Myanmar MP U Hla Swe’s dream for the Rohingya, Myanmar Muslims and Myanmar-Chinese

U HLA SWEU Hla Swe
(((ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ နိုင်ငံနဲ့ နိုင်ငံသားကောင်းကျိုးရှိမယ်လို့ယူဆတဲ့အတွက် ကျွန်တော့်အမြင်ကို အမုန်ခံပြီးတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျား။)))

မြန်မာလူမျိုး ရိုးရာဝတ်စုံဆိုတာ ဘင်္ဂလားနယ်က ပုဆိုးကို ခါးမှာဝတ်ပြီး တရုတ်ကော်လံကတုံးကို လည်ပင်းမှာ တပ်ထားတာကို မြန်မာ့ ရိုးရာဝတ်စုံလို့ ခေါ်ကြတာဖြစ်ပါတယ်။ မြန်မာဆိုတာ သီးခြားရပ်တည်လို့ မရပါဘူး။ ဒီအချိန်မှာ ကျွန်တော့်ဆွေးနွေးချက်ဟာ လူတိုင်း ကြိုက်မှာ မဟုတ်ပါဘူး။ ကျွန်တော့်ဆွေးနွှေးချက်ဟာ ပါတီကိုလည်း ကိုယ်စားမပြုပါဘူး။ ဦးလှဆွေ တစ်ဦးတည်းမှာသာ တာဝန်ရှိပါတယ်။ တချို့ မီဒီယာတွေက ဒီအဆိုနဲ့ ပတ်သက်ပြီး ပါတီကို ပုတ်ခတ်ပြောဆိုနေတာတွေ၊ ဂျာနယ်တွေ၊ Facebook တွေမှာ မြင်တွေ့နေရပါတယ်။

I Have A Dream ဆိုတဲ့ ကမ္ဘာကျော် မိန့်ခွန်းကို ပြောခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာရဲ့ ကမ္ဘာကျော်မိန့်ခွန်းကို ပြောကြားခဲ့တဲ့ ဒေါက်တာ မာတင်လူသာကင်းဂျူနီယာရဲ့ ရွှေရတု နှစ်ငါးဆယ်ပြည့် အချိန်ရောက်တဲ့အခါမှာ ဒီနေ့ အမေရိကန်နိုင်ငံမှာ အာဖရိကန်နီဂရိုးတစ်ယောက်ကို President အဖြစ်မြင်တွေ့ကြရပြီဖြစ်ပါတယ်။ အရင်တုန်းကတော့ သူတို့ဟာ သမ္မတရွေးခံခွင့်၊ မဲပေးခွင့်ရဖို့ နေနေသာသာဘက်စ်ကားတောင် ရှေ့ပေါက် နောက်ပေါက်ခွဲခြားထားတာ စားသောက်ဆိုင် လဘ္ဘက်ရည်ဆိုင် အတူထိုင်ခွင့်မရတာတွေကို နှစ်ပေါင်းများစွာကြာဖြတ်သန်းခဲ့ကြရတာဖြစ်ပါတယ်။

ဒါတွေကို ယခင်အစိုးရက ကြိုတင်မျှော်တွေးပြီး မြန်မာနိုင်ငံထဲမှာရောက်နေတဲ့ ဒီပြည်ပနွယ်ဖွားလူမျိုးစုများကို ထွက်ပေါက်တစ်ရပ်ပေးပြီး ရေးဆွဲခဲ့တာဖြစ်ပါတယ်။ သူတို့ကို ဘယ်မှ မသွားမလာရ မလာရ ကန့်သတ်ထားတဲ့အပြင် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်တက်ခွင့်တွေပါ တန်းတူရရှိတာမဟုတ်လို့ ထူးချွန်ထက်မြက်သူတွေ ဆုံးရုံးမှုနဲပလဲ ရင်ဆိုင်ရပါတယ်။ သတ်ပစ်လို့မရ မောင်းထုတ်လို့ မရတဲ့ နှစ်များစွာနေလာခဲ့တဲ့ တရုတ်ဘင်္ဂလားနွယ်ဖွားများအတွက် ထွက်ပေါက်တစ်ခု မလွဲမသွေ ထားပေးရမှာဖြစ်ပါတယ်။ စီးလာတဲ့ရေကို စီးဆင်းဘိုအတွက် ဘယ်တမံကြီးတွေမှာမဆို လိုသလို ထိမ်းချုပ်ပြီး စပေးဝေး တို့ ဒိုင်ဗားရှင်းတို့ တောင် တပ်ဆင်ပေးရတဲ့ သာဓကတွေလဲ အထင်အရှားဖြစ်ပါတယ်။ အဲဒီ စပေးဝေး တွေ ဒိုင်ဗားရှင်းတွေမပါတဲ့ ထိမ်းချုပ်မှုနဲ့ တမံကြီးဟာ ကျိုးပေါက်လိုက်မယ်ဆိုရင်တော့ဖြင့် တမံအောက်က လူတွေရဲ့ အသက်အိုးအိမ်စီးစိမ်တွေ ပျက်ဆီးဆုံးရှုံးရမှာ မလွဲဧကန်ဖြစ်ပါတယ်။ ဒီလိုထွက်ပေါက်ပေးမထားဘူးဆိုလို့ရှိရင်တော့ ဦးစွာ ကြုံတွေ့ရမယ့် ကိစ္စတွေက ဆူပူအုံကြွမှူရလဒ်ဆိုးတွေသာဖြစ်ပြီး ဒါတွေနဲ့ ဦးစွာရင်ဆိုင်ဖြေရှင်းအမုန်းခံကြရဦးမယ့်လူတမ်းစားတစ်ရပ်ကတော့ လက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတို့ တပ်မတော်တို့သာလျှင် အလုပ်ရှုပ်ကြကုန်မှာဖြစ်ပါတယ်။

သူများနိုင်ငံမှာ မရှိလို့ ဒို့နိုင်ငံမှာ ရှိစရာမလိုဘးဆိုတာ မှန်ကန်တဲ့ အတွေးတစ်ခုတော့ မဟုတ်ပါဘူး။ ကျဥ်းမြောင်းတဲ့ လူမျိုးရေးဝါဒစွဲကြီးမားတဲ့ ချင့်ချိန်မှုအမြှောက်အမြင်တိမ်တဲ့အတွေးနဲ့ အရမ်းရေးဆွဲခဲ့တဲ့ ဥပဒေတစ်ခုမဟုတ်ဘူးဆိုတာ သဘောပေါက်သင့်ပါတယ်

ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်သူ (White Card) ဆိုတာ ဒီလူဟာ ဦးဖြူ ဒေါ်မဲတို့ရဲ့ သား မောင်နီဖြစ်တယ်၊ ဘယ်ရွာမှာ နေတာ ဖြစ်တယ် ဘယ်နေ့မှာ မွေးတယ် ဆိုတဲ့ အသိအမှတ်ပြုကဒ်ပြားတစ်ခုသာဖြစ်ပါတယ်။ သို့သော် ဒီကဒ်ပြားဟာ နိုင်ငံသားပြုခွင့်ရသူ ( အစိမ်းကဒ်) အတွက် အခြေခံလက်မှတ်တစ်ခုဖြစ်ပါတယ်။ ဒီလက်မှတ်ရှိသူဟာ အစိမ်းရောင်ကဒ်နိုင်ငံသားပြုခွင့်ရသူဖြစ်ဘို့ သေချာသွားပြီဖြစ်ပါတယ်။ ဒီလိုအစိမ်းရောင်ကဒ်ရလျှင် ၁၉၈၂ နိုင်ငံသားဥပဒေပုဒ်မ (၅၃) အရ နိုင်ငံသားများကဲ့သို့ အပိုဒ်(၈) ကလွဲပြီး အခွင့်အရေးတန်းတူရှိပါတယ်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံသားပြုခွင့်ရသူတစ်ဦးဟာ တတိယမျိုးဆက်မှာ အော်တို နိုင်ငံသားဖြစ်ခွင့်ရရှိလို့ဖြစ်ပါတယ်။ ပုဒ်မ (၁၂) မှာ နိုင်ငံသားတစ်ဦးသည် (က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်၊ (ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်၊ (က) နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။ နိုင်ငံသားပြုခွင့်ပုဒ်မ (၅၃) နဲ့ ဧည့်နိုင်ငံသား FRC အဖြူရောင်ပုဒ်မ (၃၀) မှာ ယခုန နိုင်ငံတော်သားဥပဒေပါ အပိုဒ် (က) (ခ) တို့နှင့် အတူတူပင်၊ (ဂ) မှာသာ နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သပ်မှတ်သောအခွင့်အရေးများမှအပ နိုင်ငံတော်ဥပဒေပါ အခွင့်အရေးများကို ခံစားခွင့်ရှိသည်။ အခါအားလျော်စွာ သတ်မတ်သော ဆိုသည်မှာ သမ္မတဖြစ်ခွင့်၊ ဒုတိယသမ္မတဖြစ်ခွင့်၊ ဒါမျိုးတွေဖြစ်ပါသည်။

ထို့ကြောင့် White Card / Green card/ Blue card နိုင်ငံတော်၏ ဥပဒေပါ အခွင့်အရေးများခံစားခွင့်ရှိတဲ့အတွက် ဒီဥပဒေမှာထည့်သွင်းပြဌာန်းခဲ့တယ်လို့ ကျွန်တော့်အနေနှင့် တင်ပြခဲ့ခြင်းဖြစ်ပါသည်။

တောင်အာဖရိကလူဖြူသမ္မတ ဒီကလပ် သည် မင်ဒဲလားနှင့် နောက်ဆုံးအကြိမ် သမိုင်းဝင်ဆွေးနွေးပွဲမှာ “ လူများစုအုပ်ချုပ်တာ ဒီမိုကရေစီဆိုရင် ကျုပ်တို့ လူဖြူလူနဲစုတွေရဲ့ အခွင့်အရေးတွေ ဆုံးရှုံးမှာပေါ့” လို့ ပြောတဲ့အခါ နယ်ဆင်မင်ဒဲလားက “ ဒီမိုကရေစီဆိုတာ လူများစု အုပ်ချုပ်ရေးမှန်တယ်၊ သို့သော် လူနည်းစုအခွင့်အရေးကိုလဲ ကာကွယ်ရမယ်” လို့ ပြန်ပြောခဲ့ပါတယ်။ အဲဒီအခါမှာ ဒီကလပ်က “ ဒါဆိုခင်ဗျားနဲ့ ကျွန်တော် အလုပ်ဖြစ်ပြီ” လို့ ကြေငြာခဲ့ပါတယ်။ ဒီဆွေးနွေးပွဲရလဒ်ကြောင့် လူဖြူဖြစ်တဲ့ ဒီကလပ်နဲပ လူမဲ နယ်လ်ဆင်မင်ဒဲလားတို့ဟာ Noble Peace Price ကို ပူးတွဲရရှိခဲ့ကြောင်း တွေ့ရမှာဖြစ်ပါတယ်။

ဒါကြောင့် ယခင် ပြဌာန်းထားတဲ့ ရွေးကောက်ပွဲဥပဒေဟာ Free & Fair ဖြစ်ပြီး လူနဲစုရော လူများစုရော ဘယ်သူလာလာ၊ သတ္တိရှိရှိ ရင်ကော့ပြီး မှန်တာလုပ်တဲ့လူတိုင်းပြည်ကောင်းအောင် လုပ်တဲ့လူ ဖြစ်ရင် ဘယ်သူ့မဲကိုမဆို လက်ခံရဲရမယ်။ ကိုယ့်ကို ထောက်ခံမှုခံချင်သလို ကိုယ့်ကို ကန့်ကွက်တာကိုလဲ ခံရဲရပါမယ်။ နှစ်စဉ် ဇူလိုင် ၁၉ ရက်နေ့တိုင်း အလေးပြုရတဲ့ အာဇာနည်ခေါင်းဆောင်တွေထဲမှာ ဦးရာဇတ်နဲ့ ရဲဘော်ကိုထွေးဟာ ဘင်္ဂလားနွယ်ဖွားတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းတောင် သူ့ကပ်ဘိနက်ထဲမှာ ဘင်္ဂလားနွယ်ဖွားကို ထဲ့သွင်းခဲ့သေးရင် ဗိုလ်ချုပ်အောင်ဆန်းကို ချစ်ပါတယ် ကြည်ညိုပါတယ်၊ လေးစားပါတယ်လို့ ပါးစပ်က ပြောနေယုံနဲ့ လုံလောက်မယ် မထင်ပါဘူး။ ဒေါက်တာမောင်မောင်လက်ထပ် ၉၀ ရွေးကောက်ပွဲကို free & fair ကျင်းပနိုင်ဘို့ ကြပ်မတ်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဆရာချယ်ဆိုတာ ဘင်္ဂလားနွယ်ဖွားဖြစ်တယ်။ ဗမာ့တပ်မတော်အမြင့်ဆုံး စွမ်းဆောင်ရည်သတတိံဘွဲ့ ပိုင်ရှင် ကျဆုံးရဲဘော် ဆပ်မဟာဒူရိုင်း ဟာ ဂေါ်ရခါးကုလားဘဲ၊ ဒီလူဘာလို့မြန်မာပြည်အတွက် အသက်ပေးတိုက်ခဲ့တာလဲ။ မြန်မာပြည်သူတွေအတွက် သူ့အသက်ကို ဘာလို့ ပေးခဲ့တာလဲ၊ သူ့ခံယူချက်ကဘာလဲ၊ သာမာန်အသက်ပေးတိုက်ယုံနဲ့ အောင်ဆန်းသူရိယတော့ မရနိုင်ပါ။ သူရဲကောင်းပြီးမှ သူရ၊ သူရပြီးမှ သီဟသူရ၊ သီဟသူရပြီးမှ သာ အောင်ဆန်းသူရိယရရတာဖြစ်တယ်။ သူအသက်ပေးခဲ့တာ တန်ရဲ့လား၊ ဦးရာဇတ်တို့ ရဲဘော်ကိုထွေးတို့ အသက်ပေးခဲ့တာတန်ရဲ့လား၊ အခုမှ ဘင်္ဂလားနွယ်ဖွား သုံးခေါက်ချိုးတွေ ဝိုက်ကပ်တွေ လို့ ၇ှုတ်ချပြစ်တင်ကြမလား၊ စဉ်းစားသင့်ပါတယ်။ ခု ဆို ဘင်္ဂလီအရေး Hot ဖြစ်နေတဲ့အချိန်မှာ ဘယ်မီဒီယာမှ အမှန်ကို မထုတ်ဖေါ်ရဲပါဘူး။ အမုန်းမခံရဲပါဘူး။ အမျိုးသားရေးအကြောင်း၊ ဘာသာရေးအကြောင်းပြပြီး ပါတီစွဲနဲ့ အကြပ်ကိုင်ဘို့ အခွင့် အရေးတစ်ရပ်လို ဖြစ်နေပါတယ်။ ဒီ ၃ ခေါက်ချိုးတွေ ဝိုက်ကဒ်တွေ ဘယ်နှစ်ယောက် လွှတ်တော်ထဲ ရောက်လာနိုင်သလဲ??? သုံးလေးယောက်ထက်မပိုပါဘူး။ တပ်မတော်သားကိုယ်စားလှယ် ၂၅ % ထည်ထားခြင်းဖြင့် တပ်မတော်၏ ပြောခွင့်ဆိုခွင့်တွေ ရနေသလို ချောင်ပိတ်မိနေသောလူတွေကို ထွက်ပေါက်ပေးထားခြင်းဖြင့် ပြောခွင့် ဆိုခွင့်ရပြီး မကျေနပ်မှုများ၊ ပဋိပက္ခများကိုကို လျော့ပါးစေနိုင်မှာဖြစ်ပါတယ်။ နိုင်ရင်တော့ အကျယ်အကျယ် မငြိမ်းဖွယ်ထိမ်းမနိုင်သိမ်းမရဖြစ်ပြီး အုပ်ချုပ်သူများသာ အလုပ်ရှုပ်ကြမှာဖြစ်တဲ့အပြင် ယခုလို လူမျိုးရေးထိလွယ်ရှလွယ်အရေးတွေဖြစ်နေတဲ့အချိန်မျိုးမှာ ဒါမျိုးဥပဒေပြင်ဆင်ချက်ဟာ ဘယ်လိုမှ မပြုလုပ်သင့်တာမျိုးဖြစ်တဲ့အအတွက် ကန့်ကွက်ခဲ့ရခြင်းသာဖြစ်ပါတယ်ခင်ဗျား။

Tags: , , , , , , ,

One Response to “Myanmar MP U Hla Swe’s dream for the Rohingya, Myanmar Muslims and Myanmar-Chinese”

  1. aysekoc2120 Says:

    Is there any English translation for this text?

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: