေမှန်းသိနေပါ
လျှက် သူတို့ကပဲကျေးဇူးရှင်သဖွယ် ဟိတ်ဟန်ထုပ်ပြီးစိတ်ကြီးဝင်နေတာကို အံကြိပ်ခေါင်းငုံ့ခံနေုကရတဲ့
ပြည်သူတွေရဲ့ဘဝပါပဲ…

ဒီတော့ ကျေးဇူးမရှိခဲ့ဘူးတဲ့ကျေးဇူးရှင်အတုအယောင်
များကို တောင်းပန်ခယလိုက်ခြင်တယ်…

နောက်ကြောင်းကိုသာ အမြန်ပြန်လှည့်လိုက်ကြပါလို့သာ။

Leave a comment